ကစားသမား ဘ၀ တစ်လျှောက် ပင်နယ်တီ ၂၆ဂိုးကို လွဲချော်ခြင်းမရှိ ကန်သွင်းနိုင်ခဲ့တဲ့ အေစီမီလန် တိုက်စစ်မှူး ဘာလော့တယ်ရီရဲ့စံချိန်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ နာပိုလီနဲ့ပွဲမှာ ကျိုးပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာလော့တယ်ရီရဲ့ ကစားသမားဘ၀တစ်လျောက် ပင်နယ်တီ လွဲချော်ခြင်း မရှိခဲ့တဲ့ စံချိန်ကို ချိုးဖျက်ခဲ့တဲ့ ဂိုးသမားမှာ ရီနာဖြစ်ပြီး ပွဲအပြီးမှ ဘာလော့တယ်ရီရဲ့ ပင်နယ်တီ ကန်သွင်းပုံကို ပွဲမတိုင်ခင် လေ့လာခဲ့တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ နာပိုလီအသင်းက နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဘာလော့တယ်ရီဟာလည်း အနီပြခြင်းခံခဲ့ရပါတယ်။ ဂိုးသမားရီနာက အေစီအသင်း ကစားသမားတွေကို ပွဲမတိုင်ခင် လေ့လာခဲ့တဲ့ ကစားသမားတွေထဲမှာ ပင်နယ်တီ ကန်သွင်းရာ မှာ ထူးချွန်တဲ့ မီရီယိုရဲ့ ပင်နယ်တီ ကန်သွင်းပုံတွေကိုလည်း လေ့လာခဲ့တယ်လို့ ပြောကြားခဲ့ပြီး ယခုပွဲမှာ အနိုင်ရရှိတဲ့အတွက် အသင်းအတွက် ယုံကြည်မှု တိုးပွားစေတယ်လို့ ပြောကြားခဲ့ပါတယ်။
(IN’D)