ဒီလိုနမ်းပုံနမ်းနည်းလေးတွေသာ သိထားရင် ချစ်သူဆီက အထင်ကြီးခံရမှာ အသေချာ 🤗

လူတိုင်း ဘယ်လိုနမ်းရမယ်ဆိုတာကို သိကြမှာပါ။ အစပိုင်းမှာတော့ ပုံစံမကျသေးပေမယ့် နောက်ပိုင်း သူ့ဟာနဲ့သူ ဆရာကြီးတွေဖြစ်သွားကြတာပါပဲ။ ဒီထက်ပိုမိုပြည့်စုံတဲ့ နည်းလမ်းတွေကို မင်းအနေနဲ့ သိထားမယ်ဆိုရင် ဆရာကျတာပေါ့ ။ ချစ်သူကောင်လေး / ကောင်မလေးတွေဆီက ပိုပြီးသဘောကျခံချင်ရင်တော့ ဒီလိုနမ်းပုံနမ်းနည်းလေးတွေကို လိုက်လံ စမ်းသပ်ကြည့်ပါလို့…😘

Related image

Saliva Transfer Kiss 💋
နှစ်ယောက်လုံး အပေးယူတည့်တဲ့ နမ်းနည်းလေးပေါ့။ နှစ်ယောက်လုံး ဖြည်းဖြည်းလေးပဲသွားတယ်။ အရှိန်မပါဘူး။ နူးနူးညံ့ညံ့လေးနဲ့ အပေါ်နဲ့အောက်နှုတ်ခမ်းသားကို သူမရဲ့နှုတ်ခမ်းတွေနဲ့ ထိလိုက် ၊ ပြန်ခွာလိုက်လုပ်ပေးခြင်းက သာယာထိတွေ့မှုကောင်းတဲ့ အနမ်းတစ်စုံပါပဲ..

Random Spot Kiss 💋
နှုတ်ခမ်းကိုမဟုတ်ပဲ.. သူမရဲ့ပါးလေး ၊ နှာခေါင်းနဲ့ နှုတ်ခမ်းကြားက အစက်နားလေးနဲ့ နှာဖူးတွေကို
တောက်လျှောက်လိုက်နမ်းတာမျိုးပေါ့။ နေရာအတည်ကျမရှိဘူး။ မျက်နှာတစ်ခုလုံးမှာ နမ်းချင်တဲ့နေရာ နမ်းနေတာမျိုးကလည်း စိတ်ခံစားမှုတစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ သေချာတာကတော့ ကြည်နူးစရာကောင်းမှာပါ။

Related image

Coma Kiss💋
အိပ်နေလျက်နဲ့ သူမကိုတဖွဖွနမ်းပေးနေတာမျိုးဖြစ်ပါတယ်။ relax ဖြစ်စေသလို နှစ်ယောက်ကြားက relationshipကိုလည်း ပိုအချစ်တိုးစေပါတယ်။ ဘာကြောင့်မှန်းတော့ မသိပေမယ့် Coma Kiss ဟာ ချစ်စရာကောင်းတာတော့ အမှန်ပါပဲ။

Jackrabbit Kiss 💋
လျှာကစားတဲ့ kiss လေးပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ပါးစပ်ထဲမှာ လျှာလေးထိုးလိုက် ၊ လှည့်လိုက် ၊ နောက်ပြန်ဆုတ်လိုက်နဲ့ ပြီးရင် ပြန်ကလိလိုက်လုပ်ပေးရတဲ့ Jackrabbit Kiss ပါ။ ရင်ခုန်ဖို့လည်း ကောင်းပါတယ်။ သိရသလောက်တော့ ဒီလိုအနမ်းကို ယောက်ျားလေးတွေ ပိုကြိုက်ပါတယ်တဲ့။

Image result for Saliva Transfer Kiss gif

No-end-in-sight kiss 💋
ဘယ်သွားသွား ၊ ဘာလုပ်လုပ် တဖွဖွလိုက်နမ်းတာလေးပေါ့။ ဒီkiss လေးဟာ non-stop ပုံစံမျိုးပါ။ ဒီအနမ်းရဲ့အဓိပ္ပာယ်လေးက ချစ်သူကို မျက်စိအောက်ကနေတောင် အပျောက်မခံနိုင်ဘူးလို့ ဆိုလိုပါတယ်။ ဘယ်လောက်တောင် ရိုမန်တစ်ဆန်လိုက်လဲ …

ကဲ.. 💏💏 ဒီနည်းလမ်းလေးတွေနဲ့ ချစ်သူရဲ့အသည်းနှလုံးကို သိမ်းပိုက်လိုက်ပါတော့.. အနမ်းတွေမှာလည်း ပုံစံကျပြီး စိတ်အားထက်သန်မှုတွေပါမှ ပိုပြီးအချစ်ကြိုးတွေ ခိုင်လာမှာမဟုတ်လား…🧡🧡

637 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.