ပုံထဲကအခြေအနေမှာ သင်သာဆို ဘာကိုအရင်ဆုံး လုပ်မိမှာလဲ ?

ပုံထဲမှာ ကလေးငိုနေတယ်၊ ရေနွေးအိုးကလည်း ဆူနေပြီ ၊ ဖုန်းကလည်း တောက်လျှောက် လာနေတယ် ၊ ခွေးကလည်း ဆိုဖာကို ဆုတ်ဖြဲနေပြီ။ ဒီအခြေအနေမှာ သင်သာဆို ဘာကိုအရင်ဆုံးလုပ်မိမှာလဲ? သင်အရင်ဆုံးရွေးလိုက်မိတဲ့အရာက သင်ကိုယ်တိုင်တိုင် သတိမထားမိလိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုဖော်ပြနေပါတယ်။ ကဲ.. ဘာကိုရွေးမိထားလဲ? ကြည့်လိုက်ရအောင် …

ရေနွေးအိုး


ရေနွေးအိုးကို အရင်ဆုံးရွေးလိုက်တယ်ဆိုရင် သင်ဟာ စိတ်အားထက်သန်ပြီး တော်ရုံတန်ရုံ ဒေါသထွက်ခဲပါတယ်။ နောက်ဆံမတင်းပဲ ဆုံးဖြတ်ချက်လျင်မြန်စွာချနိုင်ပါတယ်။ စိတ်ဆန္ဒရှိပြီဆို အဲ့ဒီအရာကို ဘယ်သူမှတားဆီးလို့မရပါဘူး။ အရာတစ်ခုကို ထပ်တလဲလဲလုပ်ရင် ငြီးငွေ့လွယ်ပါတယ်။ ကိုယ့်ကိုကိုယ် လုံခြုံစိတ်ချရတဲ့ အနေထားမျိုးမှာ နေပါတယ်။ အထူးအဆန်းတွေလာလုပ်ပြတာကို မနှစ်သက်ပါဘူး ( လူကြားထဲ လက်ထပ်ခွင့်တောင်းခြင်း) ။ မထင်မှတ်ထားပဲ ရုတ်တရက်အစီစဉ်တွေ ချတတ်သူတွေဖြစ်ပါတယ်။

ဖုန်း


ဖုန်းကို အရင်ဖြေမယ်ဆိုရင် သင်ဟာ အာရုံစူးစိုက်မှုများပြီး လိမ္မာပါးနပ်သူတစ်ယောက်ပါ။ သင်ကိုယ်တိုင်ဟာစည်းကမ်း တိကျသူဖြစ်ပြီး အခြားသူက အကြီးကျယ်အပြစ်လုပ်မိလာရင် လက်ခံနိုင်ဖို့ကို တော်တော်လေး ကြိုးစားနေရတယ်။ စီးပွားရေးအမြင်ရှိသူပါ။ တစ်ချိန်တည်းမှာပဲ အရာများစွာကိုလုပ်ဆောင်နိုင်တယ်။ လူစိမ်းတွေနဲ့လည်း အချိန်တိုတွင်းရင်းနှီးအောင်လုပ်နိုင်တယ်။

ကလေး


ကလေးငိုနေတာကို အရင်ဆုံးသွားချော့ပေးတဲ့သူဟာ အေးဆေးသမားဖြစ်ပြီး လုပ်ရည်ကိုင်ရည်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ အခြားလူတွေကို ကူညီပေးရတာ သဘောကျပြီး တစ်ပါးသူ ဒုက္ခရောက်နေရင် ကိုယ်ကျိုးစွန့်ပေးဖို့ ဝန်မလေးပါဘူး။ အထီးကျန်ရမှာကို အနည်းငယ်စိုးရိမ်နေသူဖြစ်ပါတယ်။ ဆူညံပွတ်လောရိုက်နေတဲ့ ကလပ်တွေမှာ သွားကဲရတာထက် အိမ်မှာအေးဆေးနေပြီး သူငယ်ချင်းတွေနဲ့ အငြိမ်သောက်ရတာကို ပိုသဘောကျပါတယ်။

ခွေး


ဆိုဖာပေါ်ကနေ ခွေးကိုဖယ်လိုက်မယ်ဆိုရင် သင်ဟာညစ်ပတ်နေရင် မနေတတ်သူဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်ဖြစ် ဘဝမှာပဲဖြစ်ဖြစ် လာပြီးရှုပ်ထွေးနေတာကို မကြိုက်ပါဘူး။ ထားရင်ထားတဲ့ နေရာမှာ ပစ္စည်းရှိနေတာကိုပဲ ကြိုက်ပါတယ်။ လိုချင်တာမရမချင်း ဇွဲဘယ်တော့မှမလျော့ပါဘူး။ မထင်မှတ်ပဲ အငိုက်ဖမ်းမေးတဲ့ မေးခွန်းတွေကို အလျင်မြန်ဖြေဆိုနိုင်တဲ့ အရည်ချင်းတော့ ပိုင်ဆိုင်ထားပါတယ်။

ဖော်ပြပါ ကိုယ်ရည်ကိုယ်သွေးလေးတွေဟာ စာဖတ်သူများနဲ့ ကိုက်ညီမှုရှိရဲ့လား။ တိုက်ဆိုင်တယ်ဆိုရင် ကိုယ့်ရဲ့အမြင်လေးတွေမျှဝေခဲ့ပြီး သူငယ်ချင်းတွေကို လက်တို့ လိုက်ပါဦးနော်…

295 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.