မိန်းကလေးတိုင်းသိထားသင့်တဲ့ ယူတို့ရဲ့ ငယ်ရွယ်နုပျိုမှုကို ဖျက်စီးခဲ့ကြသူများ😒❌


2. ဆပ်ပြာ


3. ဖုန်း


4. အတွင်းခံ(Bras)




Unicode

ကိုယ့်ရဲ့ငယ်ရွယ်မှုနဲ့အလှပတရားကို ပျက်စီးစေတဲ့ အဓိကအကြောင်းတရားကြီးတွေက တစ်ခါတစ်လေကိုယ့်ဘေးမှာရှိနေပင်မဲ့ သတိမထားမိတတ်ကြပါဘူး။ဆိုတော့ ဘယ်လိုအရာတွေက ငယ်ရွယ်မှုနဲ့အလှပတရားတွေကို ထိခိုက်စေသလဲဆိုတာ…
1. သန့်ရှင်းလတ်ဆက်တဲ့လေလုံလောက်စွာမရရှိခြင်း
သန့်ရှင်းလတ်ဆက်တဲ့လေလုံလောက်စွာမရရှိခြင်း
တစ်ချို့သောသူတွေဟာ အသားရည်ထိခိုက်မှာဆိုးလို့မဲ့မှာဆိုးလို့ အချိန်တော်တော်ကြာကြာ အိမ်ထဲမှာပဲ အသားမွေးတာမျိုးလုပ်တတ်ကြပါတယ်။ ဒါဟာ နည်းလမ်းမှားတစ်ခုပါ။အပြင်ကနေရောင်ခြည်နဲ့သန့်ရှင်းလတ်ဆတ်တဲ့လေပြေလေညှင်းလေးတွေ ကို ထိတွေ့ခံစားမှုအားနည်းတာကြောင့် အသားရည်မွဲခြောက်ပြီး တစ်နေ့တစ်ခြားပိုပိုမြန်မြန်အိုလာစေပါတယ်။

2. ဆပ်ပြာ
ဆပ်ပြာ
ဆပ်ပြာကို မွှေးကြိုင်လန်းဆန်းဖို့နဲ့ သန့်ရှင်းဖို့အတွက်လူတိုင်းကအသုံးပြုကြပါတယ်။ ပြောချင်တာကသုံးသင့်တဲ့ပုံစံမျိုးစနစ်တကျသူ့နေရာနဲ့သူသူ့ပစ္စည်းနဲ့သူသုံးတာမျိုးမဟုတ်ပဲ ကိုယ်တိုက်ဆပ်ပြာကို မျက်နှာတိုက်တာမျိုးစသည်ဖြင့်ပြုလုပ်ခြင်းဟာ မလိုအပ်ပဲ အသားရည်ကို ပျက်စီးစေပြီး ပါးရေနားရေအတွန့်မြန်စေတယ်လို့သိရပါတယ်။ ဒါကြောင့်သူ့နေရာနဲ့သူသူ့limit နဲ့သူ ဆပ်ပြာကိုသုံးစွဲတတ်ဖို့လိုပါတယ်။

3. ဖုန်း
ဖုန်း
ဖုန်းဆိုတာ နေ့စဉ်နေ့တိုင်းလိုလိုစကားပြောကြစာတွေပို့ကြနဲ့မသုံးမဖြစ်ကိုသုံးနေရတာပါ။ သူမှာပါတဲ့အလင်းတွေက မျက်လုံးကိုထိခိုက်စေရုံသာမက မျက်နှာအသားရည်ကိုပါအနည်းငယ်ထိခိုက်မှုရှိစေတာမို့ သုံးတော့သုံး မျက်နှာနဲ့ခပ်ဝေးဝေးနဲ့ သိပ်အကြာကြီးမလိုအပ်ပဲ မသုံးသင့်ပါဘူး။

4. အတွင်းခံ(Bras)
အတွင်းခံ(Bras)
မိန်းကလေးတွေရဲ့ခန္ဓာကိုယ်အလှကို ထိခိုက်စေတဲ့အရာတွေထဲကတစ်ခုက အတွင်းခံ(bras) မဝတ်တတ်ခြင်းပါပဲ။ အတွင်းခံကို ကိုယ်နဲ့လိုက်ဖက်ညီတဲ့အရွယ်အစားပုံစံအတိုင်းရွေးချယ်ဝတ်ဆင်မှ ခန္ဓာကိုယ်အလှကို ထိန်းသိမ်း ထာနိုင်မှာပါ။ ပုံမကျပန်းမကျကြီးဝတ်ရင်းကနေ နောက်ပိုင်းလုံးဝခန္ဓာကိုယ်ပုံပျက်သွားနိုင်တာမို့အတွင်းခံကလည်းရွေးချယ်ဝတ်တတ်ဖို့အရမ်းအရေးပါပါတယ်။

5. အချိုများတဲ့အစားစာတွေ
အချိုများတဲ့အစားစာတွေ
အချိုများတဲ့အစားစာတွေဟာ ခန္ဓာကိုယ်ကိုအဆီတတ်စေပြီး အဝလွန်စေရုံသာမက အချိုဓာတ်များပြားမှုဟာ အသားရည်ရဲ့ချောမွတ်မှုဒဏ်ကိုလျော့ချပစ်တဲ့နေရာမှာဆရာကြီးမလို့ အချိုများတဲ့အစားစာတွေဟာလည်းနုပျိုခြင်းရဲ့ရန်သူပါပဲ။

289 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.