ေယာက်္ားတစ္ေယာက္ဟာ ၀တၳဳတစ္အုပ္လိုပဲတဲ႔…💌

ဒီတစ္ခါေတာ့ အခ်စ္နဲ႔ပတ္သက္တဲ႔ဒႆနစာစုေလးေတြကုိ Trend ပ်ိဳေမပရိသတ္ေတြအတြက္ ျပန္ျပီးမ်ွေ၀ေပးခ်င္ပါတယ္။နာမည္ေက်ာ္ေတြရဲ႔ဒီစာစုေလးေတြက ပ်ိဳေမတို႔ရဲ ႔အခ်စ္ေရးနဲ႔ပတ္သက္လုိ႔ သိမွတ္စရာတစ္ခုခုေတာ့ရသြားေစမွာပါ

နာမည္ေက်ာ္စာေရးဆရာတစ္ေယာက္ျဖစ္ခဲ႔တဲ႔ Yevgeny Zamyatin ဆုိသူအမ်ိဳးသားက “ေယာက်ာ္းတစ္ေယာက္ဟာ ၀တၳဳတစ္အုပ္လိုပဲ ေနာက္ဆံုးစာမ်က္ႏွာမေရာက္ေသးခင္အထိ ဘယ္လုိဇာတ္သိမ္းမလဲဆုိတာ မသိရဘူး”လုိ႔ေျပာခဲ႔ဖူးပါတယ္။မိန္းကေလးေတြရဲ႔စိတ္က နားလည္ရခက္သလုိ ေယာက်္ားေလးေတြရဲ႔စိတ္ဟာလည္းရႈပ္ေထြးပါတယ္။

နာမည္ၾကီးစာေရးဆရာ Paulo Coelho ကေတာ့ “ဘ၀ကတုိတုိေလးပါ။ျဖည္းျဖည္းခ်င္း နမ္းပါ။အားရပါးရ ရယ္ေမာပါ။အခ်စ္စစ္နဲ႔ခ်စ္ပါ။ျမန္ျမန္ဆန္ဆန္ခြင့္လႊတ္ပါ”တဲ႔။ဒါ့အျပင္ “အခ်စ္ဆုိတာ တစ္ေယာက္ေယာက္ ေပၚလာျပီး အဓိပၸာယ္ဖြင့္ဆုိမေပးခင္အခ်ိန္အထိေတာ့ စကားလံုးတစ္လံုးသာသာပါပဲ”လုိ႔ဖြင့္ဆိုထားပါေသးတယ္။စာေရးဆရာေတြဆုိတာ အခ်စ္နဲ႔ပတ္သက္လာရင္ ဂုရုၾကီးေတြပါပဲ 👀

တေယာပညာရွင္ Pablo Casals ရဲ႔ အခ်စ္စာစုေလးက “ကမာၻၾကီးအတြက္ မင္းက လူတစ္ေယာက္ျဖစ္ရံုျဖစ္ေပမဲ႔ လူတစ္ေယာက္အတြက္ေတာ့ မင္းက ကမာၻၾကီးျဖစ္ပါလိမ့္မယ္”တဲ႔

ျပင္သစ္စာေရးဆရာ Francois de La Rochefoucauld ရဲ႔စာစုေလးကေတာ့“အခ်စ္စစ္ဆုိတာသရဲတေစၦလုိပဲတဲ႔။လူတုိင္းနီးပါး အဲ႔ဒီအေၾကာင္းေျပာေလ့ရွိေပမဲ႔ ျမင္ဖူးတဲ႔သူနည္းတယ္”ဆုိတာပါပဲ။ဟုတ္ရဲ႔လား? “ကိုယ္က သူ႔ေပ်ာ္ရႊင္မႈတစ္စိတ္တစ္ပုိင္းမဟုတ္ဘူးဆုိရင္ေတာင္ အဲ႔ဒီလူေပ်ာ္ရႊင္ဖုိ႔က ကုိယ္ဆႏၵအရွိဆံုး၊အလုိခ်င္ဆံုးပဲဆုိတဲ႔အခ်ိန္က အခ်စ္ဆုိတာကုိသိသြားတဲ႔အခ်ိန္ပါပဲ”လုိ႔ အေမရိကန္မင္းသမီးေခ်ာ Julia Roberts က ေျပာခဲ႔ပါတယ္။

အေမရိကန္စာေရးဆရာ Nicholas Sparks ကေတာ့ “အခ်စ္ဆုိတာ ေလလုိပဲ။မျမင္ႏုိင္ေပမဲ႔ ခံစားလို႔ရႏုိင္တယ္”လုိ႔ဖြဲ႔ဆုိထားျပီး”အခ်စ္ဆုိတာ ေပးဆပ္ရင္းနဲ႔ပဲ ရွည္ၾကာခုိင္ျမဲလာပါတယ္။အခ်စ္ကုိေပးလုိက္တာကသာ အခ်စ္ကုိသိမ္းဆည္းထားႏုိင္တဲ႔နည္းျဖစ္တယ္”လုိ႔ အေမရိကန္စာေရးဆရာ Elbert Hubbard က အခ်စ္အေပၚထားတဲ႔သူ႔ရဲ႔အျမင္ကိုဖြင့္ဟျပထားပါတယ္။

William Shakespeare ကေတာ့ “အခ်စ္ကုိတန္ဖုိးမထားတတ္တဲ႔လူတစ္ေယာက္အေပၚမွာ သင့္အခ်စ္ေတြကုိမျဖဳန္းပါနဲ႔”တဲ႔။

ကေနဒီယန္စာေရးဆရာတစ္ေယာက္ျဖစ္တဲ႔ Orlando Aloysius Battista ကေတာ့ အခ်စ္ေရးနဲ႔ပတ္သက္လုိ႔ အမွန္ကန္ဆံုးအရာတစ္ခုကုိေျပာခဲ႔ပါတယ္။ဘာလဲဆုိေတာ့ “လူအမ်ားစုရဲ႔အၾကီးမားဆံုးအားနည္းခ်က္က အသက္ရွင္ေနတုန္း ကုိယ္ခ်စ္တဲ႔သူေတြကုိ ဘယ္ေလာက္ခ်စ္တယ္ဆုိတာေျပာျပဖုိ႔ ဆုိင္းတြေနျခင္းပါပဲ”တဲ႔ ထိရွ

ဒါေတြကေတာ့ နာမည္ေက်ာ္ေတြဖြင့္ဆုိထားတဲ႔အခ်စ္ဒႆနတစ္ခ်ိဳ႔ပါ။ဒါေလးေတြဖတ္ျပီး အခ်စ္နဲ႔ပတ္သက္လုိ႔ တစ္ခုခုေတြးေတာစရာ ရသြားမယ္ထင္ပါတယ္ေနာ္ 💌

Unicode

ဒီတစ်ခါတော့ အချစ်နဲ့ပတ်သက်တဲ့ဒဿနစာစုလေးတွေကို Trend ပျိုမေပရိသတ်တွေအတွက် ပြန်ပြီးမျှဝေပေးချင်ပါတယ်။နာမည်ကျော်တွေရဲ့ဒီစာစုလေးတွေကပျိုမေတို့ရဲ ့အချစ်ရေးနဲ့ပတ်သက်လို့ သိမှတ်စရာတစ်ခုခုတော့ရသွားစေမှာပါ

နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်ခဲ့တဲ့ Yevgeny Zamyatin ဆိုသူအမျိုးသားက “ယောကျာ်းတစ်ယောက်ဟာ ဝတ္ထုတစ်အုပ်လိုပဲ နောက်ဆုံးစာမျက်နှာမရောက်သေးခင်အထိ ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ မသိရဘူး”လို့ပြောခဲ့ဖူးပါတယ်။မိန်းကလေးတွေရဲ့စိတ်က နားလည်ရခက်သလို ယောကျ်ားလေးတွေရဲ့စိတ်ဟာလည်းရှုပ်ထွေးပါတယ်။

နာမည်ကြီးစာရေးဆရာ Paulo Coelho ကတော့ “ဘဝကတိုတိုလေးပါ။ဖြည်းဖြည်းချင်း နမ်းပါ။အားရပါးရ ရယ်မောပါ။အချစ်စစ်နဲ့ချစ်ပါ။မြန်မြန်ဆန်ဆန်ခွင့်လွှတ်ပါ”တဲ့။ဒါ့အပြင် “အချစ်ဆိုတာ တစ်ယောက်ယောက် ပေါ်လာပြီး အဓိပ္ပာယ်ဖွင့်မဆိုပေးခင်အချိန်အထိတော့ စကားလုံးတစ်လုံးသာသာပါပဲ”လို့ဖွင့်ဆိုထားပါသေးတယ်။စာရေးဆရာတွေဆိုတာ အချစ်နဲ့ပတ်သက်လာရင် ဂုရုကြီးတွေပါပဲ 👀

တယောပညာရှင် Pablo Casals ရဲ့ အချစ်စာစုလေးက “ကမ္ဘာကြီးအတွက် မင်းက လူတစ်ယောက်ဖြစ်ရုံဖြစ်ပေမဲ့ လူတစ်ယောက်အတွက်တော့ မင်းက ကမ္ဘာကြီးဖြစ်ပါလိမ့်မယ်”တဲ့

ပြင်သစ်စာရေးဆရာ Francois de La Rochefoucauld ကတော့ “အချစ်စစ်ဆိုတာသရဲတစ္ဆေလိုပဲတဲ့။လူတိုင်းနီးပါး အဲ့ဒီအကြောင်းပြောလေ့ရှိပေမဲ့ မြင်ဖူးတဲ့သူနည်းတယ်”ဆိုတာပါပဲ။ဟုတ်ရဲ့လား?
“ကိုယ်က သူ့ပျော်ရွှင်မှုတစ်စိတ်တစ်ပိုင်းမဟုတ်ဘူးဆိုရင်တောင် အဲ့ဒီလူပျော်ရွှင်ဖို့က ကိုယ်ဆန္ဒအရှိဆုံး၊အလိုချင်ဆုံးပဲ”ဆိုတဲ့အချိန်က အချစ်ဆိုတာကိုသိသွားတဲ့အချိန်ပါပဲလို့ အမေရိကန်မင်းသမီးချော Julia Roberts က ပြောခဲ့ပါတယ်။

အမေရိကန်စာရေးဆရာ Nicholas Sparks ကတော့ “အချစ်ဆိုတာ လေလိုပဲ။မမြင်နိုင်ပေမဲ့ ခံစားလို့ရနိုင်တယ်”လို့ဖွဲ့ဆိုထားပြီး”အချစ်ဆိုတာ ပေးဆပ်ရင်းနဲ့ပဲ ရှည်ကြာခိုင်မြဲလာပါတယ်။အချစ်ကိုပေးလိုက်တာကသာ အချစ်ကိုသိမ်းဆည်းထားနိုင်တဲ့နည်းဖြစ်တယ်”လို့ အမေရိကန်စာရေးဆရာ Elbert Hubbard က အချစ်အပေါ်ထားတဲ့သူ့ရဲ့အမြင်ကိုဖွင့်ဟပြထားပါတယ်။

William Shakespeare ကတော့ “အချစ်ကိုတန်ဖိုးမထားတတ်တဲ့လူတစ်ယောက်အပေါ်မှာ သင့်အချစ်တွေကိုမဖြုန်းပါနဲ့”တဲ့။

ကနေဒီယန်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Orlando Aloysius Battista ကတော့ အချစ်ရေးနဲ့ပတ်သက်လို့ အမှန်ကန်ဆုံးအရာတစ်ခုကိုပြောခဲ့ပါတယ်။ဘာလဲဆိုတော့ “လူအများစုရဲ့အကြီးမားဆုံးအားနည်းချက်က အသက်ရှင်နေတုန်း ကိုယ်ချစ်တဲ့သူတွေကို ဘယ်လောက်ချစ်တယ်ဆိုတာ
ပြောပြဖို့ ဆိုင်းတွနေခြင်းပါပဲ”တဲ့ ထိရှ

ဒါတွေကတော့ နာမည်ကျော်တွေဖွင့်ဆိုထားတဲ့အချစ်ဒဿနတစ်ချို့ပါ။ဒါလေးတွေဖတ်ပြီး အချစ်နဲ့ပတ်သက်လို့ တစ်ခုခုတွေးတောစရာ ရသွားမယ်ထင်ပါတယ်နော် 💌

194 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.