အသည္းကြဲေနတဲ႔အခ်ိန္မွာ ဒီလုိအဆင့္ဆင့္ေလးေတြၾကံဳရလိမ့္မယ္ 💔

ကုိယ္ခ်စ္ရတဲ႔သူနဲ႔လမ္းခြဲလုိက္တဲ႔အခ်ိန္ အသည္းကြဲေနတဲ႔အခ်ိန္မွာ အသည္းတစ္ခုတည္းကြဲတာမဟုတ္ပါဘူး။ကုိယ္ေတြရဲ ႔အျပဳအမူတစ္ခ်ိဳ႔ကပါလိုက္ျပီး ေျပာင္းလဲလာတတ္ၾကပါတယ္။အသည္းကြဲပံုအဆင့္ဆင့္ဆုိသလို အသည္းကြဲျပီးတဲ႔အခါ ေျပာင္းလဲလာတဲ႔အျပဳအမူေတြ၊စိတ္ခံစားခ်က္အဆင့္ဆင့္ေလးေတြရွိပါတယ္။သင္ေရာ အသည္းကြဲေနလား?ဒီထဲက ဘယ္အဆင့္ထိေရာက္ျပီလဲ?

အဆင့္ ၁ *ညဘက္အိပ္ေပ်ာ္ဖုိ႔အရမ္းခက္လာတယ္
အထူးသျဖင့္ အသည္းစကြဲတဲ႔အခိ်န္မွာ ညဘက္ေတြဆုိ ေတာ္ရံုနဲ႔အိပ္မေပ်ာ္ႏုိင္ေတာ့ပါဘူး။ဟုိေတြးဒီေတြးနဲ႔ အိပ္ခ်င္လည္း မ်က္လံုးကကုိယ့္္စကားကုိနားမေထာင္ပါဘူး။ငါသာ ဘယ္လိုလုပ္ခဲ႔ရင္၊ငါသာ ဒီလုိလုပ္ခဲ႔ရင္ဆိုတဲ႔အေတြးေတြက သင့္ရဲ ႔အိပ္စက္ျခင္းကုိေႏွာင့္ယွက္ထားတတ္ပါတယ္။

အဆင့္ ၂ *သူငယ္ခ်င္းေတြနဲ႔ေလ်ွာက္လည္ေနရင္ေတာင္ မေပ်ာ္ရႊင္ႏုိင္ဘူး
အသည္းကြဲေနလုိ႔စိတ္ေျပလက္ေပ်ာက္သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ေလ်ွာက္သြားေလ်ွာက္လာရင္ေတာင္ အျပည့္အ၀မေပ်ာ္ႏုိင္ဘူးျဖစ္တတ္ပါတယ္။ေပ်ာ္ေတာ့ေပ်ာ္တယ္။ဒါေပမဲ႔ ၁၀၀ ရာခုိင္ႏႈန္းေတာ့မဟုတ္ဘူးေပါ့။ျပီးေတာ့ ဒီသူငယ္ခ်င္းေတြနဲ႔သင္တုိ႔စံုတြဲအတူတူေလ်ွာက္သြားခဲ႔
ဖူးရင္ ပုိျပီးေတာင္ သတိရသြားေစပါတယ္။

အဆင့္ ၃*ပံုမွန္လုပ္ေနက်အရာေတြေတာင္ အမွားမွားအယြင္းယြင္းျဖစ္တတ္
ကုိယ္ခါတုိင္းလုပ္ေနက်အရာေတြဟာ အခုခ်ိန္မွာအရမ္းခက္ခဲေနတတ္ပါတယ္။အသိစိတ္လြတ္ေနသလုိမ်ိဳးေပါ့။ဒီအလုပ္ကုိအရင္ကလုပ္ဖူးေပမဲ႔စိတ္က အျပည့္အ၀မေပ်ာ္၀င္ႏုိင္တဲ႔အခါ တစ္ခါတည္းနဲ႔မရပဲ ထပ္တလဲလဲျပန္လုပ္ေနရတတ္၊အမွားမွားအယြင္းယြင္းေတြျဖစ္လာတတ္ပါတယ္။

အဆင့္ ၄*အမွတ္တရေတြကုိျပန္စဥ္းစားျပီး ၀မ္းနည္းပူေဆြးလာ
ႏွစ္ေယာက္တြဲဓာတ္ပံုေတြျပန္ၾကည့္ရင္းအဲ႔ဒီတုန္းကဘယ္လိုေပ်ာ္ခဲ့တာဆုိျပီး ျပန္ေတြးလိုက္၊ႏွစ္ေယာက္အတူၾကည့္ဖူးတဲ႔ရုပ္ရွင္ေတြတစ္ေယာက္တည္းၾကည့္ေနရတဲ႔အခါအထီးက်န္လုိက္နဲ႔  သြားျပီးေျပးေတြ႔ေတာ့မလို ၀မ္းနည္းတဲ႔ခံစားခ်က္ကုိမထိန္းခ်ဳပ္ႏုိင္ပဲျဖစ္လာတတ္ပါတယ္။တစ္ျခားစံုတြဲေတြကိုျမင္တဲ႔အခါမွာလည္း ၀မ္းနည္းလာျပီး သူမပါပဲ ဘယ္လိုေရွ႔ဆက္ရမလဲဆုိတဲ႔အေတြး
ေတြ၀င္လာမိတတ္ပါတယ္။

အဆင့္ ၅*တစ္ေယာက္တည္းေနတာက ၀ါသနာအသစ္တစ္ခုလုိျဖစ္လာတတ္
တစ္ေယာက္တည္းသြားလုိက္လာလုိုက္စားလုိက္ျဖစ္တာ ၾကာလာတဲ႔အခါ ဒီလိုတစ္ေယာက္တည္းေနရတဲ႔အခ်ိန္မွာအရင္က အခိ်န္မေပးဖူးတဲ႔အရာေတြအတြက္ အခ်ိန္ေပးတတ္လာတယ္။စာအုပ္ေတြပုိဖတ္ျဖစ္လာတယ္။၀ါသနာပါတာေတြကုိ သီးသန္႔အခ်ိန္ေလးဖယ္ျပီးလုပ္တတ္လာတယ္။မိသားစုအတြက္ပုိျပီးအခ်ိန္ေပးတတ္လာတယ္။

အဆင့္ ၆ *၀ါသနာအသစ္ေတြပုိတုိးလာတယ္
အသည္းကြဲေနတဲ႔အခ်ိန္ဆုိ ခ်စ္သူနဲ႔အတူတူလုပ္ခဲ႔ဖူးတဲ႔အရာေတြကုိျပန္သတိရျပီးေဆြးေနလြမ္းေနတယ္ဆုိေပမဲ႔ အခ်ိန္ၾကာလာတဲ႔အခါမွာေတာ့ ဒီလုိအလြမ္းအေဆြးအခ်ိန္ကုိသက္သာေစဖုိ႔ တစ္ျခားတစ္ခုခုနဲ႔အစားထုိးတတ္လာတယ္။ေ၀းခ႔ဲၾကျပီဆုိတာကုိ လက္ခံလာျပီဆုိတဲ႔သေဘာ။အဲ႔ဒီအခ်ိန္ေတြမွာအရင္တုန္းက မလုပ္ဖူးတဲ႔အားကစားတုိ႔၊သင္တန္းတုိ႔ ကုိယ့္အတြက္အက်ိဳးရွိမယ့္အရာေတြကို အစားထုိးအသံုးခ်တတ္လာမယ္။တျဖည္းျဖည္းနဲ႔အားျပန္ယူေနတဲ႔အခ်ိန္ပါပဲ။

အဆင့္ ၇*အျမင္သစ္နဲ႔ၾကည့္တတ္လာမယ္
ဘယ္အရာမဆုိ ေကာင္းက်ိဳးဆုိးက်ိဳးဒြန္တြဲေနတယ္ဆုိတာမေမ့ပါနဲ႔။အသည္းကြဲတဲ႔ခံစားခ်က္ကဆုိးတယ္။ဒါေပမဲ႔ အသည္းကြဲျပီးတဲ႔အခ်ိန္မွာ ကုိယ့္ရဲ ႔စိတ္ကအရင္ကထက္ ပုိျပီးရင့္က်က္သြားတယ္။အျမင္တစ္မ်ိဳးထက္ ေနာက္ထပ္အျမင္တစ္မ်ိဳးနဲ႔လူေတြကုိၾကည့္တတ္လာမယ္။ရႈေထာင့္အမ်ိဳးမ်ိဳးကေန
ေတြးတတ္လာမယ္။ေလာကၾကီးထဲကုိ ပုိျပီး၀င္ဆန္႔လာတတ္ပါတယ္။ဒါက အက်ိဳးရွိတာပါပဲ။

အဆင့္ ၈*ကုိုယ္ဟာထင္ထားတာထက္ ပုိျပီးသန္မာပါလားဆုိတာေတြးမိလာမယ္
ဒါကေတာ့ ကုိယ့္ကုိယ့္ကုိယ္ေက်နပ္ျခင္းတစ္မ်ိဳးေပါ့။ခ်စ္တဲ႔သူနဲ႔ေ၀းရတယ္။အသည္းကြဲတယ္။နာက်င္ရတယ္၊၀မ္းနည္းရတယ္။အဲ႔ဒါေတြကုိေကာင္းေကာင္းေက်ာ္ျဖတ္ႏုိင္ခဲ႔ျပီး အခုကိုယ့္ကုိယ့္ကုိယ္ျပန္ၾကည့္လိုက္တဲ႔အခ်ိန္မွာ ကုိယ္ဟာ ဒီဒဏ္ေတြကုိေကာင္းေကာင္းၾကီးေတာင့္ခံႏုိင္ခဲ႔တာကုိေတြ႔ရပါလိမ့္မယ္။ျပီးေတာ့ အရင္က မေတြးခဲ႔ဖူးတဲ႔အေတြးအေခၚေတြ၊အေတြ႔အၾကံဳေတြကုိလည္း ရခဲ့ျပီ၊ၾကံဳခဲ႔ျပီျဖစ္လုိ႔ ကုိယ့္ကိုယ့္ကုိယ္ေက်နပ္ေနပါလိမ့္မယ္။အရင္လုိ ျပန္ျပီးေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ရယ္ေမာႏုိင္လာပါလိမ့္မယ္။

ကဲ ဒါေတြကေတာ့ အသည္းကြဲေနတဲ့အခ်ိန္မွာ ၾကံဳေတြ႔ရမယ့္အဆင့္ေလးေတြပါပဲ။ဒီအဆင့္ေလးေတြျပီးရင္  စိတ္သစ္လူသစ္နဲ႔ျပန္ျဖစ္မွာပါေနာ္။ဒါေၾကာင့္ အသည္းကြဲေနတဲ့အခိ်န္မွာ မဟုတ္တာေတြေလ်ွာက္လုပ္တာ၊သိသိၾကီးနဲ႔လမ္းမွားေလ်ွာက္တာမ်ိဳးေတြမလုပ္ပဲ အလိုက္သင့္ေလးအသည္းကြဲတဲ႔အခိ်န္ကာလကုိ ခံစားၾကည့္ပါ။ဒီအသည္းကြဲဖုိ႔အတြက္ ကုိယ္ခ်စ္ရတဲ႔လူတစ္ေယာက္လံုးကုိအဆံုးရွံဳးခံလိုက္ရတာ တန္ဖုိးၾကီးပါတယ္ 🌻

Unicode

ကိုယ်ချစ်ရတဲ့သူနဲ့လမ်းခွဲလိုက်တဲ့အချိန် အသည်းကွဲနေတဲ့အချိန်မှာ အသည်းတစ်ခုတည်းကွဲတာမဟုတ်ပါဘူး။ကိုယ်တွေရဲ ့အပြုအမူတစ်ချို့ကပါလိုက်ပြီး ပြောင်းလဲလာတတ်ကြပါတယ်။အသည်းကွဲပုံအဆင့်ဆင့်ဆိုသလို အသည်းကွဲပြီးတဲ့အခါ ပြောင်းလဲလာတဲ့အပြုအမူတွေ၊စိတ်ခံစားချက်အဆင့်ဆင့်လေးတွေရှိပါတယ်။သင်ရော အသည်းကွဲနေလား?ဒီထဲက ဘယ်အဆင့်ထိရောက်ပြီလဲ?

အဆင့် ၁ *ညဘက်အိပ်ပျော်ဖို့အရမ်းခက်လာတယ်
အထူးသဖြင့် အသည်းစကွဲတဲ့အချိန်မှာ ညဘက်တွေဆို တော်ရုံနဲ့အိပ်မပျော်နိုင်တော့ပါဘူး။ဟိုတွေးဒီတွေးနဲ့ အိပ်ချင်လည်း မျက်လုံးကကိုယ့််စကားကိုနားမထောင်ပါဘူး။ငါသာ ဘယ်လိုလုပ်ခဲ့ရင်၊ငါသာ ဒီလိုလုပ်ခဲ့ရင်ဆိုတဲ့အတွေးတွေက သင့်ရဲ ့အိပ်စက်ခြင်းကိုနှောင့်ယှက်ထားတတ်ပါတယ်။

အဆင့် ၂ *သူငယ်ချင်းတွေနဲ့လျှောက်လည်နေရင်တောင် မပျော်ရွှင်နိုင်ဘူး
အသည်းကွဲနေလို့စိတ်ပြေလက်ပျောက်သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လျှောက်သွားလျှောက်လာရင်တောင် အပြည့်အဝမပျော်နိုင်ဘူးဖြစ်တတ်ပါတယ်။ပျော်တော့ပျော်တယ်။ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်းတော့မဟုတ်ဘူးပေါ့။ပြီးတော့ ဒီသူငယ်ချင်းတွေနဲ့သင်တို့စုံတွဲအတူတူလျှောက်သွားခဲ့
ဖူးရင် ပိုပြီးတောင် သတိရသွားစေပါတယ်။

အဆင့် ၃*ပုံမှန်လုပ်နေကျအရာတွေတောင် အမှားမှားအယွင်းယွင်းဖြစ်တတ်
ကိုယ်ခါတိုင်းလုပ်နေကျအရာတွေဟာ အခုချိန်မှာအရမ်းခက်ခဲနေတတ်ပါတယ်။အသိစိတ်လွတ်နေသလိုမျိုးပေါ့။ဒီအလုပ်ကိုအရင်ကလုပ်ဖူးပေမဲ့စိတ်က အပြည့်အဝမပျော်ဝင်နိုင်တဲ့အခါ တစ်ခါတည်းနဲ့မရပဲ ထပ်တလဲလဲပြန်လုပ်နေရတတ်၊အမှားမှားအယွင်းယွင်းတွေဖြစ်လာတတ်ပါတယ်။

အဆင့် ၄*အမှတ်တရတွေကိုပြန်စဉ်းစားပြီး ဝမ်းနည်းပူဆွေးလာ
နှစ်ယောက်တွဲဓာတ်ပုံတွေပြန်ကြည့်ရင်းအဲ့ဒီတုန်းကဘယ်လိုပျော်ခဲ့တာဆိုပြီး ပြန်တွေးလိုက်၊နှစ်ယောက်အတူကြည့်ဖူးတဲ့ရုပ်ရှင်တွေတစ်ယောက်တည်းကြည့်နေရတဲ့အခါအထီးကျန်လိုက်နဲ့  သွားပြီးပြေးတွေ့တော့မလို ဝမ်းနည်းတဲ့ခံစားချက်ကိုမထိန်းချုပ်နိုင်ပဲဖြစ်လာတတ်ပါတယ်။တစ်ခြားစုံတွဲတွေကိုမြင်တဲ့အခါမှာလည်း ဝမ်းနည်းလာပြီး သူမပါပဲ ဘယ်လိုရှေ့ဆက်ရမလဲဆိုတဲ့အတွေး
တွေဝင်လာမိတတ်ပါတယ်။

အဆင့် ၅*တစ်ယောက်တည်းနေတာက ၀ါသနာအသစ်တစ်ခုလိုဖြစ်လာတတ်
တစ်ယောက်တည်းသွားလိုက်လာလိုုက်စားလိုက်ဖြစ်တာ ကြာလာတဲ့အခါ ဒီလိုတစ်ယောက်တည်းနေရတဲ့အချိန်မှာအရင်က အချိန်မပေးဖူးတဲ့အရာတွေအတွက် အချိန်ပေးတတ်လာတယ်။စာအုပ်တွေပိုဖတ်ဖြစ်လာတယ်။၀ါသနာပါတာတွေကို သီးသန့်အချိန်လေးဖယ်ပြီးလုပ်တတ်လာတယ်။မိသားစုအတွက်ပိုပြီးအချိန်ပေးတတ်လာတယ်။

အဆင့် ၆ *၀ါသနာအသစ်တွေပိုတိုးလာတယ်
အသည်းကွဲနေတဲ့အချိန်ဆို ချစ်သူနဲ့အတူတူလုပ်ခဲ့ဖူးတဲ့အရာတွေကိုပြန်သတိရပြီးဆွေးနေလွမ်းနေတယ်ဆိုပေမဲ့ အချိန်ကြာလာတဲ့အခါမှာတော့ ဒီလိုအလွမ်းအဆွေးအချိန်ကိုသက်သာစေဖို့ တစ်ခြားတစ်ခုခုနဲ့အစားထိုးတတ်လာတယ်။ဝေးခဲ့ကြပြီဆိုတာကို လက်ခံလာပြီဆိုတဲ့သဘော။အဲ့ဒီအချိန်တွေမှာအရင်တုန်းက မလုပ်ဖူးတဲ့အားကစားတို့၊သင်တန်းတို့ ကိုယ့်အတွက်အကျိုးရှိမယ့်အရာတွေကို အစားထိုးအသုံးချတတ်လာမယ်။တဖြည်းဖြည်းနဲ့အားပြန်ယူနေတဲ့အချိန်ပါပဲ။

အဆင့် ၇*အမြင်သစ်နဲ့ကြည့်တတ်လာမယ်
ဘယ်အရာမဆို ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေတယ်ဆိုတာမမေ့ပါနဲ့။အသည်းကွဲတဲ့ခံစားချက်ကဆိုးတယ်။ဒါပေမဲ့ အသည်းကွဲပြီးတဲ့အချိန်မှာ ကိုယ့်ရဲ ့စိတ်ကအရင်ကထက် ပိုပြီးရင့်ကျက်သွားတယ်။အမြင်တစ်မျိုးထက် နောက်ထပ်အမြင်တစ်မျိုးနဲ့လူတွေကိုကြည့်တတ်လာမယ်။ရှုထောင့်အမျိုးမျိုးကနေ
တွေးတတ်လာမယ်။လောကကြီးထဲကို ပိုပြီးဝင်ဆန့်လာတတ်ပါတယ်။ဒါက အကျိုးရှိတာပါပဲ။

အဆင့် ၈*ကိုုယ်ဟာထင်ထားတာထက် ပိုပြီးသန်မာပါလားဆိုတာတွေးမိလာမယ်
ဒါကတော့ ကိုယ့်ကိုယ့်ကိုယ်ကျေနပ်ခြင်းတစ်မျိုးပေါ့။ချစ်တဲ့သူနဲ့ဝေးရတယ်။အသည်းကွဲတယ်။နာကျင်ရတယ်၊ဝမ်းနည်းရတယ်။အဲ့ဒါတွေကိုကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့ပြီး အခုကိုယ့်ကိုယ့်ကိုယ်ပြန်ကြည့်လိုက်တဲ့အချိန်မှာ ကိုယ်ဟာ ဒီဒဏ်တွေကိုကောင်းကောင်းကြီးတောင့်ခံနိုင်ခဲ့တာကိုတွေ့ရပါလိမ့်မယ်။ပြီးတော့ အရင်က မတွေးခဲ့ဖူးတဲ့အတွေးအခေါ်တွေ၊အတွေ့အကြုံတွေကိုလည်း ရခဲ့ပြီ၊ကြုံခဲ့ပြီဖြစ်လို့ ကိုယ့်ကိုယ့်ကိုယ်ကျေနပ်နေပါလိမ့်မယ်။အရင်လို ပြန်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့ရယ်မောနိုင်လာပါလိမ့်မယ်။

ကဲ ဒါတွေကတော့ အသည်းကွဲနေတဲ့အချိန်မှာ ကြုံတွေ့ရမယ့်အဆင့်လေးတွေပါပဲ။ဒီအဆင့်လေးတွေပြီးရင်  စိတ်သစ်လူသစ်နဲ့ပြန်ဖြစ်မှာပါနော်။ဒါကြောင့် အသည်းကွဲနေတဲ့အချိန်မှာ မဟုတ်တာတွေလျှောက်လုပ်တာ၊သိသိကြီးနဲ့လမ်းမှားလျှောက်တာမျိုးတွေမလုပ်ပဲ အလိုက်သင့်လေးအသည်းကွဲတဲ့အချိန်ကာလကို ခံစားကြည့်ပါ။ဒီအသည်းကွဲဖို့အတွက် ကိုယ်ချစ်ရတဲ့လူတစ်ယောက်လုံးကိုအဆုံးရှုံးခံလိုက်ရတာ တန်ဖိုးကြီးပါတယ် 🌻

676 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.