ပ်ိဳေမတို႕ရဲ႕ Period Time မွာနာက်င္မႈေလ်ာ႔နည္းေစေအာင္…👩😉😉

မိန္းကေလးတိုင္းအတြက္သဘာ၀လုိ႕ဆိုနိုင္သလို ၀န္ထုတ္၀န္ပိုျကီးတစ္ခုလုိလည္းျဖစ္ေစတဲ႔ ဓမၼတာလာျခင္းမွာတစ္ခ်ိဳ႕ေသာမိန္းကေလးေတြကမခံမရက္နိုင္ေအာင္နာက်င္ခံစားတတ္ျကပါတယ္။ ဒီလိုနာက်င္ျခင္းသက္သာေအာင္ဘယ္လုိနည္းေလးေတြသံုးျကည္႔သင္႔လဲဆိုတာ…
1. ပံုမွန္ေသြးအားတိုးေဆးတစ္ခုစြဲေသာက္ေပးပါ
တစ္ခ်ိဳ႕ေသာမိန္းကေလးေတြကေတာ႔ရာသီေသြးဆင္းတဲ႔အခ်ိန္မွာနာက်င္ကိုက္ခဲျခင္းမရွိေပမဲ႔တစ္ခ်ိဳ႕မိန္းကေလးေတြကေတာ႔ အရမ္းကို ဗိုက္ေတြေအာင္႔ခါးေတြကိုက္ရင္သားေတြတင္းျပီးေနရခက္တတ္ျကပါတယ္။ အဆိုးဆံုးကေတာ႔ ခါးကိုက္ျပီးဗိုက္ေအာင္႔တာပါပဲ။ မခံမရပ္နိုင္ေအာင္ဆီးစပ္ကေနေအာင္႔တတ္ျကပါတယ္။ ဒီလိုေတြျဖစ္တတ္တဲ႔သူဟာ ရာသီလာတဲ႔အခ်ိန္ျဖစ္ေစ မလာေသးတဲ႔အခ်ိန္ျဖစ္ေစေန႕စဥ္မွန္မွန္ေသြးအားတိုးေဆးတစ္ခုသို႕ အမိ်ဳးသမီးေရာဂါအတြက္သင္႔ေတာ္မဲ႔ေဆးတစ္မ်ိဳးကိုစြဲေသာက္သင္႔ပါတယ္။ ျဖစ္ေတာ႔မွာ အကိုက္ခဲေပ်ာက္ေဆး ေတြ ဗိုက္ေအာင္႔သက္သာေစတဲ႔ေဆးေတြ ေသာက္မဲ႔အစား ေသြးအားတိုးေဆးလို႕ေဆးမျပင္းတဲ႔အရာမ်ိဳးကို ပံုမွန္စြဲေသာက္ေပးျခင္းျဖင္႔တကယ္လာတဲ႔အခ်ိန္မွာနာက်င္ကိုက္ခဲမႈကိုေလ်ာ႕က်ေစပါတယ္။

2. ေဆးပူလိမ္းျပီးဗိုက္ေမွာက္အိပ္ပါ
အာ႔လို အခ်ိန္မွာေျခဖ်ားလက္ဖ်ားနဲ႕ဗိုက္ေတြခါးေတြကို ေဆးပူပူနဲ႕လိမ္းျပီးေမွာက္အိပ္တာမ်ိဳး၊ ေရေႏြးအိတ္ကိုဆီးစပ္နားကိုကပ္ေပးတာမ်ိဳးလုပ္ေပးသင္႔ပါတယ္။ ဒီလုိလုပ္ေပးျခင္းျဖင္႔ ခါးကိုက္တာ ဗိုက္ေအာင္႔တာသက္သာေစျပီး ခႏၶာကိုယ္ကို အေႏြးဓာတ္ရေစတာမို႕ ေသြးစီးဆင္းမႈအားပိုေကာင္းေစပါတယ္။

3. ေသြးအားေကာင္းတဲ႔အစားစာေတြမ်ားမ်ားစားေပးပါ
ဒီလုိခ်ိန္မွာေသြးအားေကာင္းေစမဲ႔ အစားစာေတြကိုမ်ားမ်ားစားေပးပါ။ အစားေကာင္းေကာင္း၀င္မွေသြးအားေကာင္းလာနိုင္ျပီး ေသြးအားေကာင္းနုိင္မွလည္း ဗိုက္ေအာင္႔ျခင္း၊ခါးကိုက္ျခင္းေတြကင္းေ၀ေစမွာမို႕ ေသြးအားေကာင္းေစတဲ႔အစားအစာေတြမ်ားမ်ားစားေပးပါ။

4. လာခံနီးတစ္ပတ္ေလာက္အလိုမွာ ခ်ဥ္ငန္စပ္စားတာေလ်ာ႔ပါ
လာေနတုန္းေရွာင္ရင္ရတာပဲလို႕မလုပ္ျကပါနဲ႕။ လာခံနီးတစ္ပတ္ေလာက္အလုိမွာ အခ်ဥ္အစပ္ေတြမ်ာ တရားစားထားမိျပီဆိုရင္ ဓမၼတာလာတဲ႔အခ်ိန္မွာ အဲ႔ဒဏ္ကို ခံရျပီသာမွတ္ပါ။

5. ဂ်င္းျပဳတ္ရည္ ေသာက္ေပးပါ
ဂ်င္းျပဳတ္ရည္ပူပူေလးကိုက်ိဳျပီးေသာက္ေပးသင္႔ပါတယ္။ ဂ်င္းျပဳတ္ရည္ေသာက္ျခင္းေျကာင္႔ ခႏၶာကိုယ္အတြင္းပိုင္းကို ပူေႏြးသြားေစတာေျကာင္႔ ေသြးလည္ပတ္မႈအားကိုပုိေကာင္းေစျပီးရာသီေသြးကို ဆင္းသင္႔သေလာက္ဆင္းေစပါတယ္။

Unicode

မိန်းကလေးတိုင်းအတွက်သဘာဝလို့ဆိုနိုင်သလို ဝန်ထုတ်ဝန်ပိုကြီးတစ်ခုလိုလည်းဖြစ်စေတဲ့ ဓမ္မတာလာခြင်းမှာတစ်ချို့သောမိန်းကလေးတွေကမခံမရက်နိုင်အောင်နာကျင်ခံစားတတ်ကြပါတယ်။ ဒီလိုနာကျင်ခြင်းသက်သာအောင်ဘယ်လိုနည်းလေးတွေသုံးကြည့်သင့်လဲဆိုတာ…
1. ပုံမှန်သွေးအားတိုးဆေးတစ်ခုစွဲသောက်ပေးပါ
တစ်ချို့သောမိန်းကလေးတွေကတော့ရာသီသွေးဆင်းတဲ့အချိန်မှာနာကျင်ကိုက်ခဲခြင်းမရှိပေမဲ့တစ်ချို့မိန်းကလေးတွေကတော့ အရမ်းကို ဗိုက်တွေအောင့်ခါးတွေကိုက်ရင်သားတွေတင်းပြီးနေရခက်တတ်ကြပါတယ်။ အဆိုးဆုံးကတော့ ခါးကိုက်ပြီးဗိုက်အောင့်တာပါပဲ။ မခံမရပ်နိုင်အောင်ဆီးစပ်ကနေအောင့်တတ်ကြပါတယ်။ ဒီလိုတွေဖြစ်တတ်တဲ့သူဟာ ရာသီလာတဲ့အချိန်ဖြစ်စေ မလာသေးတဲ့အချိန်ဖြစ်စေနေ့စဉ်မှန်မှန်သွေးအားတိုးဆေးတစ်ခုသို့ အမျိုးသမီးရောဂါအတွက်သင့်တော်မဲ့ဆေးတစ်မျိုးကိုစွဲသောက်သင့်ပါတယ်။ ဖြစ်တော့မှာ အကိုက်ခဲပျောက်ဆေး တွေ ဗိုက်အောင့်သက်သာစေတဲ့ဆေးတွေ သောက်မဲ့အစား သွေးအားတိုးဆေးလို့ဆေးမပြင်းတဲ့အရာမျိုးကို ပုံမှန်စွဲသောက်ပေးခြင်းဖြင့်တကယ်လာတဲ့အချိန်မှာနာကျင်ကိုက်ခဲမှုကိုလျော့ကျစေပါတယ်။

2. ဆေးပူလိမ်းပြီးဗိုက်မှောက်အိပ်ပါ
အာ့လို အချိန်မှာခြေဖျားလက်ဖျားနဲ့ဗိုက်တွေခါးတွေကို ဆေးပူပူနဲ့လိမ်းပြီးမှောက်အိပ်တာမျိုး၊ ရေနွေးအိတ်ကိုဆီးစပ်နားကိုကပ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ခါးကိုက်တာ ဗိုက်အောင့်တာသက်သာစေပြီး ခန္ဓာကိုယ်ကို အနွေးဓာတ်ရစေတာမို့ သွေးစီးဆင်းမှုအားပိုကောင်းစေပါတယ်။

3. သွေးအားကောင်းတဲ့အစားစာတွေများများစားပေးပါ
ဒီလိုချိန်မှာသွေးအားကောင်းစေမဲ့ အစားစာတွေကိုများများစားပေးပါ။ အစားကောင်းကောင်းဝင်မှသွေးအားကောင်းလာနိုင်ပြီး သွေးအားကောင်းနိုင်မှလည်း ဗိုက်အောင့်ခြင်း၊ခါးကိုက်ခြင်းတွေကင်းဝေစေမှာမို့ သွေးအားကောင်းစေတဲ့အစားအစာတွေများများစားပေးပါ။

4. လာခံနီးတစ်ပတ်လောက်အလိုမှာ ချဉ်ငန်စပ်စားတာလျော့ပါ
လာနေတုန်းရှောင်ရင်ရတာပဲလို့မလုပ်ကြပါနဲ့။ လာခံနီးတစ်ပတ်လောက်အလိုမှာ အချဉ်အစပ်တွေမျာ တရားစားထားမိပြီဆိုရင် ဓမ္မတာလာတဲ့အချိန်မှာ အဲ့ဒဏ်ကို ခံရပြီသာမှတ်ပါ။

5. ဂျင်းပြုတ်ရည် သောက်ပေးပါ
ဂျင်းပြုတ်ရည်ပူပူလေးကိုကျိုပြီးသောက်ပေးသင့်ပါတယ်။ ဂျင်းပြုတ်ရည်သောက်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းကို ပူနွေးသွားစေတာကြောင့် သွေးလည်ပတ်မှုအားကိုပိုကောင်းစေပြီးရာသီသွေးကို ဆင်းသင့်သလောက်ဆင်းစေပါတယ်။

343 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.