အိပ်ရာပေါ်မှာ ဖုန်းအားသွင်းရင်း အိပ်ပျော်သွားတဲ့ ညတွေများနေပြီလား?

ဖုန်းအားသွင်းကြိုး တန်းလန်းနဲ့ဖုန်းမပြောနဲ့ ၊ အင်တာနက်မသုံးနဲ့ ၊ ဂိမ်းမဆော့နဲ့လို့ ခဏခဏ တားမြစ်ဖူးတဲ့ ဆောင်းပါးတွေ စာဖတ်သူတို့လည်း သိပြီးကြမှာပါ။ နောက်တစ်ချက်က အိပ်ရာဘေးမှာ ဖုန်းအားသွင်းပြီးအိပ်ပျော်သွားတာမျိုးတွေဟာ သိပ်အန္တရာယ်များပါတယ်။ ဖုန်းဟာ မင်းရဲ့ကျန်းမာရေးကို ပျက်စီးစေသလို လုံခြုံစိတ်ချမှုကိုလည်း မပေးနိုင်ပါဘူး (မသုံးတတ်ရင်ပေါ့ ) ။

မကြာသေးခင်က New Hampshire ပြည်နယ် မီးသတ်စခန်းတစ်ခုမှ တင်လိုက်တဲ့ ဖေ့စ်ဘွတ် ပို့စ်မှာ အိပ်ရာထဲ ဖုန်းအားသွင်းခြင်းဟာ သုံးစွဲသူအပြင် မိသားစုတစ်ခုလုံးကိုပါ ထိခိုက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဖော်ပြပါ ပုံမှာ ကြိုးလောင်ပြီး စောင်နဲ့ အိပ်ရာခင်းတွေ ညိုမည်းစွဲနေတာကို တွေ့ရမှာပါ။

ဒါဟာ အိပ်ရာပေါ်မှာ ဖုန်းအားသွင်းရင်ဖြစ်လာမယ့် အကျိုးဆက်ပဲလို့ အနည်းငယ် လှုံဆော်လိုက်တဲ့ သတိပေးချက်ပါပဲ။

လေ့လာမှုအရ ဆယ်ကျော်သက် လူငယ်လေးတွေဟာ သူတို့ရဲ့ဖုန်းတွေ၊ tablet တွေကို သူတို့ရဲ့အိပ်ရာဒါမှမဟုတ် ခေါင်းအနားမှာ ထားလေ့ရှိကြပါတယ်။ မေ့ပြီး အားသွင်းထားမိတဲ့အခါ အပူချိန်မထိန်းနိုင်ရင်ထလောင်ပြီး အိပ်ရာခင်းတွေ၊ စောင်တွေကို မီးကစွဲတော့တာပါပဲ။ ဒါကြောင့် အိပ်ရာနားမှာ ဖုန်းအားသွင်းတာဟာ အန္တရာယ်များတယ်လို့ပြောတာပါ။

ကလေးများအနေနဲ့ ခေတ်ရေစီးကြောင်းအရ ဖုန်းကိုင်ချင်ကြမှာပါပဲ။ မိဘတွေက သေချာကြပ်မတ်ပြီး အိပ်ရာဘေးမှာ ဘယ်တော့မှ ဖုန်းကိုအားသွင်းတာ၊ သုံးတာတို့ မလုပ်ဖို့ စည်းကမ်းထုတ်တာမျိုး လုပ်ပေးသင့်ပါတယ်။

စမတ်ဖုန်းတွေကို သူ့ရဲ့ official charging နဲ့ပဲအားသွင်းပေးတာ အကောင်းဆုံးပါပဲ။

Related image

ကိုယ်လည်း ဒီလိုပဲသုံးလာတာ ဘာမှမဖြစ်ပါဘူးဆိုသူများလည်း မဖြစ်သေးခင် ဒီစကားမျိုးထွက်နိုင်တာပါ။ ဖြစ်သွားရင်တော့ ကိုယ်ဖြစ် ကိုယ်ခံပါပဲ။ ဘာပဲပြောပြော အန္တရာယ်ရှိတယ်လို့ သတိပေးထားရင် ရှောင်လိုက်ပါ။ စကားနားထောင်ပါ။ မဟုတ်တဲ့နေရာမှာ ခေါင်းကြောမာပြီး သတ္တိမရှိချင်ကြပါနဲ့။ ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုရင်ပေါ့…

211 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.