အသီးရွက်များများစားပေးရင် ဒီလိုကောင်းကျိုးသုခလေးတွေ ခံစားရလိမ့်မယ်

အသားထက် အသီးရွက်များများစားပေးခြင်းက ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေသလို၊ အသားရည်ကိုလည်းကြည်လင်တောက်ပစေတယ်ဆိုတာ သိပြီးကြမှာပါ။ အသီးရွက်ကိုများများစားပေးခြင်းက သင်ထင်ထားတာ ထက်တောင် ဘယ်လောက်ထိ ကောင်းကျိုးသုခတွေရရှိစေမလဲဆိုတာ ကြည့်လိုက်ရအောင်

ကင်ဆာရောဂါ ကာကွယ်နိုင်


အစိမ်းရောင်ရှိ အသီးရွက်တွေဟာ ကင်ဆာရောဂါမဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်၊ ဆီးအိမ် ၊ ရင်သား ၊ ပရော့စတိတ် ၊ အဆုတ် ၊ အူမကြီး နဲ့ အရေပြားကင်ဆာတို့ကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။

စိတ်ကျရောဂါ
အသီးရွက်များများစားပေးခြင်းရဲ့ အကောင်းအကျိုးကျေးဇူးကတော့ စိတ်ကျရောဂါကို အကောင်းဆုံး
ကာကွယ်ပေးနိုင်တာပါပဲ။ ၂ဝ၁၅ခုနှစ်က လေ့လာမှုအရ အသားများများစားတဲ့သူထက် ၊ အသီးရွက်စားသူတွေက စိတ်ကျရောဂါအဖြစ်နည်းပြီး ပိုပြီးပေါ့ပါးလွတ်လပ်နေကြောင်းတွေ့ရပါတယ်။ အသီးရွက်စားသူတွေရဲ့ခန္ဓာကိုယ် အဆီမရှိ ၊ အမြဲတမ်းပေါ့ပါးနေတာဆိုတော့ အ၀တ်စား ဝတ်တဲ့အခါ စိတ်ချမ်းသာမှုရှိပြီး ကိုယ့်ကိုကိုယ် စိတ်တိုင်းကျရတာပဲဖြစ်ပါတယ်။

နှလုံးနဲ့သွေးကြောစနစ်


အသီးရွက်တွေဟာ နှလုံးနဲ့ သွေးကြောစနစ်ကိုပါ ကောင်းမွန်စေပါတယ်။ အရွက်မှာပါတဲ့ sulforaphone ဟာ အသားရည်နီမြန်းဖူးရောင်ခြင်းကို သက်သာစေပြီး အဝလွန်ခြင်းနဲ့ သွေးတိုးရောဂါတို့ကိုလည်း သက်သာစေပါတယ်။ ရောဂါတွေ လွယ်လွယ်နဲ့မဖြစ်အောင်လည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

ဝိတ်ချတဲ့အခါ
ဝိတ်ချတော့မယ်လို့ စဉ်းစားထားရင် အားလုံးက အသီးရွက်ကိုပဲဦးစားပေး စားကြဖို့ အကြံဥာဏ်ပေးကြမှာပါ။ တကယ်လည်း အသီးရွက်နဲ့ ဝိတ်ချခြင်းမှာ ကောင်းကျိုးလည်းရှိပြီး ထိရောက်နေတာကိုး။ မနက်ပိုင်းကို ကိုယ်ကြိုက်တဲ့ အသား ၊ ငါးတွေ အားရပါးရစားပြီးရင် ညနေစာကိုတော့ အသီးရွက်နဲ့ပဲ ဝိတ်ချပါ။ ခန္ဓာကိုယ်ကိုလည်း အာဟာရဖြစ်စေပြီး မလိုအပ်တဲ့ အဆီတွေကိုလည်း ဖယ်ရှားပေးတာမို့ ဒါဟာ အကောင်းဆုံး diet တစ်ခုပဲဖြစ်ပါတယ်။

Image result for Vegetable

ကဲ.. အခုဆို အသီးရွက်ရဲ့ကောင်းကျိုးသုခတွေကိုလည်း သိပြီဆိုတော့ အသီးရွက်များများစားပေးဖို့က မပျင်းကြဖို့ ၊ မမေ့ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်….

219 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.