My ID ဇာတ္လမ္းတြဲထဲမွာ ရင္အခုန္ရဆံုးဇာတ္၀င္ခန္းကုိေျပာျပခဲ႔တဲ႔ Im Soo Hyang 💕

My ID is Gangnam Beauty ဇာတ္လမ္းတြဲဟာ ကုိရီးယားဇာတ္လမ္းတြဲေတြၾကားထဲမွာ ေအာင္ျမင္မႈအေတာ္ေလးရရွိခဲ႔တဲ႔ဇာတ္လမ္းတြဲေကာင္းေလးျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲမွာ မင္းသမီး Im Soo Hyang နဲ႔ ASTRO အဖြဲ႔၀င္ Cha Eun Woo တုိ႔က ေခါင္းေဆာင္မင္းသားမင္းသမီးအျဖစ္ပါ၀င္ရုိက္ကူးထားတာပါ။ဒီဇာတ္လမ္းတြဲအျပီးမွာ သူတုိ႔ႏွစ္ေယာက္ကုိပရိသတ္ေတြက တကယ့္စံုတြဲေလးျဖစ္ေစခ်င္ၾကတဲ႔သတင္းေတြေတာင္ ထြက္ရွိလာခဲ႔ပါေသးတယ္ 💗

သိပ္မၾကာခင္က အင္တာဗ်ဴးတစ္ခုမွာေတာ့ Im Soo Hyang က ဒီဇာတ္လမ္းတြဲရုိက္ရင္း ရင္ေတြအရမ္းခုန္ရတဲ႔ဇာတ္၀င္ခန္းတစ္ခန္းရွိခဲ႔တဲ႔အေၾကာင္းေျပာျပလာခဲ႔ပါတယ္။သူတုိ႔ႏွစ္ေယာက္က ဇာတ္လမ္းတြဲရုိက္ကူးရင္း အျပင္မွာလည္း သူငယ္ခ်င္းေတြလိုရင္းႏွီးသြားခဲ႔ၾကတဲ႔အတြက္ ဇာတ္ကားရုိက္ကူးေရးမွာ သိပ္ျပီးရွိဳးတုိးရွန္႔တန္႔ျဖစ္တာမ်ိဳး၊အေနခက္တာမ်ိဳးမရွိခဲ႔ဘူးဆုိေပမဲ႔လည္း Im Soo Hyang က Eun Woo နဲ႔ႏွစ္ေယာက္လမ္းအတူေလ်ွာက္ရင္း လက္ခ်င္းထိမိမလုိျဖစ္သြားတဲ႔အခန္းဟာ သူမရင္အခုန္ဆံုးျဖစ္ခဲ႔တဲ႔ဇာတ္၀င္ခန္းတစ္ခန္းပါလို႔ေျပာျပခဲ႔ပါတယ္။

Soo Hyang က “ကြ်န္မတုိ႔ အတူလမ္းေလ်ွာက္လာရင္းလက္ခ်င္းထိမိမလုိျဖစ္တဲ႔အခန္း၊ျပီးေတာ့ စျပီးလက္ကုိင္ျဖစ္တဲ႔အခန္းက ကြ်န္မကုိရင္အခုန္ျမန္ေစပါတယ္။ဘာလို႔လဲဆုိေတာ့ ခ်စ္သူေတြစျဖစ္ၾကတဲ႔အခ်ိန္မွာ အခ်စ္ဆုိတဲ႔ခံစားခ်က္ကုိေဖာ္ျပတဲ႔အထိအေတြ႔ေသးေသးေလးေတြနဲ႔ပတ္သက္ျပီး စိတ္လႈပ္ရွားရင္ခုန္ရပံုမ်ိဳးကုိ ျပန္ျပီး သတိရေစခဲ့လို႔ပါ”တဲ႔။ခ်စ္သူစစျဖစ္တဲ႔အခ်ိန္မွာ စိတ္လႈပ္ရွားရင္ခုန္ရတဲ႔ အခုိက္အတန္႔ေလးကုိ ျပန္ျပီးရေစလို႔ သူမအတြက္ ဒီအခန္းက ရင္အခုန္ရဆံုးျဖစ္ခဲ႔တာပါ။

Cha Eun Woo နဲ႔ပတ္သက္ျပီး ပရိသတ္ေတြေပးၾကတဲ႔ comment ေတြထဲမွာ သူမအေနနဲ႔သတိထားမိခဲ႔တဲ႔ comment ေတြလည္းရွိခဲ႔ပါတယ္တဲ႔။ဘာလဲဆုိေတာ့ ပရိသတ္ေတြက “ကြ်န္မ သူနဲ႔ ႏွစ္ေယာက္တြဲသရုပ္ေဆာင္ရတာ၊အတူတူအလုပ္လုပ္ရတာ အရင္ဘ၀တုန္းက ႏုိင္ငံကိုကယ္တင္ခဲ႔လုိ႔ျဖစ္ရမယ္”ဆုိတဲ႔ Comment ေတြပါပဲ။”ကြ်န္မနဲ႔အလုပ္အတူတူတြဲလုပ္ရတာ Cha Eun Woo က အရင္ဘ၀တုန္းက ႏုိင္ငံကုိကယ္တင္ခဲ႔လုိ႔ျဖစ္ရမယ္ဆုိတာမ်ိဳးေတာ့ ဘာလို႔ ဘယ္သူမွမေျပာၾကတာလဲ?”ဆုိျပီး အဲ႔ဒီပရိသတ္ေတြရဲ႔ Comment အေပၚ ရယ္ရယ္ေမာေမာနဲ႔ပဲ ျပန္ျပီးတ့ုံျပန္ခဲ႔ပါတယ္။ဒါကလည္း Eun Woo ရဲ ႔ပရိသတ္ေတြက သူနဲ႔အတူတူအလုပ္လုပ္ခြင့္ရခ်င္တဲ႔စိတ္နဲ႔ေျပာၾကတာျဖစ္မွာပါ။အဲ႔ဒီစကားေတြနဲ႔ပတ္သက္ျပီးေတာ့ Soo Hyang က စိတ္ပဲဆုိးရမလား ရယ္ပဲရယ္ရေတာ့မလား မသိပါဘူးတဲ႔ 😅💗သူတုိ႔ႏွစ္ေယာက္ပံုေလးေတြ အမွတ္တရျပန္ၾကည့္လိုက္ပါဦး 😎

Unicode

My ID is Gangnam Beauty ဇာတ်လမ်းတွဲဟာ ကိုရီးယားဇာတ်လမ်းတွဲတွေကြားထဲမှာ အောင်မြင်မှုအတော်လေးရရှိခဲ့တဲ့ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ မင်းသမီး Im Soo Hyang နဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo တို့က ခေါင်းဆောင်မင်းသားမင်းသမီးအဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းတွဲအပြီးမှာ သူတို့နှစ်ယောက်ကိုပရိသတ်တွေက တကယ့်စုံတွဲလေးဖြစ်စေချင်ကြတဲ့သတင်းတွေတောင် ထွက်ရှိလာခဲ့ပါသေးတယ် 💗

သိပ်မကြာခင်က အင်တာဗျူးတစ်ခုမှာတော့ Im Soo Hyang က ဒီဇာတ်လမ်းတွဲရိုက်ရင်း ရင်တွေအရမ်းခုန်ရတဲ့ဇာတ်ဝင်ခန်းတစ်ခန်းရှိခဲ့တဲ့အကြောင်းပြောပြလာခဲ့ပါတယ်။သူတို့နှစ်ယောက်က ဇာတ်လမ်းတွဲရိုက်ကူးရင်း အပြင်မှာလည်း သူငယ်ချင်းတွေလိုရင်းနှီးသွားခဲ့ကြတဲ့အတွက် ဇာတ်ကားရိုက်ကူးရေးမှာ သိပ်ပြီးရှိုးတိုးရှန့်တန့်ဖြစ်တာမျိုး၊အနေခက်တာမျိုးမရှိခဲ့ဘူးဆိုပေမဲ့လည်း Im Soo Hyang က Eun Woo နဲ့နှစ်ယောက်လမ်းအတူလျှောက်ရင်း လက်ချင်းထိမိမလိုဖြစ်သွားတဲ့အခန်းဟာ သူမရင်အခုန်ဆုံးဖြစ်ခဲ့တဲ့ဇာတ်ဝင်ခန်းတစ်ခန်းပါလို့ပြောပြခဲ့ပါတယ်။

Soo Hyang က “ကျွန်မတို့ အတူလမ်းလျှောက်လာရင်းလက်ချင်းထိမိမလိုဖြစ်တဲ့အခန်း၊ပြီးတော့ စပြီးလက်ကိုင်ဖြစ်တဲ့အခန်းက ကျွန်မကိုရင်အခုန်မြန်စေပါတယ်။ဘာလို့လဲဆိုတော့ ချစ်သူတွေစဖြစ်ကြတဲ့အချိန်မှာ အချစ်ဆိုတဲ့ခံစားချက်ကိုဖော်ပြတဲ့အထိအတွေ့သေးသေးလေးတွေနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားရင်ခုန်ရပုံမျိုးကို ပြန်ပြီး သတိရစေခဲ့လို့ပါ”တဲ့။ချစ်သူစစဖြစ်တဲ့အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတဲ့ အခိုက်အတန့်လေးကို ပြန်ပြီးရစေလို့ သူမအတွက် ဒီအခန်းက ရင်အခုန်ရဆုံးဖြစ်ခဲ့တာပါ။

Cha Eun Woo နဲ့ပတ်သက်ပြီး ပရိသတ်တွေပေးကြတဲ့ comment တွေထဲမှာ သူမအနေနဲ့သတိထားမိခဲ့တဲ့ comment တွေလည်းရှိခဲ့ပါတယ်တဲ့။ဘာလဲဆိုတော့ ပရိသတ်တွေက “ကျွန်မ သူနဲ့ နှစ်ယောက်တွဲသရုပ်ဆောင်ရတာ၊အတူတူအလုပ်လုပ်ရတာ အရင်ဘဝတုန်းက နိုင်ငံကိုကယ်တင်ခဲ့လို့ဖြစ်ရမယ်”ဆိုတဲ့ Comment တွေပါပဲ။”ကျွန်မနဲ့အလုပ်အတူတူတွဲလုပ်ရတာ Cha Eun Woo က အရင်ဘဝတုန်းက နိုင်ငံကိုကယ်တင်ခဲ့လို့ဖြစ်ရမယ်ဆိုတာမျိုးတော့ ဘာလို့ ဘယ်သူမှမပြောကြတာလဲ?”ဆိုပြီး အဲ့ဒီပရိသတ်တွေရဲ့ Comment အပေါ် ရယ်ရယ်မောမောနဲ့ပဲ ပြန်ပြီးတု့ံပြန်ခဲ့ပါတယ်။ဒါကလည်း Eun Woo ရဲ ့ပရိသတ်တွေက သူနဲ့အတူတူအလုပ်လုပ်ခွင့်ရချင်တဲ့စိတ်နဲ့ပြောကြတာဖြစ်မှာပါ။အဲ့ဒီစကားတွေနဲ့ပတ်သက်ပြီးတော့ Soo Hyang က စိတ်ပဲဆိုးရမလား ရယ်ပဲရယ်ရတော့မလား မသိပါဘူးတဲ့ 😅💗သူတို့နှစ်ယောက်ပုံလေးတွေ အမှတ်တရပြန်ကြည့်လိုက်ပါဦး 😎

5K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.