“The Tonight Show Starring Jimmy Fallon” အစီစဉ်မှာ Dance Challenge လုပ်ခဲ့တဲ့ BTS

၂၅ရက်နေ့က “The Tonight Show Starring Jimmy Fallon” အစီစဉ်သို့ ဖိတ်ကြားခံခဲ့ရတဲ့ BTS ရဲ့ဖျော်ဖြေတင်ဆက်မှု ၊ အင်တာဗျုးနဲ့ dance challenge ကို ပရိတ်သတ်တွေမျှော်နေကြမယ်ထင်ပါတယ်။

Watch: BTS Takes On Dance Challenge, Shares Life Updates, And Performs On “The Tonight Show Starring Jimmy Fallon”

အစပိုင်းမှာ Jimmy Fallon နဲ့ BTS တို့ Fortnite Dance Challenge ကို အရင်စတင်ကြပါတယ်။ ဂိမ်းထဲက ဇာတ်ကောင်တွေရဲ့ ကကွက်အတိုင်း လိုက်ကနိုင်ရမယ်ပေါ့။ BTS အဖွဲ့ဝင်တွေ အားလုံး အချိုးစားကျနစွာ ဇာတ်ကောင်တွေအတိုင်း ကနိုင်သွားတာတွေ့ရပါတယ်။ နောက်ဆုံး IDOL dance ကိုတောင် သူတို့က Jimmy Fallonကို သင်ပေးလိုက်ပါသေးတယ်။

နောက်တော့ talk show အစီစဉ်မှာ BTS နဲ့ ပရိတ်သတ်တွေကို မိတ်ဆက်ပေးပြီး လွန်ခဲ့တဲ့ ၂ရက်က United Nations မှာ BTS ခေါင်းဆောင် မိန့်ခွန်းပြောကြားခဲ့တဲ့ အတွေ့အကြုံနဲ့ နယူးယော့မြို့ ကိုရောက်ရတဲ့ ခံစားချက်နဲ့ပတ်သတ်ပြီး မေးမြန်းခဲ့ပါတယ်။

နောက်ဆုံးမှာ IDOL ၊ I’m Fine သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ပရိတ်သတ်တွေ မျှော်လင့်နေတဲ့
ဖျော်ဖြေမှု နဲ့ talk show ဗီဒီယိုလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

59 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.