ကိုယ့်နားမှာရှိမနေချင်တဲ့တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ထားရတဲ့အခါ…😌

ကိုယ်နားမှာ မနေချင်တဲ့သူကိုယ်နဲ့နေရတာမပျော်တဲ့သူ တစ်ယောက်ကို ပိုင်ဆိုင်ထားရတာသိပ်ကို ကြောက်ဖို့ကောင်းတဲ့စိတ်ဆင်းရဲစရာပိုင်ဆိုင်မှုတစ်ခုပါပဲ။ကိုယ့်ကိုမလိုအပ်တော့တဲ့သူတစ်ယောက်ကိုစွန့်လွှတ်နိုင်အောင်ဘယ်လိုကြိုးစားသင့်သလဲ…

1. နှစ်ဦးနှစ်ဖက်စိတ်ချမ်းသာမယ်လို့တွေးပါ

နှစ်ဦးနှစ်ဖက်စိတ်ချမ်းသာမယ်လို့တွေးပါ

ကိုယ်မရှိမှစိတ်ချမ်းသာမယ်ကိုယ်နဲ့ဝေးရာမှာမှနေချင်တဲ့သူမျိုးကို ကိုယ့်ဘ၀ထဲအတင်းဆွဲမသွင်းပါနဲ့။ ကိုယ်ဘယ်လောက်ပဲသူ့ကိုလိုအပ်လိုအပ် သူ့စိတ်ကတစ်ခြားမှာမို့အနည်းဆုံးတော့ကိုယ်စိတ်ချမ်းသာဖို့အတွက်သူ့ကိုစွန့်လွှတ်လိုက်ပါ။

2. လျစ်လျူရှုပစ်ပါ

လျစ်လျူရှုပစ်ပါကိုယ်တအားချစ်ခဲ့တဲ့သူတစ်ယောက်ကို လွယ်လွယ်မုန်းဖို့နာကြည်းဖို့ကထင်သလောက်မလွယ်ပါဘူး။ ဆိုတော့ ကိုယ့်အပေါ်လုပ်ရပ်ခဲ့တယ် ထားရခဲ့တယ်ဆိုတဲ့စိတ်တွေကို အမြဲသွင်းပေးပြီး နောက်ဆုံးလျစ်လျူရှုနိုင်အောင်ထိကြိုးစားပါ။ ကိုယ်စိတ်ကြီးကို မတရားကြီးထိန်းချုပ်သွားပြီး နင်ထွက်သွားလို့မဖြစ်ဘူး ဆိုတဲ့စိတ်နဲ့ အဆုံးထိတွယ်ကပ်နေရင်နာကျင်ရတဲ့သူကကိုယ်ပဲဖြစ်မှာကြောင့် တင်းဆုပ်မထားပဲ လွတ်လပ်ချင်တဲ့သူကိုလွတ်လပ်ခွင့်ပေးလိုက်ပါ။

3. ကိုယ့်ကိုဖူဖူးမှုတ်ချစ်နိုင်တဲ့သူကိုတွေ့ဖို့ဖြစ်လာတယ်လို့သဘောထားပါ

 ကိုယ့်ကိုဖူဖူးမှုတ်ချစ်နိုင်တဲ့သူကိုတွေ့ဖို့ဖြစ်လာတယ်လို့သဘောထားပါကိုယ့်ဘက်ကမမှားပဲကိုယ့်ကိုစွန့်ပစ်သွားတာကြောင့် သူ့ကြံကမ္မာသူဖန်တီးတယ်လို့တွေးလိုက်ပါ။ အချိန်တန်ကိုယ့်ဘ၀အတွက်အကောင်းဆုံးတွေဖြစ်လာမှာမို့အခုချိန်ခဏတာနာကျင်ရတယ်လို့သတ်မှတ်ပြီးစွန့်ပစ်လိုက်ပါ။ ကိုယ်တိုင်အမှားမရှိခဲ့တာကြောင့်လိပ်ပြာသန့်သန့်နဲ့လမ်းခွဲပေးလိုက်ပါ။သူရွေးချယ်တဲ့ဘ၀နဲ့သူ အဆင်ပြေပါစေလို့ဆုတောင်းပေးတာအကောင်းဆုံးပါပဲ။

4. လွတ်မြောက်သွားတယ်လို့မှတ်ပါ

လွတ်မြောက်သွားတယ်လို့မှတ်ပါ ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်ကိုပိုင်ဆိုင်ထားရတာဟာသူလည်းစိတ်ညစ်ရသလိုကိုယ်လည်းစိတ်မွန်းကျပ်ရပါတယ်။ သူပြောတဲ့စကားတွေလုပ်တဲ့အမူအရာတွေက ကိုယ့်အတွက် ဟန်ဆောင်တာတွေ မုသားတွေမှန်းသိလိုက်ရရင် ပိုခံစားရတာမို့ ကိုယ့်ဘ၀အတွက်လည်းကိုယ်တိုင်လွတ်မြောက်သွားတယ်လို့ဂုဏ်ယူလိုက်ပါ။

5. မပျော်ရွှင်နိုင်ပေမဲ့ မနာကျင်ရတော့တာသေချာပါတယ်

မပျော်ရွှင်နိုင်ပေမဲ့ မနာကျင်ရတော့တာသေချာပါတယ်ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကိုစွန့်လွှတ်လိုက်ရတာမို့အစပိုင်းမှာတော့ သေလောက်အောင်စိတ်ညစ် ပြီးပျော်ရွှင်မှုတွေကင်းမဲ့နေနိုင်ပင်မဲ့ ထပ်ပြီး မနာကျင်ရတော့မှာတော့သေချာပါတယ်။ သူ့ပေးတဲ့ဘာစိတ်ဒဏ်ရာမှကို ခံစားစရာမလိုတော့တာကြောင့် ခဏတာမပျော်ရွှင်ရပေမဲ့ တစ်သက်တာမနာကျင်ရတော့ပါဘူး။

124 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.