နောက်ဆုံးတော့ မတ်မတ် Taylor တို့စုံတွဲ နှစ်ယောက်အတူပွဲတက်တာ မြင်ဖူးခဲ့ပြီ 😍
Unicode
မတ်မတ် Taylor ကတော့ မောင်လေးအတွက်ခွန်အားတွေအပြည့်ပေးနေပါပြီနော်။
စက်တင်ဘာ ၂၉ရက်နေ့က Joe Alwyn ရဲ ့ရုပ်ရှင်ကားအသစ် The Favourite ဇာတ်ကား အကြိုပြသပွဲလုပ်ခဲ့ပါတယ်။ပွဲအခမ်းအနားတွေမှာ နှစ်ယောက်တွဲပွဲတက်တာမရှိခဲ့သလို ပရိသတ်မြင်ကွင်းမှာလည်း နှစ်ယောက်အတူတွဲတွေ့ရတာရှားပေမဲ့ ဒီတစ်ခါတော့ Taylor Swift နဲ့ Joe ဟာ စုံတွဲလိုက်ပွဲတက်ခဲ့ပါတယ် 😍
Taylor ဟာ သူမရဲ့ဖျော်ဖြေပွဲတွေနဲ့လုံးပမ်းနေရသူဖြစ်ပေမဲ့ သူမရဲ့ ချစ်သူကိုအားပေးဖို့လည်း မပျက်ကွက်ခဲ့ပါဘူး။နယူးယော့ခ်မှာပြသတဲ့ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပြီး Joe ရဲ့ဘေးမှာရှိနေပေးခဲ့ပါတယ်။မတ်မတ် Taylor လေး ဘယ်လိုတွေတောင်လှနေတာ 😍သူတို့အတွဲက Public မှာလည်း စုံတွဲတွေ့ရတာရှားပါးသလို ပါပါရာဇီတွေ သတိမထားမိအောင်လည်းဒိတ်တက်ကြသူတွေပါ 🤭💕
နှစ်ယောက်လုံးက သူတို့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးဖွင့်ပြောပြတာရှားပါးပါတယ်။ဒါပေမဲ့သိပ်မကြာသေးခင်တုန်းကJoe ဟာ Taylor နဲ့ပတ်သက်ပြီးပထမဆုံးအကြိမ်ပြောခဲ့ပါတယ်။”ပရိသတ်တွေသိချင်နေကြမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ကျွန်တော်တို့အချစ်ရေးကအရမ်းလျှို့ဝှက်ပြီးသီးသန့်ဆန်နေတယ်ဆိုတာလည်းသိပါတယ်။မသိရလေ ပိုသိချင်လေ ဆိုသလို ကျွန်တော်တို့အချစ်ရေးနဲ့ပတ်သက်ပြီးဘာမှသိပ်မပြောကြတော့ပရိသတ်တွေကပိုပြီးသိချင်နေကြပါတယ်။ဒါပေမဲ့ ကျွန်တော်က အလုပ်ကိစ္စနဲ့ပတ်သက်ပြီးပြောပြရတာကိုပဲ ပိုပြီးုလိုလားပါတယ်”လို့ပြောပြခဲ့ပါတယ်။သူကတော့ သူတို့ရဲ့အချစ်ရေးကို တသီးတသန့်ထားချင်နေဆဲပါပဲ။
လတ်တလောလေးကတောင် သူတို့စုံတွဲအဆင်မပြေကြဘူးလို့သတင်းထွက်လာပါသေးတယ်။ဒါပေမဲ့ အခုလိုစုံတွဲလိုက်ပွဲတက်ကြတယ်ဆိုတော့ သူတို့ရဲ့အချစ်ရေးကအဆင်ပြေနေဆဲပဲလို့ယူဆရပါတယ်။ပရိသတ်တွေကို အလုံးစုံဖွင့်မပြောပြထားဘူးဆိုပေမဲ့ သူတို့စုံတွဲက အခုဆိုရင်ချစ်သူသက်တမ်း တစ်နှစ်တောင်ကျော်နေပြီဖြစ်လို့Swifty လေးတွေ စိတ်ချမ်းသာနေရပါတယ်။Tay Tay လေးရဲ့အချစ်ရေးကို တည်ငြိမ်အေးချမ်းပျော်ရွှင်စေချင်တာ Swifty လေးတွေရဲ့ဆန္ဒပါ ❤သူတို့စုံတွဲပွဲတက်ပုံရိပ်လေးတွေကြည့်လိုက်ပါဦး
477 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.