ပရိသတ်တွေရဲ့ကြိုးစားပမ်းစားရှာဖွေမှုကြောင့် Cha Eun Woo ရဲ့အားနည်းချက်တွေ့ခဲ့လေပြီ 😂💕
Unicode
နောက်ဆုံးတော့ သူ့ရဲ့ အားနည်းချက်တစ်ခုရှာတွေ့ခဲ့လေပြီ အခုရက်ပိုင်းအတွင်း ကိုရီးယားကမိန်းမပျိုလေးတွေကြားမှာရော၊နိုင်ငံတကာက ကေဒရာမာချစ်ပရိသတ်တွေကြားမှာပါ နာမည်ကျော်ကြားနေတဲ့ မင်းသား Cha Eun Woo နဲ့ပတ်သက်လို့ ပရိတ်သတ်တွေက သူ့ရဲ ့အားနည်းချက်သေးသေးလေးတစ်ခုကို ရှာတွေ့ခဲ့ပါသတဲ့။
ဘာလို့ဒီလိုအားနည်းချက်ကို သည်းသည်းမည်းမည်းရှာဖွေကြတာလဲဆိုရင် ASTRO အဖွဲ့ဝင်Cha Eun Woo ဟာ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တင်မက သီချင်းဆိုတာမှာရော၊အကရော ကျွမ်းကျင်ပြီး အားကစားဘက်မှာလည်းထူးချွန်သူတစ်ယောက်လို့သိရပါတယ်။ဒါ့အပြင် ရုပ်ကလည်းချော၊အရပ်လေးကလည်းရှည်တာကြောင့် လုံးဝဥဿုံ Perfect ဖြစ်တယ်ပဲပြောရမှာပေါ့။
အဲ့ဒါနဲ့ပဲ ဒီမင်းသား မကျွမ်းကျင်တာတစ်ခုခုတော့ရှိရမယ်ဆိုပြီးအသေးစိတ်ရှာဖွေစုံစမ်းခဲ့တာပါ 😅ဒီလိုနဲ့ နောက်ဆုံးတွေ့ခဲ့ရတဲ့သူ့ရဲ့အားနည်းချက်က အသည်းပုံလုပ်တာမကျွမ်းကျင်တာပါပဲတဲ့ 🤭ကိုရီးယားတွေအမြဲလုပ်ပြလေ့ရှိတဲ့လက်လေးနဲ့အသည်းပုံကို သူ မလုပ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ သူ့ရဲ့လက်သန်းလေးက နည်းနည်းတိုတဲ့အတွက် အသည်းပုံလုပ်တဲ့အခါ လက်သန်းတစ်ချောင်းနဲ့တစ်ချောင်းမထိပါဘူး။သူဘယ်လောက်ပဲအသညး်ပုံလှလှလေးလုပ်လုပ် အသည်းပုံကတစ်ခုခုလိုနေတယ်၊မလှဘူးဆိုပြီးတွေ့ရှိခဲ့တာပါ 😂
ဒါပေမဲ့လည်း ဒါကပဲ ပရိသတ်တွေ သူ့ကိုအချစ်ပိုရတဲ့နောက်တစ်ချက်ဖြစ်ခဲ့ပါတယ်။ပရိသတ်တွေက “ဒါက သူ့ကိုပိုပြီးတောင်ချစ်ဖို့ကောင်းသွားစေတယ်””သူ့မှာလက်ချောင်းတိုတိုလေးတွေရှိတာ အခုမှသတိထားမိတယ်။အမြဲတမ်းမျက်နှာပဲကြည့်နေတော့ လက်ကိုသတိတောင်မထားမိဘူး””ဒီလိုအားနည်းချက်တွေရှိလည်း ချစ်တယ်”စသဖြင့် သူ့ကိုအချစ်ပိုခဲ့ကြတာပါ။အသည်းပုံလေးတွေကြိုးစားပမ်းစားလုပ်ထားတဲ့ Eun Woo ရဲ ့့ပုံလေးတွေပရိသတ်တွေအတွက် ပြန်ပြီးမျှဝေပေးလိုက်ပါတယ် 💕
377 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.