ဘယ်လောက်စားစားဝမလာလို့စိတ်ညစ်နေတဲ့မမတို့အဖို့😉😉

ဝတယ်ဆိုတာလည်းတရားလွန်ဝရင်မကောင်းသလို ကြည့်မကောင်းအောင်ပိန်တာကြီး အရွယ်နဲ့မလိုက်အောင်သေးတာကြီးကလည်းကြည့်ရဆိုးလှပါတယ်။ အထူးသဖြင့်မိန်းကလေးဆိုတာ သူ့နေရာနဲ့သူရှိသင့်ရှိထိုက်တာလေးတွေတော့ရှိနေဖို့လိုတာပေါ့နော်။

သူများတွေက ပိန်ချင်လို့ဝိတ်ချနေတဲ့ အချိန်မှာ ကိုယ်ကဘာစားစားဝမလာလို့စိတ်မကောင်းဖြစ်နေလား ၊ ဘယ်လိုခန္ဓာကိုယ်အလေးချိန်ကိုတိုးပွားအောင်လုပ်မလဲ ။ ဘယ်လိုအစားအစာတွေဘယ်လိုနည်းလမ်းတွေကို အသုံးပြုပြီးအတက်နိုင်ဆုံးကိုယ်ခန္ဓာဖွင့်ဖြိုးလာအောင်လုပ်မလဲဆိုတာကိုဖော်ပြလိုက်

1. အစာစားချိန်ကို ပုံမှန်ထားပါ

အစားကိုစားတော့စားပေမဲ့ အချိန်မှန်မှန်စားသုံးဖို့မေ့နေတက်တာကြောင့်ကိုယ်ခန္ဓာဟာ လိုအပ်တဲ့ ကိုယ်အလေးချိန်မရရှိပဲ ဖွင့်ဖြိုးသင့်သလောက်မဇွင့်ဖြိုးတာမျိုးဖြစ်တက်ပါတယ်။ ဒါကြောင့်အစားကိုပုံမှန်စားပေးခြင်းဖြင့်ကိုယ်အလေးချိန်ကိုမြှင့်တင်ပါ။

 

2. အာဟာရရှိတာကိုရွေးစားတက်ပါစေ

အစားေးတွတော့ တစ်အားစားနေပင်မဲ့ ဘာလို့ဝမလာတာလဲဆိုတဲ့ အဖြေကဒီမှာပါ။ အဟာရရှိတဲ့ အစားစာတွကို စားသုံးပေးမှလိုအပ်တဲ့ ဓာတ်တွေကိုရရှိနိုင်ပြီး တွေ့သမျှ မုန့်ပဲသရေစာ တိုလီမုတ်စကိုစားနေရင်တော့ထင်ထားသလောက် ဖွံ့ဖြိုးလားမှာမဟုတ်ပါဘူး။

 

3. Gym ကစားပါ

အလေးချိန်ကျအောင်ကစားသလို အလေးချိန် တက်လာအောင်လည်း ကစားလို့ရပါတယ်။ Gymကစားရင်းနဲ့ ၀ိတ်တက်အောင်လုပ်ခြင်းဟာ လိုအပ်တဲ့ အစိတ်အပိုင်းကိုသာဖွံဖြိုးစေပြီး မလိုအပ်တဲ့ အဆီပိုတွေကို မတက်စေတဲ့ ၀နည်းပါ။

 

4. အိပ်ချိန်မှန်မှန် အိပ်ပါ

အစားပုံမှန်စားရသလိုပဲ အိပ်ချိန်ကိုလည်း အချိန်မှန်မှန် အိပ်ပေးဖို့လည်းလိုအပ်ပါတယ်။ ညဘက်အိပ်ချိန်ကိုညနက်တဲ့ထိုမနေပဲ ဘယ်ချိန် အိပ်ပြီး ဘယ် အချိန်ထမယ်ဆိုတာကို သတ်မှတ်ထားပါ။

 

5. စိတ်ကလေးချမ်းသာနေပါစေ

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာ စိတ်ရဲ့ပေါ်ကို အရမ်းသက်ရောက်နေပါတယ်။ စိတ်ဆင်းရဲစရာများလှတဲ့ လူတစ်ယောက်ဟာ အပေါ်ကဘယ်အချက်ကိုမှလိုက်နာနိုင်မှာမဟုတ်တာကြောင့်စိတ်ရောကိုယ်ရော ကျန်းမာဝဖြိုးစေဖို့ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်ထားပါ။

 

6. အဆီပိုကို မစုဆောင်းမိပါစေနဲ့

တစ်ချို့က၀အောင်လုပ်မယ်ဆိုပြီး အဆီများတဲ့ အစားအစာ အဆီ တက်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပြီး အဆီစုလေ့ရှိပါတယ်။ ဒါဟာမှားယွင်းတဲ့နည်းလမ်းပါ၊ ဖွံ့ဖြိုးတဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်ဖို့အတွက် အဟာရရှိတဲ့ အစားစာတွေကိုပဲစားပေးဖို့လိုတာဖြစ်ပါတယ်။

 

7. ၀ဆေးတွေသောက်တာ

တစ်ချို့သောဝဆေးတွေဟာ လူတိုင်းနဲ့အဆင်မပြေပါဘူး များစွာသော side effectရှိနိုင်သလို တစ်ခါတလေ မျက်နှာကြီးတစ်ခုပဲ ဖောင်းလာတာမျိုး တွေဖြစ်တက်ပါတယ်။ ဒါကြောင့်သဘာဝနည်းလမ်းတွေကိုသာ အသုံးပြုပြီး ၀ိတ်တက်အောင်ကြိုးစားဖို့လိုအပ်ပါတယ်။မျိုးရိုးကြောင့်လို့ဆိုပြီးပိန်နေတဲ့သူတွေကိုတော့သေချာမပြောနိုင်ပင်မဲ့ ပုံမှန်ဝိတ်တက်အောင်ကြိုးစားနေတဲ့သူတစ်ယောက်အတွက်နည်းလမ်းကောင်းလေးတွေနဲ့ဝိတ်တက်ကြပါစေလို့ဆုတောင်းရင်…

Unicode









250 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.