ရုိးရွင္းလြယ္ကူတဲ႔အိမ္တြင္းမႈေရးရာအျဖာျဖာ…😎

အိမ္သန္႔ရွင္းေရးလုပ္ဖု႔ိ အခ်ိန္ေတြအမ်ားၾကီးေပးေနရျပီလား။ေလ့လာခ်က္ေတြအရဆုိရင္ ဒီလိုအိမ္သန္႔ရွင္းေရးေတြ၊အိမ္အလုပ္ေတြလုပ္ရတာ မိန္းကေလးေတြအတြက္ ၂.၆နာရီၾကာျမင့္ျပီး ေယာက်ာ္းေလးေတြကေတာ့ ၂.၁နာရီၾကာျမင့္ပါတယ္တဲ႔။အခ်ိန္ေတြအၾကာၾကီးလုပ္ေနရရင္ အဆင္မေျပ
ဘူးေလေနာ္။ဒါေၾကာင့္ Trend ပရိသတ္ၾကီးအတြက္ ျမန္လည္းျမန္မယ္။အလုပ္လည္းတြင္မယ့္လြယ္ကူတဲ႔နည္းလမ္းေလးတစ္ခ်ိဳ႔ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

*၀ုိင္နီေတြစြန္းကုန္ျပီ! 🍹

၀ုိင္နီစြန္းရင္ ၀ုိင္ျဖဴနဲ႔ျပန္ေဆး ျပန္ေလ်ွာ္ရတယ္လုိ႔ၾကားဖူးေပမဲ႔ အဲ႔ေလာက္ၾကီးအကုန္မခံပါဘူးေနာ္။အျမန္ဆံုးနဲ႔အသန္႔ရွင္းဆံုးနည္းလမ္းေလးက စြန္းထင္းသြားတဲ႔ေနရာတစ္၀ုိက္ကုိ ဆားျဖဴးလိုက္ပါ။အခ်ိန္ခဏေလးေစာင့္လုိက္မယ္ဆိုရင္ ဆားက ၀ုိင္နီေတြကုိစုပ္ယူသြားပါလိမ့္မယ္။ျပီးတဲ႔အခါက်မွ ဆပ္ျပာေလးနဲ႔ေလ်ွာ္ဖြပ္လိုက္ရံုပါပဲ။အခ်ိန္ဆြဲေနေလ ၀ုိင္နီေတြခြ်တ္ရခက္ေလပါပဲ။

*အက်ီမွာ မွင္ေတြစြန္းကုန္ရင္ ဘယ္လိုလုပ္မလဲ? 🤔

အက်ီအိတ္မွာေဘာပင္န္ထည့္တတ္တဲ႔သူေတြမၾကာခဏၾကံဳရတဲ႔ကိစၥတစ္ခုပါပဲ။ဒါေပမဲ႔မပူပါနဲ႔ေတာ့။ဒီမွင္ေတြကုိဖ်က္ဖုိ႔ အရုိးရွင္းဆံုးနည္းလမ္းက အဲ႔အစြန္းအကြက္ေနရာကုိ အရက္အနညး္ငယ္ျဖန္းလိုက္ပါ။ျပီးရင္ ၁၅မိနစ္ေလာက္အရက္ထဲမွာစိမ္ထားပါ။အေရာင္ေတြကြ်တ္သြားျပီဆုိ ေလ်ွာ္ေနက်အတိုင္းေလ်ွာ္ေပးလိုက္ရံုပါပဲ။

*ေရခဲေသတၱာကုိအခ်ိန္အၾကာၾကီးသန္႔ရွင္းေနေစခ်င္ရင္…😎

ေရခဲေသတၱာတစ္ပတ္တစ္ခါသန္႔ရွင္းေရးလုပ္ရမယ့္အစား ႏွစ္ပတ္တစ္ခါမွဆုိရင္ အိမ္ရွင္မေတြ ေတာ္ေတာ္သက္သာသြားမွာပါ။ဒီေတာ့ဘယ္လိုလုပ္ၾကမလဲ?ေရခဲေသတၱာတစ္ထပ္စီမွာ fridge mat ေလးေတြထားေပးရံုပါပဲ။ဒါေလးေတြခင္းေပးထားရင္ တစ္ပတ္နဲ႔ညစ္ေပရႈပ္ပြတာက ၂ပတ္ေလာက္သန္႔ရွင္းေနပါလိမ့္မယ္။အဲ႔အခင္းေလးေတြညစ္ပတ္သြားရင္ အဲ႔ဒါေလးေတြယူျပီးေလ်ွာ္၊ျပီးရင္ျပန္ခင္းေပးလုိက္ေပါ့။ဒါဆုိ ေရခဲေသတၱာကုိတုိက္ခြ်တ္ေပးရတာသက္သာသြားတာေပါ့။

*ေၾကြထည္ အိုး၊ပန္းကန္ေတြေပၚက ျခစ္ရာစင္းရာေတြဖယ္မယ္ 😇

ကုိယ့္အၾကိဳက္ဆံုးေၾကြပန္းကန္ေလး၊ေၾကြအုိးေလးအေပၚမွာျခစ္ရာစင္းရာေတြရွိေနျပီလား?မပူပါနဲ႔။မုန္႔ဖုတ္ဆုိဒါ စားပြဲတင္ဇြန္းသံုးဇြန္းကုိ ေရနဲ႔ခပ္ပ်စ္ပ်စ္ေလးေဖ်ာ္၊ျပီးရင္ အစင္းရာအျခစ္ရာေတြေပၚမွာသုတ္လိုက္ပါ။ခဏၾကာရင္ ေရစြတ္ထားတဲ႔အ၀တ္စေလးနဲ႔သုတ္ခ်ေပးလုိက္ရံုပါပဲ။အစင္းရာအျခစ္ရာေတြေပ်ာက္သြားပါလိမ့္မယ္။

*အနံ႔ဆုိးထြက္ေနတဲ႔မ်က္ႏွာသုတ္ပု၀ါေတြ သန္႔ရွင္းမယ္ 🧐

သိမ္းထားတာၾကာျပီျဖစ္တဲ႔မ်က္ႏွာသုတ္ပု၀ါေတြဟာ တစ္ခါတစ္ေလ အနံ႔တစ္မ်ိဳးမ်ိဳးထြက္ေနတတ္ပါတယ္။ပံုမွန္ေလ်ွာ္ဖြပ္ျခင္းမရွိတဲ႔အခါေတြမွာလည္း အနံ႔ဆုိးေတြထြက္လာတတ္ပါတယ္။ဒီေတာ့ မ်က္ႏွာသုတ္ပု၀ါအနံ႔ဆုိးေတြကင္းစင္သြားေအာင္ မုန္႔ဖုတ္ဆုိဒါ ခြက္တစ္၀က္ကုိယူ၊အ၀တ္ေလ်ွာ္စက္ထဲ မ်က္ႏွာသုတ္ပု၀ါေတြေရာ၊မုန္႔ဖုတ္ဆုိဒါတစ္၀က္ကုိပါေရာထည့့္ျပီးေလ်ွာ္ဖြပ္လိုက္ပါ။

*ညစ္ပတ္ေနတဲ႔ေဘစင္ 🤔

ညစ္ေပေနတဲ႔အစြန္းေတြက ေတာ္ရံုဆပ္ျပာမႈန္႔အစြမ္းေလာက္နဲ႔မရပါဘူး။ျမန္ျမန္ဆန္ဆန္နဲ႔သန္႔ရွင္းသြားေအာင္ ဆပ္ျပာမႈန္႔အစား ရွာလကာရည္ကုိသံုးျပီးေဖာ့တံုုးနဲ႔လိုက္သုတ္လိုက္ပါ။၅မိနစ္ေလာက္ထားျပီး ဆပ္ျပာနဲ႔ေသခ်ာျပန္သန္႔စင္လုိက္ရင္ သန္႔ရွင္းသြားပါလိမ့္မယ္။ရွာလကာရည္မ်ားမ်ားသုတ္ထားရင္ပုိေကာင္းပါတယ္။

ကဲ လြယ္ကူတဲ႔နည္းေလးေတြျဖစ္လုိ႔ ေသခ်ာမွတ္ထားၾကေနာ္ 😉

Unicode

အိမ်သန့်ရှင်းရေးလုပ်ဖို့ အချိန်တွေအများကြီးပေးနေရပြီလား။လေ့လာချက်တွေအရဆိုရင် ဒီလိုအိမ်သန့်ရှင်းရေးတွေ၊အိမ်အလုပ်တွေလုပ်ရတာ မိန်းကလေးတွေအတွက် ၂.၆နာရီကြာမြင့်ပြီး ယောကျာ်းလေးတွေကတော့ ၂.၁နာရီကြာမြင့်ပါတယ်တဲ့။အချိန်တွေအကြာကြီးလုပ်နေရရင် အဆင်မပြေ
ဘူးလေနော်။ဒါကြောင့် Trend ပရိသတ်ကြီးအတွက် မြန်လည်းမြန်မယ်။အလုပ်လည်းတွင်မယ့်လွယ်ကူတဲ့နည်းလမ်းလေးတစ်ချို့ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

*ဝိုင်နီတွေစွန်းကုန်ပြီ! 🍹

ဝိုင်နီစွန်းရင် ဝိုင်ဖြူနဲ့ပြန်ဆေး ပြန်လျှော်ရတယ်လို့ကြားဖူးပေမဲ့ အဲ့လောက်ကြီးအကုန်မခံပါဘူးနော်။အမြန်ဆုံးနဲ့အသန့်ရှင်းဆုံးနည်းလမ်းလေးက စွန်းထင်းသွားတဲ့နေရာတစ်ဝိုက်ကို ဆားဖြူးလိုက်ပါ။အချိန်ခဏလေးစောင့်လိုက်မယ်ဆိုရင် ဆားက ဝိုင်နီတွေကိုစုပ်ယူသွားပါလိမ့်မယ်။ပြီးတဲ့အခါကျမှ ဆပ်ပြာလေးနဲ့လျှော်ဖွပ်လိုက်ရုံပါပဲ။အချိန်ဆွဲနေလေ ဝိုင်နီတွေချွတ်ရခက်လေပါပဲ။

*အကျီမှာ မှင်တွေစွန်းကုန်ရင် ဘယ်လိုလုပ်မလဲ? 🤔

အကျီအိတ်မှာဘောပင်န်ထည့်တတ်တဲ့သူတွေမကြာခဏကြုံရတဲ့ကိစ္စတစ်ခုပါပဲ။ဒါပေမဲ့မပူပါနဲ့တော့။ဒီမှင်တွေကိုဖျက်ဖို့ အရိုးရှင်းဆုံးနည်းလမ်းက အဲ့အစွန်းအကွက်နေရာကို အရက်အနညး်ငယ်ဖြန်းလိုက်ပါ။ပြီးရင် ၁၅မိနစ်လောက်အရက်ထဲမှာစိမ်ထားပါ။အရောင်တွေကျွတ်သွားပြီဆို လျှော်နေကျအတိုင်းလျှော်ပေးလိုက်ရုံပါပဲ။

*ရေခဲသေတ္တာကိုအချိန်အကြာကြီးသန့်ရှင်းနေစေချင်ရင်…😎

ရေခဲသေတ္တာတစ်ပတ်တစ်ခါသန့်ရှင်းရေးလုပ်ရမယ့်အစား နှစ်ပတ်တစ်ခါမှဆိုရင် အိမ်ရှင်မတွေ တော်တော်သက်သာသွားမှာပါ။ဒီတော့ဘယ်လိုလုပ်ကြမလဲ?ရေခဲသေတ္တာတစ်ထပ်စီမှာ fridge mat လေးတွေထားပေးရုံပါပဲ။ဒါလေးတွေခင်းပေးထားရင် တစ်ပတ်နဲ့ညစ်ပေရှုပ်ပွတာက ၂ပတ်လောက်သန့်ရှင်းနေပါလိမ့်မယ်။အဲ့အခင်းလေးတွေညစ်ပတ်သွားရင် အဲ့ဒါလေးတွေယူပြီးလျှော်၊ပြီးရင်ပြန်ခင်းပေးလိုက်ပေါ့။ဒါဆို ရေခဲသေတ္တာကိုတိုက်ချွတ်ပေးရတာသက်သာသွားတာပေါ့။

*ကြွေထည် အိုး၊ပန်းကန်တွေပေါ်က ခြစ်ရာစင်းရာတွေဖယ်မယ် 😇

ကိုယ့်အကြိုက်ဆုံးကြွေပန်းကန်လေး၊ကြွေအိုးလေးအပေါ်မှာခြစ်ရာစင်းရာတွေရှိနေပြီလား?မပူပါနဲ့။မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းသုံးဇွန်းကို ရေနဲ့ခပ်ပျစ်ပျစ်လေးဖျော်၊ပြီးရင် အစင်းရာအခြစ်ရာတွေပေါ်မှာသုတ်လိုက်ပါ။ခဏကြာရင် ရေစွတ်ထားတဲ့အဝတ်စလေးနဲ့သုတ်ချပေးလိုက်ရုံပါပဲ။အစင်းရာအခြစ်ရာတွေပျောက်သွားပါလိမ့်မယ်။

*အနံ့ဆိုးထွက်နေတဲ့မျက်နှာသုတ်ပုဝါတွေ သန့်ရှင်းမယ် 🧐

သိမ်းထားတာကြာပြီဖြစ်တဲ့မျက်နှာသုတ်ပုဝါတွေဟာ တစ်ခါတစ်လေ အနံ့တစ်မျိုးမျိုးထွက်နေတတ်ပါတယ်။ပုံမှန်လျှော်ဖွပ်ခြင်းမရှိတဲ့အခါတွေမှာလည်း အနံ့ဆိုးတွေထွက်လာတတ်ပါတယ်။ဒီတော့ မျက်နှာသုတ်ပုဝါအနံ့ဆိုးတွေကင်းစင်သွားအောင် မုန့်ဖုတ်ဆိုဒါ ခွက်တစ်ဝက်ကိုယူ၊အဝတ်လျှော်စက်ထဲ မျက်နှာသုတ်ပုဝါတွေရော၊မုန့်ဖုတ်ဆိုဒါတစ်ဝက်ကိုပါရောထည့့်ပြီးလျှော်ဖွပ်လိုက်ပါ။

*ညစ်ပတ်နေတဲ့ဘေစင် 🤔

ညစ်ပေနေတဲ့အစွန်းတွေက တော်ရုံဆပ်ပြာမှုန့်အစွမ်းလောက်နဲ့မရပါဘူး။မြန်မြန်ဆန်ဆန်နဲ့သန့်ရှင်းသွားအောင် ဆပ်ပြာမှုန့်အစား ရှာလကာရည်ကိုသုံးပြီးဖော့တုုံးနဲ့လိုက်သုတ်လိုက်ပါ။၅မိနစ်လောက်ထားပြီး ဆပ်ပြာနဲ့သေချာပြန်သန့်စင်လိုက်ရင် သန့်ရှင်းသွားပါလိမ့်မယ်။ရှာလကာရည်များများသုတ်ထားရင်ပိုကောင်းပါတယ်။

ကဲ လွယ်ကူတဲ့နည်းလေးတွေဖြစ်လို့ သေချာမှတ်ထားကြနော် 😉

318 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.