ဒီအရည်ချင်းတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေကတော့ အလိုလိုကိုဆွဲဆောင်မှုရှိနေ

မိန်းကလေးတစ်ယောက်မှာ ဘယ်လိုအရာက သူမရဲ့အလှကို ပိုပေါ်လွင်အောင် ဖော်ကျုးထားလဲ?
မိန်းကလေးတစ်ယောက်ရဲ့အလှကို ရုပ်လုံးပေါ်အောင် ဖော်ကျုးနိုင်တာကတော့ သူမရဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုပါပဲ။ ယုံကြည်မှုရှိတဲ့ မိန်းကလေးဟာ အလိုလိုနေရင်းကို ဆွဲဆောင်မှုရှိပါတယ်။ ဒါထက် ဒီလို အချက်လေးတွေကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေရဲ့စက်ကွင်းကနေ ယောက်ျားသားတွေလည်း ရုန်းမထွက်နိုင်ပါဘူးတဲ့… ဘယ်လိုအချက်တွေဖြစ်မလဲ.. ကြည့်ရအောင်

အရာအားလုံးမှာ ကျွမ်းကျင်မနေနိုင်ဘူးဆိုတာ လက်ခံနိုင်
ခုခေတ်မှာ မိန်းကလေးတွေဟာ အလုပ်ကိုင်ကောင်းတစ်ခုရှိပြီး ပျော်ရွှင်စရာ မိသားစုကိုလည်း ပိုင်ဆိုင်ထားရမယ်ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုကိုယ်ဖိအားတွေပေးလာကြပါတယ်။ ကျရှုံးလို့မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ ဖိစီးမှုတွေကို ခါးစီးခံကြတယ်။ အောင်မြင်မှုနောက်ကို လိုက်ရင်း ပျော်ရွှင်အောင်နေဖို့ မေ့တတ်နေကြတယ်။ အမြဲဖိစီးမှုဒဏ်ကို ခံနေရတဲ့ မိန်းကလေးဟာ ဘယ်မှာသွားလှတော့မှာလဲ ? ဒါကြောင့် လုပ်စရာရှိတာလုပ်၊ ကိုယ့်စိတ်အပန်းပြေအောင်လုပ်ပြီး မဖြစ်နိုင်တဲ့အရာပေါ်မှာ စိတ်ကိုအတင်းဖိအားမပေးထားပါနဲ့။ မင်းဟာ အရာအားလုံးဟာ ကျွမ်းကျင်နေဖို့မလိုပါဘူး။

Related image

ကိုယ့်ရဲ့ဖြစ်တည်မှုကိုလေးစားခြင်း
ကိုယ့်ကိုကိုယ် အရင်ချစ်တတ်မှ သူများကိုလည်း ချစ်နိုင်မှာပါ။ ကိုယ့်ခန္ဓာကိုယ်ကို ချစ်ပါ။ ဝနေသည်ဖြစ်စေ၊ ပိန်နေသည်ဖြစ်စေ ချစ်တတ်ဖို့အရေးကြီးပါတယ်။ သူများတွေပြောတာကို ဂရုမစိုက်ပဲ မင်းရင်ထဲကစကားကိုပဲ နားထောင်ပါ။ ငါဟာ ဒီပုံစံတိုင်းပဲ ဆက်နေချင်တယ်ဆို ဆက်နေပါ။ မဟုတ်ဘူး.. ပိန်ပိန်လေးနဲ့လှချင်တယ်ဆို လေ့ကျင့်ခန်းလုပ်၊ အစားရှောင်ပြီး စိတ်တိုင်းကျတဲ့ ခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်နိုင်အောင်လုပ်ပါ။ အချိန်ဆွဲမနေပါနဲ့။ ကိုယ့်ကိုကိုယ် ဆင်ခြင်တွေပေးမနေပါနဲ့တော့ ။

အကောင်းမြင်စိတ်ရှိ
တစ်ခုခုဆို တစ်ဖက်လူပြောစကားကို ဆုံးအောင်နားထောင်ပြီး ချက်ချင်းဝေဖန်ခဲပါတယ်။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေကို အရင်မေးပါတယ်။ နှစ်ဖက်မြင်အောင် စဉ်းစားတွေးတောပြီးမှ အဖြေကိုချင့်ချင့်ချိန်ချိန်ဖြေပါတယ်။ သူမဟာ ပွင့်လင်းပါတယ်။ စိတ်ထဲအလိုမကျတဲ့အရာတစ်ခုကို မလုပ်ချင်ပဲနဲ့ အားနာပြီးတော့ပဲဖြစ်ဖြစ် လက်မခံတတ်ပါဘူး။

Related image

အားနည်ချက်တွေအတွက် ရိုးသားမှုရှိ
ဘယ်သူမှ မပြည့်စုံပါဘူး။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိပါတယ်။ လူတစ်ယောက်က အရာတစ်ခုကိုမလုပ်တတ်ဘူးဆိုရင် သိသွားအောင်သင်ပြလိုက်ပါတယ်။ လုပ်လည်း လုပ်ပေးသေးတယ်။ ဒါလေးတောင် မသိဘူးလားလို့ ဆရာကြီးလေသံနဲ့သွားပြောရင် တစ်ဖက်လူက ကိုယ့်ကိုကျေးဇူးတင်စကားဆိုချင်ရင်တောင် မင်းရဲ့အထက်စီးဆန်တဲ့လေသံကြောင့် သူ့ဘက်ကတွန့်သွားသလို ၊ သိမ်ငယ်ရပါတယ်။ တစ်ဖက်သားကို ဒါလေးတောင် မသိရကောင်းလားဆိုပြီး မနှိမ်တတ်တာက ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတိုင်းရဲ့ ထူးခြားချက်ပါပဲ။

Image result for smart woman

သဘောမကျတဲ့အရာတွေအတွက် အချိန်ကုန်မခံ
လူတစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ် ၊ ပစ္စည်းပဲဖြစ်ဖြစ် ..ဘယ်အရာမဆို သူမသဘောမကျဘူးဆိုရင် အဲ့ဒီအရာကို လုံးဝလက်မခံပါဘူး။ အချိန်ကုန်မခံဘူး။ စိတ်အနှောင့်ယှက်လည်း အဖြစ်မခံဘူး။ တစ်ချို့ လူတွေက တစ်ဖက်သားကို လွှမ်းမိုးချင်တယ်စိတ်ရှိကြပါတယ်။ ငါပြောရင် ရပါတယ်ဆိုတဲ့ ပုံစံနဲ့ ဆန္ဒမရှိတဲ့သူကိုအတင်း သြဇပေးချင်တယ်။ ဒီလိုလူမျိုးတွေဟာ ဘယ်လောက်ရင်းနှီးတဲ့မိတ်ဆွေပဲဖြစ်နေပါစေ။ သူမစိတ်ထဲအလိုမကျရင်တော့ ငြင်းဆန်ပါတယ်။

499 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.