အေရျပားျပႆနာေတြကုိ သဘာ၀နည္းလမ္းေလးေတြနဲ႔ေျဖရွင္းၾကမယ္ 😇

အေရျပားေပၚမွာမၾကာခဏျဖစ္တတ္တဲ႔ အနီဖုထတာ၊ယားယံတာ၊ႏွင္းခူစတဲ႔အေရျပားျပႆနာေလးေတြကုိ သဘာ၀နည္းလမ္းေလးေတြနဲ႔ေျဖရွင္းႏုိင္ဖုိ႔ Trend ပရိသတ္ၾကီးအတြက္ နည္းလမ္းေလးေတြျပန္ျပီးမ်ွေ၀ေပးလုိက္ပါတယ္။

*ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္ဟာ က်န္းမာေရးျပႆနာေတာ္ေတာ္မ်ားမ်ားကုိေျဖရွင္းေပးႏုိင္ပါတယ္။ဒီပန္းသီးရွာလကာရည္ကုိ ၀က္ျခံလုိအေရျပားျပႆနာေတြေျဖရွင္းဖုိ႔သံုးႏုိင္သလုိ ကုိယ္အေလးခ်ိန္ခ်တဲ႔ေနရာမွာ၊အေရျပားေရာင္ရမ္းမႈေလ်ွာ့ခ်တဲ႔ေနရာေတြမွာသံုးေပးႏုိင္ပါတယ္။ဒါ့အျပင္ အေရျပား
ယားယံမႈေတြ၊အနီပိန္႔ထတာ၊ႏွင္းခူစတဲ႔အေရျပားေရာဂါေတြကုိလည္းကုသဖုိ႔သံုးႏုိင္ပါတယ္။ပန္းသီးရွာလကာရည္ ၂၀မီလီလီတာကုိ ေရတစ္ခြက္နဲ႔ေရာစပ္ျပီး တစ္ေန႔ကုိ ၂ခါ အေရျပားေပၚမွာ ဂြမ္းစေလးနဲ႔ဆြတ္ျပီးသံုးေပးရံုပါပဲ။

*ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္အႏွစ္ကုိ ေနေရာင္ေၾကာင့္ျဖစ္တတ္တဲ႔အေရျပားနီျမန္းမႈေတြ၊အနာက်က္ျမန္ဖုိ႔ေနရာေတြမွာသံုးေပးႏုိင္ပါတယ္။ေရဓာတ္ျဖည့္ေပးျပီး အေရျပားကုိသန္႔စင္ေပးႏုိင္ပါတယ္။မ်က္ႏွာမွာအစုိဓာတ္ထိန္းဖုိ႔အတြက္လိမ္းေပးႏုိင္သလုိ ဒဏ္ရာနာက်င္မႈေတြကုိလည္းေလ်ွာ့ခ်ေပးႏုိင္ပါတယ္။ရွားေစာင္းအႏွစ္ကုိ အေရျပားေပၚမွာ တစ္ေန႔သံုးၾကိမ္ပံုမွန္လိမ္းေပးရံုပါပဲ။

*အုန္းဆီ

အုန္းဆီကလည္း အေရျပားျပႆနာေတြကုိ ေျဖရွင္းေပးႏုိင္ပါတယ္တ႔ဲ။အုန္းဆီမွာပါ၀င္တဲ႔ anti-inflammatory ဓာတ္သတၱိေၾကာင့္အနီဖုထတာ၊ယားယံတာ၊ေနေရာင္ေၾကာင့္အသားအရည္အပူေလာင္တာစတဲ႔အေရျပားျပႆနာေတြကုိကုသေပးႏုိင္ပါတယ္။မိန္းကေလးေတြျဖစ္တတ္တဲ႔ ေပါင္အတြင္းသားပြန္းပဲ႔နာက်င္မႈအတြက္လည္းအုန္းဆီကုိသံုးေပးႏုိင္ပါတယ္။သဘာ၀အုန္းဆီစစ္စစ္တစ္ဘူးေတာ့၀ယ္ထားသင့္တယ္ေနာ္။အေရျပားေပၚမွာ တစ္ေန႔ကုိ ႏွစ္ၾကိမ္လိမ္းေပးဖုိ႔မေမ့ပါနဲ႔

*နႏြင္းမႈန္႔
နႏြင္းမႈန္႔ဟာလည္း အေရျပားျပႆနာေတာ္ေတာ္မ်ားမ်ားကုိ ေျဖရွင္းလုိ႔ရပါတယ္။နႏြင္းမႈန္႔ကုိ
အစားအစာေတြထဲမွာထည့္ျပီးသံုးၾကသလုိ အားျဖည့္ေဆးတစ္မိ်ဳးအျဖစ္လည္းသံုးၾကပါတယ္။နႏြင္းမႈန္႔မွာantioxidant ေတြပါ၀င္လို႔အသားအရည္ျပႆနာကုိေျဖရွင္းေပးႏုိင္တဲ႔အျပင္ အသားအရည္ကုိပုိျပီးေတာင္ၾကည္လင္လာေစပါတယ္။အထူးသျဖင့္နႏြင္းမႈန္႔ဟာ ၀က္ျခံေတြကုိသက္သာေပ်ာက္ကင္းေစျပီး ဘတ္တီးရီးယားပုိးေတြကုိသတ္ေပးပါတယ္။အသားအရည္ဆဲလ္ေတြကုိ
လည္းပုိျပီးေကာင္းလာေစျပီး သိပၸံပညာရွင္ေတြက အေရျပားေပၚမွာအနီပိန္႔ထတာကုိလည္း ေလ်ွာ့ခ်ေပးႏုိင္တယ္လုိ႔ေျပာထားပါတယ္။နႏြင္းမႈန္႔ကုိေရအနည္းငယ္နဲ႔ခပ္ပ်စ္ပ်စ္ေလးေဖ်ာ္ျပီးလိမ္းေပးႏုိင္ပါတယ္။

*အုတ္ဂ်ံဳမႈန္

အုတ္ဂ်ံဳမႈန္႔ဟာလည္း အသားအရည္ျပႆနာေတြအတြက္ေကာင္းေစပါတယ္တဲ႔။အုတ္ဂ်ံဳမွာ ေရဓာတ္ထိန္းေပးႏုိင္တဲ႔အစြမ္းေတြရွိေနသလုိ အေရျပားယားယံတာေတြကုိလည္းသက္သာေစပါတယ္။ေလ့လာခ်က္ေတြအရ အုတ္ဂ်ံဳဟာ အသားအရည္ေျခာက္ေသြ႔တဲ႔ျပႆနာကုိေျဖရွင္းေပးႏုိင္ျပီး ႏွင္းခူ၊ေသးငယ္တဲ႔အနီေရာင္အဖုေသးေသးေလးေတြျဖစ္တတ္တဲ႔အေရျပားေရာဂါတစ္မ်ိဳးကုိပါ သက္သာေစတယ္လုိ႔သိရပါတယ္။အုတ္ဂ်ံဳမႈန႔္ကုိေရေႏြးနဲ႔ ေရာစပ္ျပီးအေရျပားယားယံတဲ႔ျပႆနာကုိေျဖရွင္းနုိင္သလို မနက္စာအျဖစ္စားေပးျခင္းျဖင့္လည္း အသားအရည္ကုိပိုျပီးၾကည္လင္၀င္းပေစကာ ၀က္ျခံျဖစ္ပြားမႈကိုေလ်ွာ့ခ်ေပးႏုိင္ပါတယ္။

*Tea tree oil (လက္ဖက္ရြက္ဆီ)

လက္ဖက္ရြက္ဆီဟာလည္း မ်က္ႏွာမွာအဆီဖုျဖစ္တာေတြ၊၀က္ျခံေတြကုိ ကုသေပးႏုိင္သလုိ ဒဏ္ရာအနာတရျဖစ္တာေတြကုိေတာင္သက္သာေပ်ာက္ကင္းေစတယ္လုိ႔ေတြ႔ရွိရပါတယ္။ဒါ့အျပင္ ဘတ္တီးရီးယားပုိးေတြကုိကာကြယ္ေပးနုိင္တဲ႔ဆီအမ်ိဳးအစားထဲမွာပါ၀င္္ေနပါတယ္။၀က္ျခံနဲ႔အေရျပားမညီညာတာ၊ယားယံတာေတြကုိေပ်ာက္ကင္းေစသလုိ မၾကာခဏေဗာက္ထတာေတြအတြက္လည္းသံုးလုိ႔ရပါတယ္။အေရျပားမိႈေရာဂါအတြက္ေတာင္ လက္ဖက္ရြက္ဆီကုိသံုးေပးႏုိင္ပါတယ္တဲ႔။လက္ဖက္ရြက္ဆီကုိ အေရျပားေပၚမွာလိမ္းမယ္ဆုိရင္ အုန္းဆီအနည္းငယ္နဲ႔ေရာစပ္ေပးဖုိ႔လည္းမေမ့ပါနဲ႔ 😉

Unicode

အရေပြားပေါ်မှာမကြာခဏဖြစ်တတ်တဲ့ အနီဖုထတာ၊ယားယံတာ၊နှင်းခူစတဲ့အရေပြားပြဿနာလေးတွေကို သဘာဝနည်းလမ်းလေးတွေနဲ့ဖြေရှင်းနိုင်ဖို့ Trend ပရိသတ်ကြီးအတွက် နည်းလမ်းလေးတွေပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

*ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဟာ ကျန်းမာရေးပြဿနာတော်တော်များများကိုဖြေရှင်းပေးနိုင်ပါတယ်။ဒီပန်းသီးရှာလကာရည်ကို ဝက်ခြံလိုအရေပြားပြဿနာတွေဖြေရှင်းဖို့သုံးနိုင်သလို ကိုယ်အလေးချိန်ချတဲ့နေရာမှာ၊အရေပြားရောင်ရမ်းမှုလျှော့ချတဲ့နေရာတွေမှာသုံးပေးနိုင်ပါတယ်။ဒါ့အပြင် အရေပြား
ယားယံမှုတွေ၊အနီပိန့်ထတာ၊နှင်းခူစတဲ့အရေပြားရောဂါတွေကိုလည်းကုသဖို့သုံးနိုင်ပါတယ်။ပန်းသီးရှာလကာရည် ၂ဝမီလီလီတာကို ရေတစ်ခွက်နဲ့ရောစပ်ပြီး တစ်နေ့ကို ၂ခါ အရေပြားပေါ်မှာ ဂွမ်းစလေးနဲ့ဆွတ်ပြီးသုံးပေးရုံပါပဲ။

*ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အနှစ်ကို နေရောင်ကြောင့်ဖြစ်တတ်တဲ့အရေပြားနီမြန်းမှုတွေ၊အနာကျက်မြန်ဖို့နေရာတွေမှာသုံးပေးနိုင်ပါတယ်။ရေဓာတ်ဖြည့်ပေးပြီး အရေပြားကိုသန့်စင်ပေးနိုင်ပါတယ်။မျက်နှာမှာအစိုဓာတ်ထိန်းဖို့အတွက်လိမ်းပေးနိုင်သလို ဒဏ်ရာနာကျင်မှုတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ရှားစောင်းအနှစ်ကို အရေပြားပေါ်မှာ တစ်နေ့သုံးကြိမ်ပုံမှန်လိမ်းပေးရုံပါပဲ။

*အုန်းဆီ
အုန်းဆီကလည်း အရေပြားပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်တဲ့။အုန်းဆီမှာပါဝင်တဲ့ anti-inflammatory ဓာတ်သတ္တိကြောင့်အနီဖုထတာ၊ယားယံတာ၊နေရောင်ကြောင့်အသားအရည်အပူလောင်တာစတဲ့အရေပြားပြဿနာတွေကိုကုသပေးနိုင်ပါတယ်။မိန်းကလေးတွေဖြစ်တတ်တဲ့ ပေါင်အတွင်းသားပွန်းပဲ့နာကျင်မှုအတွက်လည်းအုန်းဆီကိုသုံးပေးနိုင်ပါတယ်။သဘာဝအုန်းဆီစစ်စစ်တစ်ဘူးတော့ဝယ်ထားသင့်တယ်နော်။အရေပြားပေါ်မှာ တစ်နေ့ကို နှစ်ကြိမ်လိမ်းပေးဖို့မမေ့ပါနဲ့

*နနွင်းမှုန့်
နနွင်းမှုန့်ဟာလည်း အရေပြားပြဿနာတော်တော်များများကို ဖြေရှင်းလို့ရပါတယ်။နနွင်းမှုန့်ကို
အစားအစာတွေထဲမှာထည့်ပြီးသုံးကြသလို အားဖြည့်ဆေးတစ်မျိုးအဖြစ်လည်းသုံးကြပါတယ်။နနွင်းမှုန့်မှာantioxidant တွေပါဝင်လို့အသားအရည်ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အပြင် အသားအရည်ကိုပိုပြီးတောင်ကြည်လင်လာစေပါတယ်။အထူးသဖြင့်နနွင်းမှုန့်ဟာ ဝက်ခြံတွေကိုသက်သာပျောက်ကင်းစေပြီး ဘတ်တီးရီးယားပိုးတွေကိုသတ်ပေးပါတယ်။အသားအရည်ဆဲလ်တွေကို
လည်းပိုပြီးကောင်းလာစေပြီး သိပ္ပံပညာရှင်တွေက အရေပြားပေါ်မှာအနီပိန့်ထတာကိုလည်း လျှော့ချပေးနိုင်တယ်လို့ပြောထားပါတယ်။နနွင်းမှုန့်ကိုရေအနည်းငယ်နဲ့ခပ်ပျစ်ပျစ်လေးဖျော်ပြီးလိမ်းပေးနိုင်ပါတယ်။

*အုတ်ဂျုံမှုန့်
အုတ်ဂျုံမှုန့်ဟာလည်း အသားအရည်ပြဿနာတွေအတွက်ကောင်းစေပါတယ်တဲ့။အုတ်ဂျုံမှာ ရေဓာတ်ထိန်းပေးနိုင်တဲ့အစွမ်းတွေရှိနေသလို အရေပြားယားယံတာတွေကိုလည်းသက်သာစေပါတယ်။လေ့လာချက်တွေအရ အုတ်ဂျုံဟာ အသားအရည်ခြောက်သွေ့တဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ပြီး နှင်းခူ၊သေးငယ်တဲ့အနီရောင်အဖုသေးသေးလေးတွေဖြစ်တတ်တဲ့အရေပြားရောဂါတစ်မျိုးကိုပါ သက်သာစေတယ်လို့သိရပါတယ်။အုတ်ဂျုံမှုန့်ကိုရေနွေးနဲ့ ရောစပ်ပြီးအရေပြားယားယံတဲ့ပြဿနာကိုဖြေရှင်းနိုင်သလို မနက်စာအဖြစ်စားပေးခြင်းဖြင့်လည်း အသားအရည်ကိုပိုပြီးကြည်လင်ဝင်းပစေကာ ဝက်ခြံဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။

*Tea tree oil (လက်ဖက်ရွက်ဆီ)

လက်ဖက်ရွက်ဆီဟာလည်း မျက်နှာမှာအဆီဖုဖြစ်တာတွေ၊ဝက်ခြံတွေကို ကုသပေးနိုင်သလို ဒဏ်ရာအနာတရဖြစ်တာတွေကိုတောင်သက်သာပျောက်ကင်းစေတယ်လို့တွေ့ရှိရပါတယ်။ဒါ့အပြင် ဘတ်တီးရီးယားပိုးတွေကိုကာကွယ်ပေးနိုင်တဲ့ဆီအမျိုးအစားထဲမှာပါဝင််နေပါတယ်။ဝက်ခြံနဲ့အရေပြားမညီညာတာ၊ယားယံတာတွေကိုပျောက်ကင်းစေသလို မကြာခဏဗောက်ထတာတွေအတွက်လည်းသုံးလို့ရပါတယ်။အရေပြားမှိုရောဂါအတွက်တောင် လက်ဖက်ရွက်ဆီကိုသုံးပေးနိုင်ပါတယ်တဲ့။လက်ဖက်ရွက်ဆီကို အရေပြားပေါ်မှာလိမ်းမယ်ဆိုရင် အုန်းဆီအနည်းငယ်နဲ့ရောစပ်ပေးဖို့လည်းမမေ့ပါနဲ့

142 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.