Single ပါ Single ပါလို့သတ်မှတ်ထားတဲ့ချစ်သူမရှိတဲ့သူတစ်ယောက်ရဲ့နောက်ကွယ်မှာနာကျင်စရာဇာတ်လမ်းလေးတွေရှိနေတတ်ပါတယ်…😥😥
Unicode
တစ်ချို့သော Single တွေရဲ့နောက်ကွယ်မှာရင်နာစရာဇာတ်လမ်းလေးတွေရှိခဲ့မှာပဲလို့သင်တွေးပေးခဲ့မိလား…ရည်စားမရှိဘူးဆိုတဲ့သူတွေရဲ့နောက်ကွယ်မှာမတူညီတဲ့အကြောင်းပြချက်တွေရှိနေတတ်ကြပါတယ်။ တစ်ချို့ကချစ်သူရည်းစားထားဖို့အချိန်မပေးနိုင်လို့မထားတာ၊ တစ်ချို့တွေက ကိုယ့်အကြိုက်မတွေ့သေးလို့၊တစ်ချို့က ပိတ်ပင်နှောင်ဖွဲ့မှုတွေများပြားလှတဲ့ချစ်ရေးချစ်ရာကြီးကို မွန်းကြပ်လို့၊ ဒီလိုပဲအမျိုးမျိုးသော Feelings တွေနဲ့ချစ်သူရည်းစားမထားဖြစ်သွားကြတာပါ။ ဒီလိုလူတွေကြားထဲကမှချစ်လည်းချစ်တတ်ပါရဲ့ ချစ်သူထားချင်စိတ်လည်းရှိပင်မဲ့ Single လုပ်နေတဲ့သူတစ်ချို့ရှိပါတယ်။ သေချာပါတယ်ဒါဆိုရင်တော့သူတို့ရင်ထဲမှာ အချစ်နဲ့ပတ်သတ်ပြီးနာကျင်ခံစားခဲ့ရတဲ့ဇာတ်လမ်းလေးတွေရှိနေတာဖြစ်ပါလိမ့်မယ်။😥😥
တစ်စုံတစ်ယောက်ကိုချစ်ရတာကြောက်သွားတာမျိုး၊အချစ်ရေးနဲ့ပတ်သတ်ပြီးရှေ့ဆက်တိုးဖို့ မကြိုးစားချင်တော့တာမျိုး၊ ကုန်ကုန်ပြောရရင်အချစ်ကိုစိတ်ပျက်နေတတ်ကြတာမျိုးပါ ။ နောက်တစ်ခုက မယုံကြည်ရဲတာ…ငါများထပ်ချစ်လိုက်မိရင် ငါများရည်းစားထားမိလိုက်ရင် ငါများတစ်စုံတစ်ယောက်နဲ့ချစ်လိုက်မိရင် ခဏလေးနဲ့ပြတ်သွားမလား၊နာပဲနာကျင်နေရမလား😌၊ ကိုယ်နဲ့ကောစိတ်သဘောကိုက်ညီပါ့မလား၊ အစကတော့ဟုတ်ပင်မဲ့နောက်ပိုင်းအဖျားရှုးသွာမလား စသဖြင့် အတွေးပေါင်းစုံနဲ့ချစ်ရမှာကြောက်နေတတ်ကြတာပါ။ Single ဖြစ်နေတိုင်းအသည်းနှလုံးမရှိတာမဟုတ်ပါဘူး။
တစ်ချို့ Single တွေဆိုတာ တစ်ချိန်တုန်းကဘယ်သူမှမသိနိုင်တဲ့ အချိန်မှာ RS ဖြစ်ရင်ဖြစ်ခဲ့မှာပါ(မတည်ငြိမ်တဲ့ RS လေးဖြစ်သွားခဲ့တာကလွဲရင်ပေါ့) ဒါကြောင့် ကိုယ်ပြောချင်တာကချစ်ခြင်းမေတ္တာဆိုတာ လက်ရှိရည်းစားရှိတာမရှိတာနဲ့မဆိုင်ပဲအသည်းနှလုံးရှိတဲ့သူတိုင်းခံစားတတ်တဲ့အရာပါ။
တစ်ချို့သောတစ်ကိုယ်တည်းလူလွတ်တွေရဲ့ရင်ထဲမှာသင်တို့မမြင်နိုင်တဲ့မချိမဆန့်ဒဏ်ရာတွေ ရှိနေတတ်ပါတယ်…😒😒
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.