အလုပ္ခြင္မွာ၀န္ထမ္းေကာင္းေတြမဆံုးရံႈးရေလေအာင္….✋

အခုလက္ရွိကိုယ္ဟာ အလုပ္ခြင္မွာ လူျကီးျဖစ္ေနရင္ေသာ္လည္းေကာင္း ၊ ေနာင္တစ္ခ်ိန္ ကိုယ္အလုပ္ရွင္ လူျကီး တစ္ေယာက္ျဖစ္လာဖို႕ရွိတယ္ ဆိုရင္ေသာ္လည္းေကာင္း ကိုယ္႔လုပ္ငန္းအတြက္ အေရးပါတဲ႔ေကာင္းမြန္တဲ႔ ၀န္ထမ္းတစ္ေယာက္မဆံုးရွံုးရေလေအာင္ ဘယ္လိုနည္းဗ်ဴဟာေလးေတြသံုးသင္႔သလဲ..

1. ရည္မွန္းခ်က္ကိုရွင္းေအာင္ခ်ျပပါ

ကိုယ္႔လုပ္ငန္းခြင္ရဲ႕ အဓိကရည္ရြယ္ခ်က္ကဘာလဲ ဆိုတာကိုျမင္သာေအာင္ ကိုယ္႔၀န္ထမ္းေတြကို ရွင္းရွင္းလင္းလင္းခ်ျပပါ။ ၀န္ထမ္းတစ္ေယာက္ကို တာ၀န္ေပးတဲ႔ေနရာမွာလည္းဟိုလိုလို ဒီလိုလို နဲ႔ ဟိုစပ္စပ္ဒီစပ္စပ္ခိိုင္းတာမ်ိုးမဟုတ္ပဲ ဘယ္သူ႕ကို ဘယ္တာ၀န္မွာ ဘယ္ရာထူးအေနနဲ႕ထားမယ္ဆိုတာကို ရွင္းရွင္းလင္းလင္းသတ္မွတ္ထားပါ။

 

2. ကိုယ္ပိုင္ဆံုးျဖတ္ခြင္႔ေလးေတြေပးပါ။

သူတို႕တာ၀န္ယူထားတဲ႔ အပိုင္းနဲ႕ပတ္သတ္ျပီး သူတို႕ရဲ႕လြတ္လပ္တဲ႔ အေတြးအေခၚလြတ္လပ္တဲ႔သေဘာထားေတြ ဆံုးျဖတ္ခ်က္ေတြကို ခ်ခြင္႔ေပးပါ။ ကိုယ္႔Idea ကို အသံုးခ်ခြင္႔မရွိပဲ အေပၚက ညႊန္ျကားသလိုပဲ လုပ္ေနရတာျကာရင္ ၀န္ထမ္းတစ္ေယာက္ဟာ မတိုးတက္ဘူးဆုိျပီးဒီလုပ္ငန္းမွာျကာျကာေနခ်င္မွာ မဟုတ္ပါဘူး။

 

3. လိုအပ္ခ်က္ကို ကူညီပါ

သူတို႕ရဲ႕လိုအပ္ခ်က္ကို တက္နို္င္သမ်ွ ေဖးမကူညီေပးပါ။ အလုပ္သမားအလုပ္ရွင္ဆိုျပီး အလုပ္သေဘာျကီးသီးသန္႔မဟုတ္ပဲ ဒီ၀န္ထမ္းဟာ ဒီလိုေျမေတာင္ေျမွာက္ေပးရင္ ပိုတိုးတက္နိုင္တယ္ ၊ ဒီလို အခြင္႔အလမ္းေတြသူ႕ကိုေပးသင္႔တယ္ဆိုျပီး ကိုယ္႔ဘက္ကလည္း အက်ိဳးမလိုေသာစိတ္ထားနဲ႔ ကူညီေစာင္႔ေရွာက္ေပးပါ။

 

4. ေတာ္ရံုတန္ရံု အမွားကို လက္သင္႔ခံပါ

လူတိုင္းဟာ အမွားနဲ႔မကင္းပါဘူး။ ကိုယ္တိုင္ေတာင္ အမွားေတြျကားထဲက ေန ဒီလိုေနရာမ်ိဳးကို ေရာက္လာတယ္ဆိုတာမေမ႔ပါနဲ႕။ ဒါေျကာင္႔ေတာ္ရံု အျဖစ္စေလာက္ မမွားေလးေတြကို ၀န္ထမ္းဘက္ကလုပ္မိတဲ႔အခါေနာက္တစ္ျကိမ္ မျဖစ္ေအာင္သတိေပးျပီး ခြင္႔လႊတ္နုိင္ေအာင္ျကိုးစားပါ။

 

5. ေလးစားေျကာင္းျပပါ

ကိုယ္႔၀န္ထမ္း ကိုယ္႔လက္ေအာက္ငယ္သားမလုိ႔ မေလးမစားဆက္ဆံတာမ်ိဳး မလုပ္ပါနဲ႔။ ကိုယ္ကသူတို႕ကို ေလးစားသမႈနဲ႕ဆက္ဆံေျပာဆိုမွသာ သူတို႕စိတ္ထဲမွာလည္းကိုယ္႔ိကို ေခါင္းေဆာင္ေကာင္းသဖြယ္မွတ္ယူျပီးကိုယ္႔လုပ္ငန္းမွာ ေနေပ်ာ္မွာျဖစ္ပါတယ္။ ေခါင္းေဆာင္ေကာင္းတုိင္းဟာ ေဒါသထက္ ဂရုဏာကို ပို ထားတက္တာေျကာင္႔ ေနရာတကာမွာ ကိုယ္႔ဘက္ျကီးပဲမျကည္႔ပဲ ၀န္ထမ္းေတြအတြက္ပါထည္႔ေတြးမွ ၀န္းထမ္းလည္းစိတ္ခ်မ္းသာ ကုိယ္လည္းစိတ္ခ်မ္းသာျပီး လုပ္ငန္းလည္းတိုးတက္နိုင္မွာပါ။ ၀န္ထမ္းေကာင္းတစ္ေယာာက္ရဖို႕ဆိုတာမလြယ္ပါဘူး ၊ ကၽြမ္းက်င္မႈအားျဖင္႔ေရာ  စာရိတၱပိုင္းအရပါသင္႔ေတာ္ေကာင္းမြန္တဲ႔ ၀န္ထမ္းေကာင္းေတြကို မဆံုးရွု့ုံုးေစဖို႔ရည္ရြယ္ရင္း…

Unicode

အခုလက်ရှိကိုယ်ဟာ အလုပ်ခွင်မှာ လူကြီးဖြစ်နေရင်သော်လည်းကောင်း ၊ နောင်တစ်ချိန် ကိုယ်အလုပ်ရှင် လူကြီး တစ်ယောက်ဖြစ်လာဖို့ရှိတယ် ဆိုရင်သော်လည်းကောင်း ကိုယ့်လုပ်ငန်းအတွက် အရေးပါတဲ့ကောင်းမွန်တဲ့ ဝန်ထမ်းတစ်ယောက်မဆုံးရှုံးရလေအောင် ဘယ်လိုနည်းဗျူဟာလေးတွေသုံးသင့်သလဲ..
1. ရည်မှန်းချက်ကိုရှင်းအောင်ချပြပါ
ကိုယ့်လုပ်ငန်းခွင်ရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ ဆိုတာကိုမြင်သာအောင် ကိုယ့်ဝန်ထမ်းတွေကို ရှင်းရှင်းလင်းလင်းချပြပါ။ ဝန်ထမ်းတစ်ယောက်ကို တာဝန်ပေးတဲ့နေရာမှာလည်းဟိုလိုလို ဒီလိုလို နဲ့ ဟိုစပ်စပ်ဒီစပ်စပ်ခိိုင်းတာမျိုးမဟုတ်ပဲ ဘယ်သူ့ကို ဘယ်တာဝန်မှာ ဘယ်ရာထူးအနေနဲ့ထားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသတ်မှတ်ထားပါ။

2. ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လေးတွေပေးပါ။
သူတို့တာဝန်ယူထားတဲ့ အပိုင်းနဲ့ပတ်သတ်ပြီး သူတို့ရဲ့လွတ်လပ်တဲ့ အတွေးအခေါ်လွတ်လပ်တဲ့သဘောထားတွေ ဆုံးဖြတ်ချက်တွေကို ချခွင့်ပေးပါ။ ကိုယ့်Idea ကို အသုံးချခွင့်မရှိပဲ အပေါ်က ညွှန်ကြားသလိုပဲ လုပ်နေရတာကြာရင် ဝန်ထမ်းတစ်ယောက်ဟာ မတိုးတက်ဘူးဆိုပြီးဒီလုပ်ငန်းမှာကြာကြာနေချင်မှာ မဟုတ်ပါဘူး။

3. လိုအပ်ချက်ကို ကူညီပါ
သူတို့ရဲ့လိုအပ်ချက်ကို တက်နို်င်သမျှ ဖေးမကူညီပေးပါ။ အလုပ်သမားအလုပ်ရှင်ဆိုပြီး အလုပ်သဘောကြီးသီးသန့်မဟုတ်ပဲ ဒီဝန်ထမ်းဟာ ဒီလိုမြေတောင်မြှောက်ပေးရင် ပိုတိုးတက်နိုင်တယ် ၊ ဒီလို အခွင့်အလမ်းတွေသူ့ကိုပေးသင့်တယ်ဆိုပြီး ကိုယ့်ဘက်ကလည်း အကျိုးမလိုသောစိတ်ထားနဲ့ ကူညီစောင့်ရှောက်ပေးပါ။

4. တော်ရုံတန်ရုံ အမှားကို လက်သင့်ခံပါ
လူတိုင်းဟာ အမှားနဲ့မကင်းပါဘူး။ ကိုယ်တိုင်တောင် အမှားတွေကြားထဲက နေ ဒီလိုနေရာမျိုးကို ရောက်လာတယ်ဆိုတာမမေ့ပါနဲ့။ ဒါကြောင့်တော်ရုံ အဖြစ်စလောက် မမှားလေးတွေကို ဝန်ထမ်းဘက်ကလုပ်မိတဲ့အခါနောက်တစ်ကြိမ် မဖြစ်အောင်သတိပေးပြီး ခွင့်လွှတ်နိုင်အောင်ကြိုးစားပါ။

5. လေးစားကြောင်းပြပါ
ကိုယ့်ဝန်ထမ်း ကိုယ့်လက်အောက်ငယ်သားမလို့ မလေးမစားဆက်ဆံတာမျိုး မလုပ်ပါနဲ့။ ကိုယ်ကသူတို့ကို လေးစားသမှုနဲ့ဆက်ဆံပြောဆိုမှသာ သူတို့စိတ်ထဲမှာလည်းကိုယ့်ိကို ခေါင်းဆောင်ကောင်းသဖွယ်မှတ်ယူပြီးကိုယ့်လုပ်ငန်းမှာ နေပျော်မှာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတိုင်းဟာ ဒေါသထက် ဂရုဏာကို ပို ထားတက်တာကြောင့် နေရာတကာမှာ ကိုယ့်ဘက်ကြီးပဲမကြည့်ပဲ ဝန်ထမ်းတွေအတွက်ပါထည့်တွေးမှ ဝန်းထမ်းလည်းစိတ်ချမ်းသာ ကိုယ်လည်းစိတ်ချမ်းသာပြီး လုပ်ငန်းလည်းတိုးတက်နိုင်မှာပါ။ ဝန်ထမ်းကောင်းတစ်ယောာက်ရဖို့ဆိုတာမလွယ်ပါဘူး ၊ ကျွမ်းကျင်မှုအားဖြင့်ရော  စာရိတ္တပိုင်းအရပါသင့်တော်ကောင်းမွန်တဲ့ ဝန်ထမ်းကောင်းတွေကို မဆုံးရှု့ုုံးစေဖို့ရည်ရွယ်ရင်း…

67 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.