ချစ်သူစုံတွဲတွေကြားယုံကြည်မှုကင်းမဲ့သွားတဲ့အခါ…🙃🙃😒
Unicode
တစ်ခါတစ်ရံလောကကြီးတွေမှာထင်မထားတဲ့လူတွေဆီကနေ ထင်မထားတဲ့အရာတွေရလာတတ်လာတတ်ပါတယ်။  ကိုယ်အယုံကြည်ရဆုံးသောသူတွေ ကိုယ်တန်ဖိုးထားရဆုုံးသောသူတွေဆီကနေအလိမ်ခံ အလှည့်စားခံရပြီး မထင်ရက်စရာတွေဖြစ်လာတဲ့အခါပိုလို့ကိုနာကျင်ခံစားရပါတယ်။ သူမလို့ငါ့အပေါ်လုပ်ရက်တယ်ဟာ၊ သူမလို့ငါ့အပေါ်လှည့်စားရက်တယ်ဟာ ဆိုတဲ့အတွေးတွေနဲ့ စဉ်းစားရင်းနဲ့ကိုနာကျဉ်းမိနေတာပါ။ မသိတဲ့သူတွေကတော့ထင်မယ် ကိုယ့်အပေါ်မကောင်းတာပဲ မေ့လိုက်ပေါ့ဘာလို့အပင်ပန်းခံပြီးခံစားနေတာလဲပေါ့…ဒီလိုFeeling မျိုးကိုခံရတဲ့သူတွေကသာသိတာပါ၊ ခံဖူးတဲ့သူတွေသာကိုယ်ချင်းစာနိုင်မှာပါ။ အထူးသဖြင့်ချစ်သူရည်းစားတွေဆီက အလှည့်စားခံရတာအဆိုးဆုံးပါ။ ကိုယ်ကတော့ထားလိုက်ရတာမေတ္တာတွေ ကိုယ်ကတော့ပေးလိုက်ရတာအချစ်တွေ ကိုယ်ကတော့ ထားလိုက်ရတဲ့ဘဝမျှော်လင့်ချက်တွေ၊ ကိုယ်ကဒီလိုတွေကြိုးစားသလောက်သူကတော့ ကိုယ်မထားတဲ့ ဖောက်ပြန်မှုမျိုး၊ ကိုယ်မထင်ထားတဲ့ စိတ်ကစားမှုတွေနဲ့ ပျော်မွေ့နေတာမျိုးကို ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်တစ်ခုခုလုပ်ချင်စိတ်ပေါက်လာမိမှာအသေချာပါပဲ…
ဒီလိုအချစ်စိတ်နှစ်ပြီးချစ်ထားတဲ့သူတစ်ယောက်ဟာ ရင်ထဲနာကျင်ခံစားသွားရတဲ့အခါ အရင်လိုအချစ်တွေမထားနိုင်တော့ဘူး(အရင်လောက်မချစ်တော့ဘူး)၊ အရင်လို တစ်အားကြီးစိတ်မနှစ်ဖြစ်တော့ပဲ စိတ်ကုန်သွားသလိုခံစားမိပါလိမ့်မယ်။ ဒါကြောင့် ဘယ်RS မျိုးအတွဲမျိုးမှာပဲဖြစ်ဖြစ် အရေးကြီးဆုံးကနားလည်မှုနဲ့ ယုံကြည်မှုပါပဲ။ တစ်ယောက်ယောက်နဲ့တစ်ယောက်နားလည်မှုမရှိရင် ရှေ့ဆက်ဖို့အဆင်မပြေသလို ယုံကြည်မှုပျောက်ကွယ်သွားရင်လည်း ဘယ်လိုမှပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့ဆက်နိုင်မှာမဟုတ်တော့ပါဘူး။ ဒါကြောင့်ကိုယ်တစ်ကယ်ချစ်တဲ့သူနဲ့ပြဿနာမဖြစ်ပဲအေးအေးချမ်းချမ်းနေချင်တယ်ဆိုရင်တော့ တစ်ယောက်ပေါ်တစ်ယောက်နားလည်ပေးပြီး ယုံကြည်မှုမပျက်ပြားပဲ သစ္စာရှိရှိနေတတ်ဖို့ကြိုးစားနေထိုင်သင့်ပါတယ်…
139 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.