Crush ရဲ့ wall ထဲဝင်လည်ရင်း ဒီလိုမတော်တဆအမှားလေးတွေဖြစ်ဖူးကြတယ်ဟုတ်!🤭
*မတော်တဆ Tag မိတာမျိုး 😑
*ရီဝေေ၀ဖြစ်နေတဲ့အချိန် သူ့ဝေါလ်ထဲသွားဝင်ကြည့်မိတာမျိုး 🍻
Unicode
ကိုယ်က ခရက်ရှ်လေးရဲ ့အင်စတာဂရမ်၊ဖေ့ဘွတ်ခ်အကောင့်ကို အမြဲလိုလိုဝင်ကြည့်ဖြစ်နေသူလား?ခရက်ရှ်ရဲ ့ဝေါလ်ထဲဝင်လည်ပြီဆိုရင် ဟိုးးးရှေးရှေးက စတင်တဲ့ပိုစ့်ထိ Check ဖူးကြမှာနော်။
တစ်ခါတစ်လေ ကိုယ်က သူမသိဘူးအထင်နဲ့ သူ့ဝေါလ် အစအဆုံးမြေလှန်ရှာ စုံစမ်းတတ်ကြပါတယ် ဒါပေမဲ့ ဒီလို ဝင်ကြည့်တဲ့အခါမှာကိုယ်ကိုယ်တိုင်ပဲ သဲလွန်စချန်ထားသလိုဖြစ်တဲ့ အမှားလေးတွေရှိနေတတ်ပါတယ်တဲ့။ခရက်ရှ်ရဲ ့ဝေါလ်ထဲဝင်လည်ဖူးတဲ့သူတိုင်း ဒီလိုတစ်ချက်မဟုတ်တစ်ချက်တော့ ကြုံဖူးကြမယ်ထင်ပါတယ် 😅
လေ့လာချက်တွေအရ ဘယ်လိုအမှားလေးတွေကိုသတိမထားမိပဲလုပ်မိတတ်လဲဆိုရင်…
*ရှေးရှေးကမ္ဘာက ပုံကို Like နှိပ်မိသွားတာမျိုး 😑
ဘယ်လောက်ပဲသတိထားထားတစ်ခါတစ်လေ လက်ကချော်ပြီး သူတို့စတင်တဲ့ပိုစ့်တွေကို Like နှိပ်မိသွားတတ်ပါတယ်။ချက်ချင်းသတိပြုမိလိုက်ရင်တေ့ာကောင်းတာပေါ့။ဒါပေမဲ့ သတိမပြုမိဖူးဆိုရင်တော့ သူ့ဆီမှာ Noti တက်မှာအသေအချာပါပဲ။ဒီကောင်မလေး ငါ့ဝေါလ်ထဲ ဘာလာလုပ်လဲပေါ့။
*သူ့ရည်းစားဟောင်းကိုသွား add မိတာမျိုး 😒
ကိုယ့်ခရက်ရှ်ရဲ ့ဝေါလ်ထဲဝင်လည်ရုံတင်မကဘူး။သူတို့နဲ့ဆက်စပ်ပတ်သက်ခဲ့တဲ့သူတွေ ဝေါလ်ထဲသွားသွားကြည့်ရတာလည်းအလုပ်တစ်ခုပါပဲ။အဲ့ဒီမှာ သွား Add မိလိုက်တာမျိုးရှိပါလိမ့်မယ်။ပြီးတော့မှ ပြန်ပြီး cancel လုပ်လိုက်မယ်ဆိုရင်တောင် အဲ့ဒီမိန်းကလေးဘက်မှာ Noti ကတော့ တက်သွားမှာပါ။သတိထားတတ်တဲ့သူဆို ကိုယ့်နာမည်ကိုမှတ်မိ၊ကိုယ့်ဝေါလ်ထဲလာဝင်ကြည့်ရင် ကိုယ်က သူ့ရည်းစားဟောင်းနဲ့Fri ဖြစ်နေတာတွေ့သွားပါလိမ့်မယ်။အဲ့ဒီကျ နည်းနည်းတော့ရိပ်မိသွားမှာပေါ့ 😅
*ခရက်ရှ်ရဲ့နာမည်အတိုကောက်လေး၊ဒါမှမဟုတ် သူနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ချို့တင်မိတာမျိုး 😂
ကိုယ်ကသူ့ကိုခရက်ရှ်နေတာ ဘယ်သူမှမသိစေချင်ဘူးဆိုရင် သူနဲ့သက်ဆိုင်တဲ့ဘယ်လိုအကြောင်းအရာမျိုးမှမတင်တာအကောင်းဆုံးပါပဲ။ဒါပေမဲ့ခံစားချက်ဆိုတာလည်းထိန်းချုပ်လို့မရဘူးမှတ်လား။မသိစေချင်ဘူးဆိုပေမဲ့ သူနဲ့ပတ်သက်တဲ့အကြောင်းလေးတွေ စာလေးတွေရေးပြီးရင်ဖွင့်တတ်ကြပါတယ်။ဒါပေမဲ့လည်းသူ့ရဲ ့အသိတွေတွေ့သွားတဲ့အခါ ၊ကိုယ့်သူငယ်ချင်း၊သူ့သူငယ်ချင်းတွေ တွေ့သွားတဲ့အခါ ဒါက မေးလို့ကောင်း၊စပ်စုလို့ကောင်းတဲ့မေးခွန်းတစ်ခုဖြစ်သွားနိုင်ပါတယ်။
*သူ့အကြောင်းတွေအရမ်းသိနေတာမျိုး 🙄
ဆိုရှယ်မီဒီယာမှာ တစ်ယောက်ရဲ ့နေထိုင်မှုဘဝပုံစံတွေကို တစ်ယောက်က အလွယ်တကူသိနိုင်ပါတယ်။ကိုယ်က ခရက်ရှ်ရဲ ့အကြောင်းတွေသိချင်လို့သူ့ဝေါလ်ထဲဝင်ကြည့်မယ်။သူသုံးတတ်တဲ့ပစ္စည်းလေးတွေ၊သူကြိုက်တတ်တဲ့အရောင်လေးတွေစသဖြင့်အဲ့ဒီလိုအရာတွေကိုကိုယ်သိထားတယ်ဆိုရင် ကိုယ်လည်းသူနဲ့ဆင်တူသုံးချင်တဲ့စိတ်လေးတွေဖြစ်တတ်ပါတယ်။သုံးပါ။သူနဲ့ဆင်တူပစ္စည်းလေးတွေဝယ်ပါ။ဒါပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှာတော့မတင်မိပါစေနဲ့။တကယ်လို့သူတွေ့သွားမယ်ဆိုရင် သူ့စိတ်ထဲမှာ တိုက်ဆိုင်တယ်ဆိုတာထက် တိုက်ဆိုင်တာတွေများလာရင် သူ့အကြောင်းကိုတိတ်တိတ်လေးစုံစမ်းနေတာများလားဆိုပြီးတွေးမိပြီးအရင်လိုတင်ဖြစ်တော့မှာမဟုတ်ပါဘူး။
*မတော်တဆ Tag မိတာမျိုး 😑
ကိုယ်ကဓာတ်ပုံတစ်ပုံတင်ဖို့၊သူနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခုတင်ဖို့လုပ်လိုက်တယ်။ဒါပေမဲ့သိတဲ့အတိုင်း အခုဆိုရင် ဖေ့ဘွတ်ခ်က နာမည်တွေဘာတွေ အော်တို Tag တွေဖြစ်ကုန်ပါပြီ။ကိုယ်တင်လိုက်တဲ့အချိန် ကိုယ့်သူငယ်ချင်းအစား သူ့ကိုမတော်တဆသွား Tag လိုက်မိရင်…။
ချက်ချင်းပြန်ဖျက်နိုင်ရင်တော့အကောင်းပေါ့။ဒါပေမဲ့ ကိုယ်ကအပြင်ရောက်နေတဲ့အချိန်ဆိုရင်ဖြင့် သူတော့သိပါပြီ။ကိုယ်သတိထားမိတဲ့အချိန်ထိမမြင်သေးဘူးဆိုရင်တော်သေးတာပေါ့။သူလည်း ကိုယ့်ကိုသဘောကျတယ်။စိတ်ဝင်စားတယ်ဆိုရင် ဒါက ကိုယ့်အတွက်အကျိုးတောင်ရှိပါသေးတယ်။အဲ့လိုမဟုတ်ဘူးဆိုရင်တော့ သူ့ဘက်က ကိုယ့်အပေါ် နည်းနည်းခပ်စိမ်းစိမ်းဖြစ်သွားနိုင်ပါတယ်။
*ရီဝေဝေဖြစ်နေတဲ့အချိန် သူ့ဝေါလ်ထဲသွားဝင်ကြည့်မိတာမျိုး 🍻
ရီဝေဝေဖြစ်နေတယ်။ခပ်မူးမူးလေးဖြစ်နေတဲ့အချိန်မျိုး သူ့ဝေါလ်ထဲဝင်ကြည့်မိတဲ့အခါ ကိုယ်တို့မိန်းကလေးတွေက သတ္တိတွေရှိလာပြီး ခရက်ရှ်ကိုစကားသွားပြောချင်တာမျိုး၊သူ့ဆီဖုန်းဆက်ချင်တာမျိုး၊မက်ဆေ့ချ်ပို့ချင်တာမျိုး တစ်ခုခုကလိချင်တတ်ကြပါတယ်။လုပ်လည်းလုပ်ဖူးကြမှာပါ။မနက်မိုးလင်းတဲ့အခါမှာ နောင်တမရရင်တော့ အကောင်းဆုံးပေါ့နော် 😅
သူလည်းကိုယ့်အပေါ်ခံစားချက်ရှိတယ်ဆိုရင်တော့ ဒီအချက်လေးတွေလုပ်မိတာက ခပ်ကောင်းကောင်းပေါ့။ဒါပေမဲ့လည်းသိသာသိစေ မမြင်စေနဲ့ဆိုသလို သူကိုယ့်ကို သဘောမကျဘူးဆိုရင် မသိတာက ပိုကောင်းတယ်မဟုတ်လား။မဟုတ်ရင် သူလည်းအားနာရ၊ကိုယ်လညး်မျက်နှာပူရနဲ့ 😅
Trend ပရိသတ်ကြီးရော ခရက်ရှ်ရဲ ့ဝေါလ်ထဲဝင်လည်ရင်း ဘယ်လိုမတော်တဆအမှားလေးတွေကြုံဖူးကြလဲ? အိုင်ကတော့ သုံးခုတောင် မှားလုပ်မိဖူးပါတယ် 🤭
150 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.