“Fantastic Beasts 2” ထဲမှ Nagini ဇာတ်ရုပ်နဲ့ပတ်သတ်ပြီး အငြင်းပွားမှုများ ပြင်းထန်နေ

“Fantastic Beasts: The Crimes of Grindelwald ” ရဲ့ final trailer ကတော့ ပြီးခဲ့တဲ့ ၂၅ရက်နေ့က ထွက်ရှိခဲ့ပြီး ဒီဇာတ်ကားမှာ တောင်ကိုရီးယား မင်းသမီး Claudia Kim ပါဝင်မယ်လို့ ပရိတ်သတ်တွေ မထင်ထားခဲ့သလို ဒီထက်ပိုပြီး အသေးစိတ်ကျတာကိုလည်း ဘယ်သူမှ မသိခဲ့ရပါဘူး။ Nagini ဇာတ်ကောင်မှုာ Claudia Kim က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Final trailerနဲ့ promotion video ထွက်လာပြီးနောက်မှာ ကမ္ဘာတစ်ဝှမ်းမှ ပရိတ်သတ်တွေအားလုံးအံ့သြသင့်ခဲ့ရပါတယ် (မြွှေကိုက်ခံချင်သူတွေလည်း ထွက်ပေါ်လာ :3 ) ။ သူမဟာ Avengers: Age of Ultron မှာလည်း Dr.Helen Cho အဖြစ် သရုပ်ဆောင်ခဲ့တာကို သိကြမှာပါ။

Image result for Nagini

သူမပါဝင်မယ့် ဇာတ်ကောင်ကိုသိပြီး အားလုံး အံ့သြလို့ မဆုံးသေးခင်မှာပဲ Nagini ဇာတ်ကောင်မှာ တောင်ကိုရီးယား မင်းသမီးကို ထည့်သွင်းထားခြင်းနဲ့ပတ်သတ်ပြီး တွစ်တာမှာ အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။ J.L Rowlingရဲ့စာအုပ်မှာတော့ Nagini ဟာ သာမန်မြွေတစ်ကောင်လို ထည့်သွင်းထားခဲ့ပေမယ့် ရုပ်ရှင်ထဲမှာ ရုတ်တရက်လူတစ်ပိုင်းအဖြစ်မြင်တွေ့ရတာကို ပိုပြီးထောက်ပြစရာတွေ ဖြစ်လာခဲ့ရတာပါ။

Image result for “Fantastic Beasts 2”

Naga မြွှေဆိုတာ အင်ဒိုနီးရှား ဒဏ္ဍာရီလာ ပုံပြင်ထဲမှာရှိခဲ့ပြီး ဒါကိုအစွဲပြုကာ Nagini အဖြစ် ဇာတ်ကောင်ထည့်သွင်းခဲ့တာလို့ပြောပါတယ်။ ဒီမြွေတွေဟာ တစ်ခါတစ်လေ ပျံသန်းနိုင်တယ်။ တစ်ခါတစ်လေ လူတစ်ပိုင်း၊ မြွေတစ်ပိုင်းအသွင်ကိုပြောင်းလဲနိုင်တယ်လို့ အင်ဒိုနီးရှားလူမျိုးစုနဲ့ ကြဗားနီး ၊ တရုတ် ၊ Betawi လူမျိုးတွေက ယုံကြည်မှုရှိခဲ့ကြတယ်။

သူမဖြေရှင်းချက်ကို ပရိတ်သတ်တွေက မျက်လုံးပြူးပြီး Naga ဆိုတဲ့ စကားလုံးဟာ ဟိန္ဒူကနေ ဆင်းသက်လာတာ အင်ဒိုနီးရှားကမဟုတ်ဘူးလို့ ပြန်ထောက်ပြတယ်။ နောက်တစ်ချက်က Voldemort ဟာ အနောက်တိုင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မြွှေကျတော့ ဘာလို့ အာရှအမျိုးသမီးဖြစ်နေရတာလဲလို့ မေးခွန်းတွေထုတ်လာပါတယ်။ Nagini ဇာတ်ရုပ်နဲ့ပတ်သတ်ပြီး ကျေနပ်တဲ့လူတွေလည်း ရှိသလို ဆတ်ဆတ်ထိမခံတဲ့ တစ်ချို့ ပရိတ်သတ်တွေကြတော့လည်း ဆက်လက်အငြင်းပွားနေဦးမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထွက်လာရင်တော့ ပရိတ်သတ်တွေအားလုံး အားပေးကြမယ်မလား… နိုဝင်ဘာ ၁၆ရက်နေ့ထွက်ရှိတော့မှာဖြစ်ပါတယ်။

571 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.