ခ်စ္သူေကာင္ေလးကုိ ကုိယ့္မိဘေတြသေဘာက်လက္ခံလာေအာင္…💕

ကုိယ့္မိဘေတြက ကုိယ့္ခ်စ္သူေကာင္ေလးနဲ႔ပတ္သက္ျပီးအဆုိးျမင္မွာ၊သေဘာမက်မွာ၊သူနဲ႔ဆုိသေဘာမတူဘူးဆုိတာေတြျဖစ္မွာ စုိးရိမ္တတ္ၾကတာမိန္းကေလးတုိင္းပါပဲ။ကုိယ့္မိဘေတြကလည္း သူ႔ကုိသေဘာက်တယ္ဆုိမွ ေရွ႔ဆက္မယ့္ခရီးကေခ်ာေမြ႔မယ္မဟုတ္လား။ဒါေၾကာင့္ ကုိယ့္ခ်စ္သူေကာင္ေလးကုိမိဘေတြသေဘာက်ႏွစ္သက္ေအာင္ ဒီအဓိကအခ်က္ ၄ခ်က္ကုိသိထားဖုိ႔လိုအပ္ပါတယ္။

*ပထမဆံုး မိဘေတြကုိအသိေပးပါ
ရုတ္တရက္ၾကီးမေျပာမဆုိေပါက္ခ်လာျပီး ဒါသမီးခ်စ္သူ ေမေမလို႔မိတ္ဆက္ေပးတာမ်ိဳး လံုး၀မလုပ္မိပါေစနဲ႔ေနာ္။မိဘေတြအတြက္လည္း စိတ္ျပင္ဆင္ခ်ိန္ဆိုတာလိုပါတယ္။ဒါေၾကာင့္ ကုိယ့္ခ်စ္သူနဲ႔မိတ္မဆက္ေပးခင္မွာ သူကေတာ့ ဘယ္လိုလူမ်ိဳးပါ၊ကုိယ့္အေပၚလည္းဘယ္လိုသေဘာထားတာ၊သူ႔ရဲ႔အလုပ္အကုိင္အရည္အခ်င္းကဘယ္လို၊ခ်စ္သူေတြျဖစ္ေနတာ ဘယ္ေလာက္ၾကာျပီလဲဆုိတာေတြေျပာျပပါ။မိဘေတြသေဘာတူတာ မတူတာေတြကုိစိတ္ပူမေနပဲ စိတ္ေအးေအးထားျပီး ယဥ္ေက်းစြာေဆြးေႏြးပါ။အဓိကက သူက ကုိယ့္အေပၚဘယ္လုိေကာင္းမြန္တယ္ဆုိတဲ႔အေၾကာင္း၊သူ႔ကုိကုိယ္က ဘာေတြသေဘာက်တယ္ဆုိတဲ႔အေၾကာင္း၊ဒီ Relationship ေၾကာင့္အလုပ္ကုိေရာ၊ပညာေရးကုိပါ မထိခိုက္ေစေၾကာင္း အသားေပးေျပာျပပါ။ဘယ္မိဘမဆုိ ကုိယ့္သားသမီးကုိ
စိတ္ခ်မ္းသာေအာင္၊လံုျခံဳေအာင္ထားတဲ႔ေယာက်္ားေလးမ်ိဳးကုိ သေဘာက်ၾကပါတယ္။

*သူတုိ႔ရဲ႔ အျမင္ကုိနားေထာင္ပါ
မိဘေတြက ကုိယ့္ခ်စ္သူကုိသေဘာမက်ဘူး၊သေဘာမတူဘူးစတဲ႔အဆုိးျမင္စကားေတြက ကုိယ့္ကုိစိတ္ညစ္ေစ၊စိတ္တုိေစတာျဖစ္ေစႏုိင္ပါတယ္။ဒါေပမဲ႔သူတုိ႔မွာလည္းသူတုိ႔အျမင္ကုိေျပာျပခြင့္၊သူတုိ႔သေဘာထားကုိေျပာခြင့္ရွိပါတယ္။သူတုိ႔မွာကုိယ့္ခ်စ္သူနဲ႔အရင္ကျပႆနာေတြရွိခဲ႔ဖူးလား၊ဒါမွမဟုတ္ ကုိယ့္ကုိဒုကၡေပးမွာ၊တကယ္မခ်စ္မွာကုိသူတုိ႔စုိးရိမ္ေနတာလား?စသျဖင့္ ေသခ်ာပြင့္ပြင့္လင္းလင္းေဆြးေႏြးဖုိ႔လိုအပ္ပါတယ္။

*ခ်က္ခ်င္းတံု႔ျပန္ေျဖရွင္းတာမ်ိဳးလံုး၀မလုပ္ပါနဲ႔
မိဘေတြက ကုိယ့္ခ်စ္သူနဲ႔ပတ္သက္လို႔တစ္ခုခုမေကာင္းတာေျပာလိုက္တဲ႔အခါ ၀ူး၀ူး၀ါး၀ါးထလုပ္တာမ်ိဳး၊ဆႏၵျပတာမ်ိဳးလံုး၀မလုပ္ပါနဲ႔။ဒါက ပုိဆုိးသြားေစတာပဲရွိတာပါ။မိဘေတြလည္းစိတ္ဆင္းရဲရတယ္။ကုိယ္လည္း စိတ္ညစ္ရတယ္။ဒါေၾကာင့္ ကုိယ့္ခ်စ္သူအေပၚမေကာင္းျမင္စကားေျပာတဲ႔အခါ အရြဲ႔တိုက္တာမ်ိဳး၊မိဘေတြကုိစိတ္ဆင္းရဲေအာင္ေျပာတာမ်ိဳးလံုး၀မလုပ္မိပါေစနဲ႔။ကုိယ္ေျပာရမွာက သူတုိ႔ဆီကေ၀ဖန္တာထက္ အားေပးမႈကိုပုိျပီးလိုအပ္တဲ႔အေၾကာင္း၊သူတုိ႔ထင္သလို သူက ကုုိယ့္အေပၚမွာအႏုိင္ယူတဲ႔သူမဟုတ္တဲ႔အေၾကာင္းေအးေအးေဆးေဆးေျပာျပပါ။မိဘဆုိတာကုိယ့္သားသမီးစိတ္ဆင္းရဲတာကုိ ပထမဆံုး မျမင္ခ်င္တဲ႔သူေတြပါ။သူတုိ႔နားလည္မႈလြဲေနရင္ေတာင္ကုိယ္က ကုိယ္လိုခ်င္တဲ႔အရာကုိ ေအးေအးေဆးေဆးရွင္းျပေျပာျပဖုိ႔လိုအပ္ပါတယ္။

*သူတုိ႔ရဲ႔စုိးရိမ္မႈကုိ တေလးတစားတံု႔ျပန္ပါ
လူၾကီးေတြဆုိတာကေတာ့ အျမဲတမ္းစုိးရိမ္ပူပန္ေနမွာပါပဲ။ဒါကုိ အျပစ္တစ္ခုလိုျမင္ေနလုိ႔မရပါဘူး။ကုိယ္နဲ႔ကုိယ့္ခ်စ္သူကုိသေဘာမတူဘူးဆုိတာနဲ႔ရုိင္းရုိင္းစုိင္းစိုင္းတံု႔ျပန္တာမ်ိဳး၊မိဘေတြသေဘာမတူလည္းလုပ္ခ်င္ရာလုပ္မယ္လုိ႔ေျပာတာမ်ိဳးက ကုိယ့္ခ်စ္သူေကာင္ေလးအေပၚ ပုိျပီးအျမင္ဆုိးေစပါတယ္။ဒါေၾကာင့္ ကုိယ္က စိတ္ရွည္ရမယ္။ရင့္က်က္ရမယ္။ေလးစားမႈရွိရမယ္။အဲ႔ဒါက ကုိယ္က ကုိယ့္ခ်စ္သူနဲ႔အဆင္ေျပေျပေရွ႔ဆက္ႏုိင္မယ္ဆုိတာယံုၾကည္ျပီးကုိယ့္ခ်စ္သူအေပၚလည္းအေကာင္းျမင္ေပးဖုိ႔အခြင့္အေရးေပးမွာျဖစ္ပါတယ္။

ဒီအခ်က္ေလးေတြကုိေသခ်ာသတိထားျပီးလုပ္မယ္ဆုိရင္ေတာ ့မိဘေတြက သင့္ခ်စ္သူေကာင္ေလးကုိ သေဘာက်ျပီးလက္ခံလာမွာအေသအခ်ာပါပဲ 💗

Unicode

ကိုယ့်မိဘတွေက ကိုယ့်ချစ်သူကောင်လေးနဲ့ပတ်သက်ပြီးအဆိုးမြင်မှာ၊သဘောမကျမှာ၊သူနဲ့ဆိုသဘောမတူဘူးဆိုတာတွေဖြစ်မှာ စိုးရိမ်တတ်ကြတာမိန်းကလေးတိုင်းပါပဲ။ကိုယ့်မိဘတွေကလည်း သူ့ကိုသဘောကျတယ်ဆိုမှ ရှေ့ဆက်မယ့်ခရီးကချောမွေ့မယ်မဟုတ်လား။ဒါကြောင့် ကိုယ့်ချစ်သူကောင်လေးကိုမိဘတွေသဘောကျနှစ်သက်အောင် ဒီအဓိကအချက် ၄ချက်ကိုသိထားဖို့လိုအပ်ပါတယ်။

*ပထမဆုံး မိဘတွေကိုအသိပေးပါ
ရုတ်တရက်ကြီးမပြောမဆိုပေါက်ချလာပြီး ဒါသမီးချစ်သူ မေမေလို့မိတ်ဆက်ပေးတာမျိုး လုံးဝမလုပ်မိပါစေနဲ့နော်။မိဘတွေအတွက်လည်း စိတ်ပြင်ဆင်ချိန်ဆိုတာလိုပါတယ်။ဒါကြောင့် ကိုယ့်ချစ်သူနဲ့မိတ်မဆက်ပေးခင်မှာ သူကတော့ ဘယ်လိုလူမျိုးပါ၊ကိုယ့်အပေါ်လည်းဘယ်လိုသဘောထားတာ၊သူ့ရဲ့အလုပ်အကိုင်အရည်အချင်းကဘယ်လို၊ချစ်သူတွေဖြစ်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာတွေပြောပြပါ။မိဘတွေသဘောတူတာ မတူတာတွေကိုစိတ်ပူမနေပဲ စိတ်အေးအေးထားပြီး ယဉ်ကျေးစွာဆွေးနွေးပါ။အဓိကက သူက ကိုယ့်အပေါ်ဘယ်လိုကောင်းမွန်တယ်ဆိုတဲ့အကြောင်း၊သူ့ကိုကိုယ်က ဘာတွေသဘောကျတယ်ဆိုတဲ့အကြောင်း၊ဒီ Relationship ကြောင့်အလုပ်ကိုရော၊ပညာရေးကိုပါ မထိခိုက်စေကြောင်း အသားပေးပြောပြပါ။ဘယ်မိဘမဆို ကိုယ့်သားသမီးကို
စိတ်ချမ်းသာအောင်၊လုံခြုံအောင်ထားတဲ့ယောကျ်ားလေးမျိုးကို သဘောကျကြပါတယ်။

*သူတို့ရဲ့ အမြင်ကိုနားထောင်ပါ
မိဘတွေက ကိုယ့်ချစ်သူကိုသဘောမကျဘူး၊သဘောမတူဘူးစတဲ့အဆိုးမြင်စကားတွေက ကိုယ့်ကိုစိတ်ညစ်စေ၊စိတ်တိုစေတာဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့သူတို့မှာလည်းသူတို့အမြင်ကိုပြောပြခွင့်၊သူတို့သဘောထားကိုပြောခွင့်ရှိပါတယ်။သူတို့မှာကိုယ့်ချစ်သူနဲ့အရင်ကပြဿနာတွေရှိခဲ့ဖူးလား၊ဒါမှမဟုတ် ကိုယ့်ကိုဒုက္ခပေးမှာ၊တကယ်မချစ်မှာကိုသူတို့စိုးရိမ်နေတာလား?စသဖြင့် သေချာပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုအပ်ပါတယ်။

*ချက်ချင်းတုံ့ပြန်ဖြေရှင်းတာမျိုးလုံးဝမလုပ်ပါနဲ့
မိဘတွေက ကိုယ့်ချစ်သူနဲ့ပတ်သက်လို့တစ်ခုခုမကောင်းတာပြောလိုက်တဲ့အခါ ဝူးဝူးဝါးဝါးထလုပ်တာမျိုး၊ဆန္ဒပြတာမျိုးလုံးဝမလုပ်ပါနဲ့။ဒါက ပိုဆိုးသွားစေတာပဲရှိတာပါ။မိဘတွေလည်းစိတ်ဆင်းရဲရတယ်။ကိုယ်လည်း စိတ်ညစ်ရတယ်။ဒါကြောင့် ကိုယ့်ချစ်သူအပေါ်မကောင်းမြင်စကားပြောတဲ့အခါ အရွဲ့တိုက်တာမျိုး၊မိဘတွေကိုစိတ်ဆင်းရဲအောင်ပြောတာမျိုးလုံးဝမလုပ်မိပါစေနဲ့။ကိုယ်ပြောရမှာက သူတို့ဆီကဝေဖန်တာထက် အားပေးမှုကိုပိုပြီးလိုအပ်တဲ့အကြောင်း၊သူတို့ထင်သလို သူက ကုုိယ့်အပေါ်မှာအနိုင်ယူတဲ့သူမဟုတ်တဲ့အကြောင်းအေးအေးဆေးဆေးပြောပြပါ။မိဘဆိုတာကိုယ့်သားသမီးစိတ်ဆင်းရဲတာကို ပထမဆုံး မမြင်ချင်တဲ့သူတွေပါ။သူတို့နားလည်မှုလွဲနေရင်တောင်ကိုယ်က ကိုယ်လိုချင်တဲ့အရာကို အေးအေးဆေးဆေးရှင်းပြပြောပြဖို့လိုအပ်ပါတယ်။

*သူတို့ရဲ့စိုးရိမ်မှုကို တလေးတစားတုံ့ပြန်ပါ
လူကြီးတွေဆိုတာကတော့ အမြဲတမ်းစိုးရိမ်ပူပန်နေမှာပါပဲ။ဒါကို အပြစ်တစ်ခုလိုမြင်နေလို့မရပါဘူး။ကိုယ်နဲ့ကိုယ့်ချစ်သူကိုသဘောမတူဘူးဆိုတာနဲ့ရိုင်းရိုင်းစိုင်းစိုင်းတုံ့ပြန်တာမျိုး၊မိဘတွေသဘောမတူလည်းလုပ်ချင်ရာလုပ်မယ်လို့ပြောတာမျိုးက ကိုယ့်ချစ်သူကောင်လေးအပေါ် ပိုပြီးအမြင်ဆိုးစေပါတယ်။ဒါကြောင့် ကိုယ်က စိတ်ရှည်ရမယ်။ရင့်ကျက်ရမယ်။လေးစားမှုရှိရမယ်။အဲ့ဒါက ကိုယ်က ကိုယ့်ချစ်သူနဲ့အဆင်ပြေပြေရှေ့ဆက်နိုင်မယ်ဆိုတာယုံကြည်ပြီးကိုယ့်ချစ်သူအပေါ်လည်းအကောင်းမြင်ပေးဖို့အခွင့်အရေးပေးမှာဖြစ်ပါတယ်။

ဒီအချက်လေးတွေကိုသေချာသတိထားပြီးလုပ်မယ်ဆိုရင်တော ့မိဘတွေက သင့်ချစ်သူကောင်လေးကို သဘောကျပြီးလက်ခံလာမှာအသေအချာပါပဲ 💗

181 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.