ယူတုိ႕စိတ္ကေလးဖ်ားေနပါျပီ…🤕🤕

လူကေတာ႔ေနေကာင္းပါရဲ႕ဒါေပမဲ႔ ဘယ္ေတာပမွမလန္းဆန္းပဲ အေတြးေတြတဲ႔ျပည္႔ေနတဲ႔သူေတြရွိျကပါတယ္။ လူက်န္းမာပင္မဲ႔စိတ္ကေလးကေတာ႔ဖ်ားေနတက္တယ္ဆိုတာစိတ္ခံစားခ်က္ ခ်င္းတိုက္ဆိုင္တဲ႔သူေတြအခ်င္းခ်င္းသာ နားလည္ျမင္သာနိုင္တဲ႔အရာေတြပါ။ ကိုယ္႔စိတ္ကေလးေရာဖ်ားေနသလား။ ေအာက္ကအခ်က္ေလ

1. သင္ဟာလူေတြနဲ႔စကားေျပာရမွာစိတ္လႈပ္ရွားေနတက္တယ္

ေသခ်ာပါတယ္သင္႔စိတ္ကေလးဖ်ားစျပဳလာပါျပီ။ စိတ္ခံစားခ်က္ျကီးျကီးမားမားေတြခံစားခဲ႔ရျပီး နာက်င္ေျကကြဲေပါင္းမ်ားခဲ႔တာေျကာင္႔စိတ္ဟာ မတည္ျငိမ္ပဲ လူေတာ္ေတာ္မ်ားမ်ားနဲ႕စကားေျပာရာမွာ စိတ္လႈပ္ရွားေနတက္ျပီးျကာလာေတာ႔လူေတြနဲ႕စကားေျပာရမွာေတာင္ေျကာက္ေနတက္ျကပါတယ္။

2. ကရုဏာဆိုတာမခံစားခဲ႔ရသူ

သူတို႕အတြက္ဂရုစိုက္ျခင္းေတြ ၊ ကရုဏာေတြဆိုတာ ျကားဖူးရံုသာရွိတက္ျကတာပါ။ ဘယ္သူတစ္ဦးတစ္ေယာက္စီကမွ စစ္မွန္တဲ႔ေမတၱာကို မခံယူခဲ႔ရဘူးတာမ်ိဳး(သို႕) သူတို႕အရမ္း ခ်စ္ရတဲ႔လူတစ္ေယာက္ဆီက ရက္စက္မႈကိုခံစားခဲ႔ရတာေျကာင္႔ စိတ္ထဲမွာနာက်င္ေနတက္ျကပါတယ္။

3. လ်ိဳ႕၀ွက္ခ်က္ထားရင္းေနထိုင္ရသူ

စိတ္က်ေ၀ဒနာခံစားေနရသူ(စိတ္ကေလးဖ်ားေနသူ)ေတြဟာ သီးသန္႔တစ္ေယာက္တည္းေနထိုင္တက္ျကပါတယ္။ ျဖစ္နိုင္တဲ႔အေျကာင္းအရင္းေတြကေတာ႔မည္သူတစ္ဦးတစ္ေယာက္ေပၚကိုမွယံုျကည္သက္၀င္ခ်င္းမရွိေတာ႔တာေျကာင္႔ကိုယ္ျဖစ္သမွ် ၊ ျကံုသမ်ွကို လ်ိဳ႕၀ွက္ထားတက္ျပီးကိုယ္႔ဘာသာပဲ ျကိတ္ေျဖရွင္းဖို႕ျကိုးစားေနတက္ျကပါတယ္။

4. လူေတြဆီကအျပစ္တင္သံေတြကိုျကားေနရသူ

လူေတြဆီက အျပစ္တင္ ကဲ႕ရဲ႕တာကိုပဲျကားေနရျပီး ခ်ီးက်ဴးစကားကို မရရွိတက္ျကပါဘူး။ ျကာလာေတာ႔ဒီလိုစကားေတြ အတင္းအဖ်င္းေတြျကားမွာေနသားက်ျပီး ရုန္းထြက္ဖို႕မျကိုးစားေတာ႔ပဲ သူတို႕ေျပာသလို ပဲလို႕ကိုယ္႔ကိုုယ္ကိုယ္သတ္မွတ္ကာကိုယ္႔ဘ၀ကိုသံေခ်းတက္ခံေနတက္ျကပါတယ္။

5. အေပ်ာ္ပါးေတြကို မမက္ေမာသူ

သူ႕အရြယ္နဲ႕သူခံစားရတဲ႔ေလာကရဲ႕ ေပ်ာ္ရႊင္မႈေတြသာယာမႈေတြ ေနာက္ကို လိုက္ခံစားရမွာ တြန္႕ဆုတ္ေနတက္ျကျပီး ေဖ်ာ္ေျဖေရးေတြ ၊ အေပ်ာ္အပါးေတြကို စိတ္ရႈပ္စရာ စိတ္ပ်က္စရာလို႕ေတြးေတာတက္လာျကပါတယ္။

6. က်န္းမာေရးနဲ႕ညီညြတ္ေအာင္မေနထိုင္ဘူး

စိတ္ဓာတ္က်ဆင္းသူေတြဟာ ရုပ္ပိုင္းဆိုင္ရာျပင္ဆင္မႈကို မထိန္းသိမ္းတဲ႔ အျပင္ကိုယ္႔က်န္းမာေရး နဲ႔ပတ္သတ္ရင္လည္း ေသရင္ေသပါေစ ဆိုျပီး သိပ္ဂရုစိုက္ေလ႔မရွိျကေတာ႔ပါဘူး။ ကိုယ္စိတ္ကိုယ္က မက်န္းမာတာေျကာင္႔တစ္ျခားအရာေတြကို ေကာင္းမြန္ေအာင္ထိန္းသိမ္းျပဳျပင္လိုစိတ္မရွိတက္ျကပါဘူး။

7. လူေတြနဲ႕သိပ္မဆင္မေျပဘူး

စိတ္က်န္းမာေရးမေကာင္းတဲ႔သူတစ္ေယာက္ရဲ႕အယူအဆ အသံုးအနႈန္းေတြဟာ ပတ္၀န္းက်င္နဲ႕သိပ္ျပီး သဟဇာတ မျဖစ္ပါဘူး။ သူတို႕က အေကာင္းေျပာတာေတာင္ ကိုယ္တိုင္ကမယံုျကည္တဲ႔စိတ္ မေကာင္းျမင္တက္တဲ႔စိတ္ေတြစိုးမိုးေနတာေျကာင္႔လူေတြျကားမွာေထာ္ေလာ္ကန္႔လန္႔ျကီးျဖစ္ေနတက္ပါတယ္။

Unicode

လူကတော့နေကောင်းပါရဲ့ဒါပေမဲ့ ဘယ်တောပမှမလန်းဆန်းပဲ အတွေးတွေတဲ့ပြည့်နေတဲ့သူတွေရှိကြပါတယ်။ လူကျန်းမာပင်မဲ့စိတ်ကလေးကတော့ဖျားနေတက်တယ်ဆိုတာစိတ်ခံစားချက် ချင်းတိုက်ဆိုင်တဲ့သူတွေအချင်းချင်းသာ နားလည်မြင်သာနိုင်တဲ့အရာတွေပါ။ ကိုယ့်စိတ်ကလေးရောဖျားနေသလား။ အောက်ကအချက်လေ
1. သင်ဟာလူတွေနဲ့စကားပြောရမှာစိတ်လှုပ်ရှားနေတက်တယ်
သေချာပါတယ်သင့်စိတ်ကလေးဖျားစပြုလာပါပြီ။ စိတ်ခံစားချက်ကြီးကြီးမားမားတွေခံစားခဲ့ရပြီး နာကျင်ကြေကွဲပေါင်းများခဲ့တာကြောင့်စိတ်ဟာ မတည်ငြိမ်ပဲ လူတော်တော်များများနဲ့စကားပြောရာမှာ စိတ်လှုပ်ရှားနေတက်ပြီးကြာလာတော့လူတွေနဲ့စကားပြောရမှာတောင်ကြောက်နေတက်ကြပါတယ်။

2. ကရုဏာဆိုတာမခံစားခဲ့ရသူ
သူတို့အတွက်ဂရုစိုက်ခြင်းတွေ ၊ ကရုဏာတွေဆိုတာ ကြားဖူးရုံသာရှိတက်ကြတာပါ။ ဘယ်သူတစ်ဦးတစ်ယောက်စီကမှ စစ်မှန်တဲ့မေတ္တာကို မခံယူခဲ့ရဘူးတာမျိုး(သို့) သူတို့အရမ်း ချစ်ရတဲ့လူတစ်ယောက်ဆီက ရက်စက်မှုကိုခံစားခဲ့ရတာကြောင့် စိတ်ထဲမှာနာကျင်နေတက်ကြပါတယ်။

3. လျို့ဝှက်ချက်ထားရင်းနေထိုင်ရသူ
စိတ်ကျဝေဒနာခံစားနေရသူ(စိတ်ကလေးဖျားနေသူ)တွေဟာ သီးသန့်တစ်ယောက်တည်းနေထိုင်တက်ကြပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းအရင်းတွေကတော့မည်သူတစ်ဦးတစ်ယောက်ပေါ်ကိုမှယုံကြည်သက်ဝင်ချင်းမရှိတော့တာကြောင့်ကိုယ်ဖြစ်သမျှ ၊ ကြုံသမျှကို လျို့ဝှက်ထားတက်ပြီးကိုယ့်ဘာသာပဲ ကြိတ်ဖြေရှင်းဖို့ကြိုးစားနေတက်ကြပါတယ်။

4. လူတွေဆီကအပြစ်တင်သံတွေကိုကြားနေရသူ
လူတွေဆီက အပြစ်တင် ကဲ့ရဲ့တာကိုပဲကြားနေရပြီး ချီးကျူးစကားကို မရရှိတက်ကြပါဘူး။ ကြာလာတော့ဒီလိုစကားတွေ အတင်းအဖျင်းတွေကြားမှာနေသားကျပြီး ရုန်းထွက်ဖို့မကြိုးစားတော့ပဲ သူတို့ပြောသလို ပဲလို့ကိုယ့်ကိုုယ်ကိုယ်သတ်မှတ်ကာကိုယ့်ဘဝကိုသံချေးတက်ခံနေတက်ကြပါတယ်။

5. အပျော်ပါးတွေကို မမက်မောသူ
သူ့အရွယ်နဲ့သူခံစားရတဲ့လောကရဲ့ ပျော်ရွှင်မှုတွေသာယာမှုတွေ နောက်ကို လိုက်ခံစားရမှာ တွန့်ဆုတ်နေတက်ကြပြီး ဖျော်ဖြေရေးတွေ ၊ အပျော်အပါးတွေကို စိတ်ရှုပ်စရာ စိတ်ပျက်စရာလို့တွေးတောတက်လာကြပါတယ်။

6. ကျန်းမာရေးနဲ့ညီညွတ်အောင်မနေထိုင်ဘူး
စိတ်ဓာတ်ကျဆင်းသူတွေဟာ ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုကို မထိန်းသိမ်းတဲ့ အပြင်ကိုယ့်ကျန်းမာရေး နဲ့ပတ်သတ်ရင်လည်း သေရင်သေပါစေ ဆိုပြီး သိပ်ဂရုစိုက်လေ့မရှိကြတော့ပါဘူး။ ကိုယ်စိတ်ကိုယ်က မကျန်းမာတာကြောင့်တစ်ခြားအရာတွေကို ကောင်းမွန်အောင်ထိန်းသိမ်းပြုပြင်လိုစိတ်မရှိတက်ကြပါဘူး။

7. လူတွေနဲ့သိပ်မဆင်မပြေဘူး
စိတ်ကျန်းမာရေးမကောင်းတဲ့သူတစ်ယောက်ရဲ့အယူအဆ အသုံးအနှုန်းတွေဟာ ပတ်ဝန်းကျင်နဲ့သိပ်ပြီး သဟဇာတ မဖြစ်ပါဘူး။ သူတို့က အကောင်းပြောတာတောင် ကိုယ်တိုင်ကမယုံကြည်တဲ့စိတ် မကောင်းမြင်တက်တဲ့စိတ်တွေစိုးမိုးနေတာကြောင့်လူတွေကြားမှာထော်လော်ကန့်လန့်ကြီးဖြစ်နေတက်ပါတယ်။

195 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.