တကယ်တမ်း မိန်းကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်အချိုးအစားဆိုတာ…🤔
Unicode
ဒီနေ့လို LCD ခေတ်ကြီးထဲမှာ ပိန်ပိန်သွယ်သွယ်လေးတွေက အလန်းစားအမိုက်စားဖြစ်နေကြသလို ခန္ဓာကုုိယ်ကိတ်တဲ့သူတွေကလည်း စိတ်အားငယ်စရာမလိုပါဘူး။ဘာလို့ဆို ပိန်တယ်ဝတယ်ဆိုတာထက် ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ဖြစ်နေဖို့ပဲလိုပါတယ်
Texas ပြည်နယ်တက္ကသိုလ်ကျွမ်းကျင်ပညာရှင်တွေရဲ ့လေ့လာချက်အရ အမျိုးသမီးတစ်ယောက်ဟာ အရပ်အမြင့် ၅.၅၁ပေ မှာ ရင်သားအတိုင်းအတာ ၉၉စင်တီမီတာ၊ခါး ၆၃စင်တီမီတာ၊တင် ၉၁စင်တီမီတာရှိတယ်ဆိုရင် ဒါက အမျိုးသမီးတစ်ယောက်အတွက်အကောင်းဆုံးခန္ဓာကိုယ်အချိုးအစားပါတဲ့။မော်ဒယ်လ်လောက၊အနုပညာလောကတွေမှာခန္ဓာကိုယ်ပိန်သွယ်တာက ပိုပြီးအကျိုးကျေးဇူးများတယ်၊ဆွဲဆောင်မှုရှိကြတယ်ဆိုပေမဲ့ တကယ့်လက်တွေ့ပြင်ပဘဝမှာ နည်းနည်းတော့ကွာခြားပါတယ်။
ခန္ဓာကိုယ်ပိန်တာဝတာထက် အရေးကြီးဆုံးက အပေါ်မှာပြောခဲ့သလို ကျန်းမာတဲ့ခန္ဓာကိုယ်ဖြစ်ဖို့ပါ။လူတစ်ယောက်နဲ့တစ်ယောက် အရိုးအဆစ်တွေ၊အဆီဖြစ်ပေါ်ပုံတွေဆိုတာမတူညီတဲ့အတွက် သူများတွေအမြင်မှာ ကိုယ်က ဝနေတာဖြစ်ရင်ဖြစ်မယ်။ဒါပေမဲ့ အရိုးအဆစ်ကြီးတဲ့သူ၊လူကောင်ထွားတဲ့အမျိုးသမီးတွေအတွက်တော့ ဒါက ပုံမှန်အနေအထားပါပဲ။အဲ့လိုမျိုး တစ်ယောက်နဲ့တစ်ယောက်ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူညီတဲ့အတွက် သူများတွေပိန်သွယ်တာကို အားကျဖို့မလိုပါဘူး။ကိုယ့်ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိ၊ကျန်းမာကျစ်လစ်မယ်ဆိုရင် ပိန်ပိန်သွယ်သွယ်လေးမဖြစ်လည်း ဘာအရေးလဲနော် 😉
ဆွဲဆောင်မှုဆိုတဲ့နေရာမှာလည်း အမျိုးသားအများစုဟာ ခန္ဓာကိုယ်ပိန်သွယ်တာထက် ငယ်ရွယ်ပြီးကျန်းမာရေးကောင်းတဲ့ခန္ဓာကိုယ်၊ခန္ဓာကိုယ်ကောက်ကြောင်းအနည်းငယ်ရှိတဲ့အမျိုးသမီးတွေကိုပိုပြီးသဘောကျနှစ်သက်တတ်ကြပါတယ်။ဘာလို့ဆိုတော့ အရမ်းပိန်လွန်းတာဟာ ကျန်းမာရေးသိပ်မကောင်းဘူးလို့အမျိုးသားတွေက အထင်ရှိတဲ့အတွက်ကြောင့်ပါ။ဒါကြောင့် အမျိုးသားတစ်ယောက်ကိုဆွဲဆောင်နိုင်တဲ့ခန္ဓာကိုယ်ဆိုတာ ပိန်သွယ်တာမဟုတ်ပါဘူး။မှန်ကန်တဲ့ကိုယ်အလေးချိန်နဲ့
ကျန်းမာရေးနဲ့ညီညွတ်တဲ့ခန္ဓာကိုယ်ကသာ အမျိုးသားတွေရဲ့မျက်စိထဲမှာ ဆွဲဆောင်မှုရှိတာပါ။
တစ်ခုရှိတာက သတ်မှတ်ထားတဲ့ ideal body size တွေက တစ်ရာစုနဲ့ တစ်ရာစုမတူညီကြပါဘူး။ပြောင်းလဲမှုအနည်းငယ်တော့ရှိတတ်ပါတယ်။ဒါပေမဲ့ ကိုယ်က ပိန်တာ ဝတာ လူကောင်ထွားတာတွေ ထည့်မတွက်ပဲ ခန္ဓာကိုယ်မှာအဆီပိုတွေမရှိအောင်ထိန်းသိမ်းမယ်ဆိုရင် ဒါက အမျိုးသမီးတစ်ယောက်အတွက်အကောင်းဆုံးခန္ဓာကိုယ်အချိုးအစားပါပဲနော် 🧡
162 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.