ရည်းစားဟောင်းနဲ့ပြန်တွဲခဲ့ဖူးလားမေးခွန်းကို Krystal ဘယ်လိုဖြေလိုက်လဲ ရှိုးး😮
Unicode
နာမည်ကျေ်ာအဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Krystal Jung ဟာ သူမရဲ ့အချစ်ရေးနဲ့ပတ်သက်ပြီး သိပ်ပြီးပြောလေ့ပြောထမရှိတဲ့ပုံစံမျိုးပါ။ဒါပေမဲ့ သိပ်မကြာခင်က “Life Bar”South Korean talk show မှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီးသူမက ဘယ်လိုပုံစံဆိုတာ ပြောပြခဲ့ပါတယ်
Krystal က “ကျွန်မက လမ်းခွဲပြီဆို အဲ့ဒီနေရာမှာတင် လုံးဝအပြီးအပြတ်ဖြတ်လိုက်တဲ့လူမျိုးပါ။တစ်ယောက်ယောက်နဲ့ဒိတ်နေတဲ့အချိန်မှာ ကျွန်မတတ်နိုင်သလောက်လုပ်နိုင်သလောက်အချစ်ရေးကိုအကောင်းဆုံးထိန်းသိမ်းခဲ့ပါတယ်။ဒါကြောင့်လမ်းခွဲကြတဲ့အခါ အဲ့နေရာမှာတင်ပြီးဆုံးခဲ့ပြီး အဲ့ဒီလူကို နောက်ထပ်ဒုတိယအခွင့်အရေးပေးဖို့လိုရအောင် နောင်တရစရာမရှိခဲ့ပါဘူး”လို့ပြောပြခဲ့ပါတယ်။သူမရဲ့အဖြေကြောင့် Krystal က အချစ်ရေးနဲ့ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်ခိုင်မာပြတ်သားတဲ့သူလားဆိုပြီး  အားလုံးကအံ့အားသင့်ခဲ့ကြပါတယ်။
အဲ့ဒီမှာမေးမြန်းသူ Shin Dong Yeop က သူမမှာ ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့အချစ်ရေးမျိုးရှိခဲ့ဖူးလားဆိုပြီးမေးခဲ့ပါတယ်။ Krystal က “အရင်တုန်းကတော့ အဲ့ဒီလိုပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့အချစ်ရေးမျိုးလုံးဝမရှိခဲ့ဖူးဘူး။မကြုံခဲ့ဖူးဘူး။ဒါပေမဲ့ နောက်တော့ဒါမျိုးရှိမလာဘူးလို့ ကြိုတော့မပြောနိုင်ဘူးပေါ့”ဆိုပြီးပြောခဲ့ပါတယ်။
သူမရဲ့ရည်းစားဟောင်းနဲ့ပတ်သက်ပြီးခံစားချက်ကတော့ အလုံးစုံပြန်ချုပ်ပြောရရင် Krystal အနေနဲ့ ချစ်သူတွေဖြစ်တဲ့အချိန်မှာသူမဘက်ကအကောင်းဆုံးလုပ်ပေးခဲ့တာကြောင့် လမ်းခွဲပြီဆိုရင် သူမ ဘယ်တော့မှနောင်တမရသလို ပြန်ပြီးတွဲဖို့အကြောင်းနဲ့ပတ်သက်လို့မစဉ်းစားခဲ့ဖူးဘူးဆိုတာပါပဲ။နောက်ပိုင်းတော့ ပြောလို့မရဘူးပေါ့။အချစ်ဆိုတာ ကြိုတင်ပြီးအဖြေထုတ်ကြည့်လို့မရတဲ့အရာဆိုတော့…အက်လဲ့ 🤭
Krystal ဟာ EXO အဖွဲ့ဝင် Kai နဲ့ ၂၀၁၆ ဧပြီမှာ ချစ်သူတွေဖြစ်ခဲ့ပြီး ၂၀၁၇ ဇွန်လတုန်းကလမ်းခွဲပြတ်စဲခဲ့တာဖြစ်ပါတယ်။အခုချိန်ထိတော့ ချစ်သူအသစ်မရှိသေးပါဘူး။သူမရဲ ့သီချင်းတွေ၊သရုပ်ဆောင်အလုပ်တွေနဲ့ပဲ အလုပ်တွေရှုပ်နေပါတယ်။အခုလက်ရှိမှာ Krystal ဟာ Player ဆိုတဲ့ဇာတ်လမ်းတွဲကို မင်းသားချော Song Seung Heon နဲ့တွဲဖက်ရိုက်ကူးထားပြီး စက်တင်ဘာ ၂၉ရက်မှာတော့ ပထမဆုံးအပိုင်းတစ်စတင်ပြသမယ်လို့သိရပါတယ်။
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.