သင့္ခ်စ္သူက ဒီစကားေတြ ခဏခဏေျပာေနျပီလား?🤔

ခ်စ္သူစံုတြဲရယ္လုိ႔ျဖစ္လာျပီဆုိရင္ ရန္ျဖစ္တာ၊ၾကည္ႏူးတာေတြက တစ္လွည့္စီၾကံဳေနရမွာအေသအခ်ာပါပဲ။ဒါက သင့္အခ်စ္ေရးနဲ႔ပတ္သက္ျပီးစိတ္ပူစရာမလိုေသးပါဘူး။တကယ္လုိ႔ သင့္ခ်စ္သူက ဒီစကားလံုးေတြကုိသာ ခဏခဏေျပာေနမယ္ဆုိရင္ေတာ့ သင္တို႔ရဲ႔အခ်စ္ေရးက ျငိမ္ေနတဲ႔ မီးေတာက္တစ္ခုလို ဘယ္အခ်ိန္မွာ၀ုန္းခနဲထေပါက္ကြဲပ်က္စီးသြားမလဲဆုိတာမသိႏုိင္ပါဘူး။ဒီစကားလံုးေတြဟာ relationship တစ္ခုမွာျပႆနာအဖုအထစ္ရွိေနျပီဆုိတာ ျပေနတာပါပဲ။

*ပ်င္းလာျပီဟာ
တကယ္လုိ႔သင္တုိ႔စံုတြဲက ဆံုေတြ႔လိုက္တဲ႔အခ်ိန္တုိင္း ရုပ္ရွင္ၾကည့္တယ္။စကားထုိင္ေျပာၾကတယ္၊ဒါမွမဟုတ္ ပန္းျခံသြားေန၀င္တာၾကည့္စသျဖင့္အဲ႔ဒီလုိမ်ိဳးေတြနဲ႔ပဲ အခ်ိန္ကုန္ဆံုးျဖစ္မယ္ဆုိရင္ၾကာလာတဲ႔အခါ ပ်င္းလာတတ္ပါတယ္။ေတာ္ရံုဆုိ ဘယ္သူမွ ဒီလုိပဲသြားေနရတာ ပ်င္းလာျပီလုိ႔ႏႈတ္ကေျပာမွာမဟုတ္ပါဘူး။ဒါေၾကာင့္ ႏွစ္ေယာက္သားတုိင္ပင္ျပီး ခရီးတုိေလးေတြထြက္တာ၊စက္ဘီးအတူစီးျပီးေလ်ွာက္သြားၾကတာ၊အရင္ကမလုပ္ဖူးေသးတဲ႔အားကစားနည္းတစ္ခ်ိဳ႔လုပ္တာ၊ႏွစ္ေယာက္သားၾကည္ႏူးစရာကုသုိလ္ေလးေတြအတူတူလုပ္တာေတြနဲ႔ အခ်စ္ေရးကုိျပန္ျပီးေႏြးေထြးလန္းဆန္းလာေအာင္လုပ္ပါ။

*မင္းက ငါ့ကုိဘယ္ေတာ့မွနားလည္မေပးဘူး
ကုိယ္ၾကိဳက္တဲ႔အရာတစ္ခုကုိ သူ မၾကိဳက္တာဟာ ဒါက သူ႔ရဲ ႔အခြင့္အေရးပါပဲ။ဒါကုိ မၾကိဳက္ရေကာင္းလား၊ဘာလို႔မၾကိဳက္ရတာလဲဆုိျပီးေျပာလို႔မရပါဘူး။သင့္ခ်စ္သူက ဒီလုိမ်ိဳးထုတ္ေျပာလာျပီဆုိရင္ သင့္အေနနဲ႔သူ႔ရဲ႔စိတ္ကုိ ျပန္ျပီးေလးစားဖုိ႔၊သူ႔စိတ္ကုိ နားလည္ေပးဖုိ႔လိုေနပါျပီ။ရႈေထာင့္အမ်ိဳးမ်ိဳးကေနၾကည့္ျပီး ခိုင္မာတဲ႔အခ်စ္ေရးတစ္ခုတည္ေဆာက္ပါ

*မင္းက ဘယ္ေတာ့မွေျပာင္းလဲလာမွာမဟုတ္ဘူ
သင့္ခ်စ္သူက ဒီစကားကုိေျပာေနျပီလား?ဒါက သင့္ကုိ အနည္းငယ္စိတ္ပ်က္ေနျပီဆုိတဲ႔စကားသံမ်ိဳးေပါက္ေနပါတယ္။တကယ္လုိ႔သင္က သူမၾကိဳက္တာတစ္ခုခုကုိေျပာင္းလဲေနရဲ႔သားနဲ႔ သူက မျမင္တာဆုိရင္ သင့္အေနနဲ႔ဒီထက္ပုိျပီးသူ႔ကုိနားလည္ေအာင္ေျပာျပပါ။ေျပာင္းလဲတယ္ဆုိတာ အခ်ိန္ခဏေလးနဲ႔မရပါဘူး။သူကလည္း ျပႆနာရွာ၊ကုိယ္ကလည္းသည္းမခံႏုိင္ဆုိရင္ေတာ့ ျပတ္မွာပါပဲ။

*ဘာလုိ႔တစ္ျခားသူေတြလုိမဟုတ္တာလဲ?
ဟင္ လူတစ္ေယာက္နဲ႔တစ္ေယာက္မတူႏုိင္ပါဘူးေနာ္။ကိုယ့္ခ်စ္သူကုိ တစ္ျခားသူေတြနဲ႔ႏိႈင္းယွဥ္ေျပာတာမ်ိဳးက ေရွာ့ခ္အၾကီးၾကီးပါ။ကုိယ္လည္းမေျပာသင့္သလို သူလည္းကုိယ့္ကုိမေျပာသင့္ပါဘူး။သင့္ခ်စ္သူက သင့္ရဲ႔အက်င့္တစ္ခုခုကုိမၾကိဳက္လုိ႔၊ဒါမွမဟုတ္ သင္က လွလွပပမေနတတ္လုိ႔
ဘာလို႔သူမ်ားေတြလိုျပင္ျပင္ဆင္ဆင္မေနတတ္တာလဲ၊ဘာလို႔သူမ်ားေတြလိုမဟုတ္တာလဲ…စသျဖင့္ေျပာေနျပီလား?ဒါက သင့္တန္ဖုိးကုိ သတိမထားမိပဲ တစ္ျခားသူနဲ႔ႏိႈင္းယွဥ္တြက္ခ်က္ဖုိ႔သာ သူတုိ႔အာရံုစုိက္ေနလုိ႔ပါ။ဒီလုိဆုိရင္ သင့္ဘက္ကလည္းစဥ္းစားသင့္ေနပါျပီ။ေရွ႔ဆက္လက္တြဲသင့္မသင့္ေပါ့။

*အရင္က ငါခ်စ္ခဲ႔တဲ႔မင္းနဲ႔ အခုမင္းက မတူေတာ့ဘူး
ငါစခ်စ္တုန္းက မင္းကဒီလုိပံုစံမ်ိဳးမဟုတ္ပါဘူး။အရင္တုန္းကမင္းကဘယ္လိုဘာညာစသျဖင့္ ခဏခဏေျပာေနျပီလား?လူတုိင္းက အခ်ိန္နဲ႔အမ်ွေျပာင္းလဲေနတတ္သလို ရင့္က်က္လာတတ္ပါတယ္။ဒါကုိ ေတြ႔စတုန္းက ကေလးဆန္တာေလးကုိခ်စ္တာ အခုက် မင္းကရင့္က်က္ေနျပီလားဆုိတာမ်ိဳးနဲ႔ေတာ့ Relationship တစ္ခုမွာ အျပစ္အနာအဆာမျဖစ္သင့္ပါဘူးေနာ္။ဒီေတာ့ ကုိယ့္ခ်စ္သူကုိလည္း ဒါက ရင့္က်က္လာတာျဖစ္တဲ႔အေၾကာင္း၊အရင္ကနဲ႔အခုနဲ႔မတူေပမဲ႔ ခ်စ္တာကေတာ့အတူတူပဲဆုိတဲ႔အေၾကာင္းေသခ်ာနားလည္ေအာင္ေျပာျပပါ။ဒီေလာက္ေျပာေနတာေတာင္ ေတြ႔စကတုန္းပဲျပန္လုိခ်င္တယ္ဆုိရင္ေတာ့ ေသခ်ာညိွႏိႈင္းဖုိ႔လိုေနပါျပီ။

*မင္းလုပ္ခ်င္တာလုပ္၊မင္းၾကိဳက္သလုိဆံုးျဖတ္
ဒီစကားလံုးကို သင့္ခ်စ္သူက ခဏခဏေျပာေနျပီလား၊သံုးေနျပီလား?ဘယ္လိုကိစၥမ်ိဳးပဲျဖစ္ျဖစ္ ႏွစ္ေယာက္သားေဆြးေႏြးတုိင္ပင္ရမယ့္အခ်ိန္မွာသူက သင့္စိတ္ၾကိဳက္လုပ္လုိ႔ေျပာတာက တစ္ခါတစ္ေလ သင္လုိခ်င္တာက သူလုိခ်င္တာနဲ႔ကြက္တိျဖစ္ေနလုိ႔ေျပာတာျဖစ္ႏုိင္သလုိ သင္လုပ္ခ်င္တဲ႔ကိစၥတစ္ခုကုိ စိတ္မ၀င္စားဘူးလုိ႔ေျပာေနတာနဲ႔အတူတူပါပဲ။ဒါကေတာ့ ကုိယ့္ခ်စ္သူအေၾကာင္းကုိယ္အသိဆံုးျဖစ္မွာပါေနာ္။ဘယ္စကားဆုိ သူစိတ္ဆုိးလို႔ေျပာတာ၊သူမၾကိဳက္လို႔ေျပာတာစသျဖင့္ေပါ့။

ဒီစကားလံုးေတြကုိ သင့္ခ်စ္သူက ခဏခဏေျပာေနမယ္ဆုိရင္ေတာ့ ဒါက ေရရွည္ဆုိအဖုအထစ္ၾကီးတစ္ခုျဖစ္ေနမွာပါ။ဒီေတာ့အခ်စ္ေရးကုိအရင္လိုျပန္ျပီးေႏြးေထြးေစဖုိ႔ ႏွစ္ေယာက္သားပြင့္ပြင့္လင္းလင္းမ်က္ႏွာခ်င္းဆုိင္ျပီး ရင္ထဲကအစုိင္အခဲေတြကုိေျဖရွင္းလုိက္ၾကပါလို႔ အၾကံေပးလိုက္ပါတယ္🧡

Unicode

ချစ်သူစုံတွဲရယ်လို့ဖြစ်လာပြီဆိုရင် ရန်ဖြစ်တာ၊ကြည်နူးတာတွေက တစ်လှည့်စီကြုံနေရမှာအသေအချာပါပဲ။ဒါက သင့်အချစ်ရေးနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုသေးပါဘူး။တကယ်လို့ သင့်ချစ်သူက ဒီစကားလုံးတွေကိုသာ ခဏခဏပြောနေမယ်ဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးက ငြိမ်နေတဲ့ မီးတောက်တစ်ခုလို ဘယ်အချိန်မှာဝုန်းခနဲထပေါက်ကွဲပျက်စီးသွားမလဲဆိုတာမသိနိုင်ပါဘူး။ဒီစကားလုံးတွေဟာ relationship တစ်ခုမှာပြဿနာအဖုအထစ်ရှိနေပြီဆိုတာ ပြနေတာပါပဲ။

*ပျင်းလာပြီဟာ
တကယ်လို့သင်တို့စုံတွဲက ဆုံတွေ့လိုက်တဲ့အချိန်တိုင်း ရုပ်ရှင်ကြည့်တယ်။စကားထိုင်ပြောကြတယ်၊ဒါမှမဟုတ် ပန်းခြံသွားနေဝင်တာကြည့်စသဖြင့်အဲ့ဒီလိုမျိုးတွေနဲ့ပဲ အချိန်ကုန်ဆုံးဖြစ်မယ်ဆိုရင်ကြာလာတဲ့အခါ ပျင်းလာတတ်ပါတယ်။တော်ရုံဆို ဘယ်သူမှ ဒီလိုပဲသွားနေရတာ ပျင်းလာပြီလို့နှုတ်ကပြောမှာမဟုတ်ပါဘူး။ဒါကြောင့် နှစ်ယောက်သားတိုင်ပင်ပြီး ခရီးတိုလေးတွေထွက်တာ၊စက်ဘီးအတူစီးပြီးလျှောက်သွားကြတာ၊အရင်ကမလုပ်ဖူးသေးတဲ့အားကစားနည်းတစ်ချို့လုပ်တာ၊နှစ်ယောက်သားကြည်နူးစရာကုသိုလ်လေးတွေအတူတူလုပ်တာတွေနဲ့ အချစ်ရေးကိုပြန်ပြီးနွေးထွေးလန်းဆန်းလာအောင်လုပ်ပါ။

*မင်းက ငါ့ကိုဘယ်တော့မှနားလည်မပေးဘူး
ကိုယ်ကြိုက်တဲ့အရာတစ်ခုကို သူ မကြိုက်တာဟာ ဒါက သူ့ရဲ ့အခွင့်အရေးပါပဲ။ဒါကို မကြိုက်ရကောင်းလား၊ဘာလို့မကြိုက်ရတာလဲဆိုပြီးပြောလို့မရပါဘူး။သင့်ချစ်သူက ဒီလိုမျိုးထုတ်ပြောလာပြီဆိုရင် သင့်အနေနဲ့သူ့ရဲ့စိတ်ကို ပြန်ပြီးလေးစားဖို့၊သူ့စိတ်ကို နားလည်ပေးဖို့လိုနေပါပြီ။ရှုထောင့်အမျိုးမျိုးကနေကြည့်ပြီး ခိုင်မာတဲ့အချစ်ရေးတစ်ခုတည်ဆောက်ပါ

*မင်းက ဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူး
သင့်ချစ်သူက ဒီစကားကိုပြောနေပြီလား?ဒါက သင့်ကို အနည်းငယ်စိတ်ပျက်နေပြီဆိုတဲ့စကားသံမျိုးပေါက်နေပါတယ်။တကယ်လို့သင်က သူမကြိုက်တာတစ်ခုခုကိုပြောင်းလဲနေရဲ့သားနဲ့ သူက မမြင်တာဆိုရင် သင့်အနေနဲ့ဒီထက်ပိုပြီးသူ့ကိုနားလည်အောင်ပြောပြပါ။ပြောင်းလဲတယ်ဆိုတာ အချိန်ခဏလေးနဲ့မရပါဘူး။သူကလည်း ပြဿနာရှာ၊ကိုယ်ကလည်းသည်းမခံနိုင်ဆိုရင်တော့ ပြတ်မှာပါပဲ။

*ဘာလို့တစ်ခြားသူတွေလိုမဟုတ်တာလဲ?
ဟင် လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူးနော်။ကိုယ့်ချစ်သူကို တစ်ခြားသူတွေနဲ့နှိုင်းယှဉ်ပြောတာမျိုးက ရှော့ခ်အကြီးကြီးပါ။ကိုယ်လည်းမပြောသင့်သလို သူလည်းကိုယ့်ကိုမပြောသင့်ပါဘူး။သင့်ချစ်သူက သင့်ရဲ့အကျင့်တစ်ခုခုကိုမကြိုက်လို့၊ဒါမှမဟုတ် သင်က လှလှပပမနေတတ်လို့
ဘာလို့သူများတွေလိုပြင်ပြင်ဆင်ဆင်မနေတတ်တာလဲ၊ဘာလို့သူများတွေလိုမဟုတ်တာလဲ…စသဖြင့်ပြောနေပြီလား?ဒါက သင့်တန်ဖိုးကို သတိမထားမိပဲ တစ်ခြားသူနဲ့နှိုင်းယှဉ်တွက်ချက်ဖို့သာ သူတို့အာရုံစိုက်နေလို့ပါ။ဒီလိုဆိုရင် သင့်ဘက်ကလည်းစဉ်းစားသင့်နေပါပြီ။ရှေ့ဆက်လက်တွဲသင့်မသင့်ပေါ့။

*အရင်က ငါချစ်ခဲ့တဲ့မင်းနဲ့ အခုမင်းက မတူတော့ဘူး
ငါစချစ်တုန်းက မင်းကဒီလိုပုံစံမျိုးမဟုတ်ပါဘူး။အရင်တုန်းကမင်းကဘယ်လိုဘာညာစသဖြင့် ခဏခဏပြောနေပြီလား?လူတိုင်းက အချိန်နဲ့အမျှပြောင်းလဲနေတတ်သလို ရင့်ကျက်လာတတ်ပါတယ်။ဒါကို တွေ့စတုန်းက ကလေးဆန်တာလေးကိုချစ်တာ အခုကျ မင်းကရင့်ကျက်နေပြီလားဆိုတာမျိုးနဲ့တော့ Relationship တစ်ခုမှာ အပြစ်အနာအဆာမဖြစ်သင့်ပါဘူးနော်။ဒီတော့ ကိုယ့်ချစ်သူကိုလည်း ဒါက ရင့်ကျက်လာတာဖြစ်တဲ့အကြောင်း၊အရင်ကနဲ့အခုနဲ့မတူပေမဲ့ ချစ်တာကတော့အတူတူပဲဆိုတဲ့အကြောင်းသေချာနားလည်အောင်ပြောပြပါ။ဒီလောက်ပြောနေတာတောင် တွေ့စကတုန်းပဲပြန်လိုချင်တယ်ဆိုရင်တော့ သေချာညှိနှိုင်းဖို့လိုနေပါပြီ။

*မင်းလုပ်ချင်တာလုပ်၊မင်းကြိုက်သလိုဆုံးဖြတ်
ဒီစကားလုံးကို သင့်ချစ်သူက ခဏခဏပြောနေပြီလား၊သုံးနေပြီလား?ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် နှစ်ယောက်သားဆွေးနွေးတိုင်ပင်ရမယ့်အချိန်မှာသူက သင့်စိတ်ကြိုက်လုပ်လို့ပြောတာက တစ်ခါတစ်လေ သင်လိုချင်တာက သူလိုချင်တာနဲ့ကွက်တိဖြစ်နေလို့ပြောတာဖြစ်နိုင်သလို သင်လုပ်ချင်တဲ့ကိစ္စတစ်ခုကို စိတ်မဝင်စားဘူးလို့ပြောနေတာနဲ့အတူတူပါပဲ။ဒါကတော့ ကိုယ့်ချစ်သူအကြောင်းကိုယ်အသိဆုံးဖြစ်မှာပါနော်။ဘယ်စကားဆို သူစိတ်ဆိုးလို့ပြောတာ၊သူမကြိုက်လို့ပြောတာစသဖြင့်ပေါ့။

ဒီစကားလုံးတွေကို သင့်ချစ်သူက ခဏခဏပြောနေမယ်ဆိုရင်တော့ ဒါက ရေရှည်ဆိုအဖုအထစ်ကြီးတစ်ခုဖြစ်နေမှာပါ။ဒီတော့အချစ်ရေးကိုအရင်လိုပြန်ပြီးနွေးထွေးစေဖို့ နှစ်ယောက်သားပွင့်ပွင့်လင်းလင်းမျက်နှာချင်းဆိုင်ပြီး ရင်ထဲကအစိုင်အခဲတွေကိုဖြေရှင်းလိုက်ကြပါလို့ အကြံပေးလိုက်ပါတယ်🧡

288 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.