မော်ဒယ်မလေးတွေလို သွယ်လျလှပတဲ့ ခြေတံပိုင်ဆိုင်နိုင်မယ့် နည်းလမ်း

တစ်ခုခုဝတ်လိုက်တိုင်း ပေါင်ကြီိးနေလို့ ၊ ခြေသလုံး တုတ်နေလို့ဆိုပြီး မဝတ်ပဲထားထားရတဲ့ အခိုက်တန့်လေးတွေရှိမှာပေါ့။ အခြား ပိန်ပိန်သွယ်သွယ် မိန်းကလေးတွေမြင်တဲ့အခါ အားကျနေတဲ့ ဘ​ဝမျိုးနဲ့ပဲ ရပ်နေလိုက်တော့မှာလား။ အဲ့ဒီလို ခြေတံလေးတွေပိုင်ဆိုင်နိုင်အောင်ရော မကြိုးစားတော့ဘူးလား။ အိပ်မက်ထဲက ခြေတံလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီမှာ လေ့ကျင့်ခန်းလေးတွေ သင့်အတွက်အဆင်သင့်ရှိနေပြီနော်။ လုပ်ကြည့်လိုက်ရအောင်…

Basic Leg Lift:


ပုံမှာပြထားတဲ့အတိုင်း ဘေးတစောင်းလှဲလိုက်ပြီး ခါးထောက်ကာ ခြေတစ်ဖက်ကို မြှောက်လိုက် ၊ ချလိုက်လုပ်ပါ။ အောက်ကကြမ်းပြင်နဲ့ ခြေထောက်ထိဖို့ မလိုပါဘူး။ တစ်ဖက်ကို ၁​ဝ(သို့) ၁၅ကြိမ်လုပ်ပြီးရင် နောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။

Leg Lift With Knee-In:


ခုနက အနေတိုင်းထားပဲ ခြေထောက်ကို အရှေ့ထိုးပြီး အနောက်ကို ပြန်ဆွဲတင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။
လက်တစ်ဖက်က ခေါင်းကိုထောက်ထားဖို့လိုပါတယ်။ ဒါကိုလည်း ၁၅ကြိမ်လောက် အနည်းဆုံးလုပ်ပေးပါ။ ပြီးရင်တော့ နောက်တစ်ဖက်ကိုလည်း ဒီပုံစံအတိုင်းပဲလုပ်ပေးနိုင်ပါတယ်။

Pike Knee-Ins:


ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်ကို အရှေ့ထိုးပြီး ဒူးကိုကွေးပေးဖို့ပဲလိုပါတယ်။ လှဲတဲ့ပုံစံကတော့ အပေါ်ကပြထားတဲ့ ပုံစံတွေအတိုင်းပါပဲ။ သူ့ကိုလည်း အတတ်နိုင်ဆုံး တဖက်ကို ၁၅ကြိမ်လောက်လုပ်ပေးပါ။

Split Leg Lifts:


ဒီလေ့ကျင့်ခန်းကို အစပိုင်းမှာ လိုက်လုပ်ဖို့ခက်ပါလိမ့်မယ်။ ဒါပေမယ့် ရသလောက် ကြိုးစားပြီးလုပ်ကြည့်ပါ။ တကယ်ထူးခြားပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်ကို ကိုင်ကာ မိုးပေါ်ထောင်ထားပြီး အခြားတစ်ဖက်ကို ဆွဲတင်ပေးပါ။ သူ့ကို အစပိုင်းမှာ ၁ဝကြိမ်လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် အတိုလေးတွေ ဝတ်တဲ့အခါ သင့်ရဲ့ခြေတံလေးက သွယ်လျလှပနေမှာဖြစ်ပြီး မိန်းကလေးအချင်းချင်းလည်း အားကျရလောက်တဲ့ ပေါင်တံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်နော်။

453 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.