ဒီဘ၀စည္းမ်ဥ္းေလးေတြက ယူတုိ႔ကုိထက္ျမက္တဲ႔မိန္းမသားတစ္ေယာက္ျဖစ္ေစမွာ…🌻

လူတုိင္းမွာ အားသာတဲ႔အခ်ိန္ အားနည္းတဲ႔အခ်ိန္ေတြဆုိတာရွိတာပါပဲ။တစ္ခါတစ္ေလ ဘ၀ကုိလက္ေလ်ာ့ခ်င္ေလာက္တဲ႔အခ်ိန္ဆုိတာ ရွိသလို တစ္ခါတစ္ေလေတာ့လည္း စိတ္ဓာတ္တက္ၾကြဆံုးဆုိတဲ႔အခ်ိန္ေတြၾကံဳဖူးၾကမွာပါ။ဒါေပမဲ႔ အခုေျပာျပမယ့္ စည္းမ်ဥ္းေလးေတြ၊အခ်က္ေလးေတြသာ
သိထားမယ္ဆုိရင္ မိန္းမသားဆုိေပမဲ႔လည္း ထက္ျမက္ၾကံ႔ခုိင္တဲ႔မိန္းမသားအျဖစ္ ဘ၀ကုိခြန္အားအျပည့္ရင္ဆုိင္ႏုိင္သြားမွာပါ။ဘယ္လိုစည္းမ်ဥ္းေလးေတြလဲ…?

Rule 1 *ဘယ္လိုအခ်ိန္မိ်ဳး၊ဘယ္လိုအေနအထားမိ်ဳးမွာပဲျဖစ္ျဖစ္ ကုိယ့္ကုိယ့္ကုိယ္ခ်စ္ပါ
တစ္ျခားသူေတြက ကုိယ့္အရည္အခ်င္းေတြ၊ကုိယ့္လုပ္ႏုိင္စြမ္းအေပၚသံသယ၀င္ေနရင္ေတာင္ ကုိယ့္ကုိယ့္ကုိေတာ့ အယံုအၾကည္မကင္းမဲ႔သင့္ပါဘူးေနာ္။အမွားတစ္ခုလုပ္မိရံုနဲ႔ ကုိယ့္ကုိယ့္ကုိယ္အျပစ္တင္ေနမယ့္အစား အဲ႔ဒီအမွားကေန ေလ့လာသင္ယူျပီးေနာက္ထပ္မမွားေအာင္ဂရုစုိက္ပါ

Rule 2 *တစ္ျခားသူေတြအေပၚ ယံုၾကည္ျပီး မမွီခိုပါနဲ႔
ကုိယ္နဲ႔အရင္းနွီးဆံုးေတြအေပၚယံုၾကည္ထားတယ္။ဒါေပမဲ႔ ဆံုးျဖတ္ခ်က္ေတြခ်ရတဲ႔အခါမ်ိဳး၊ဘ၀နဲ႔ပတ္သက္လို႔ရပ္တည္ခ်က္ေတြဆံုးျဖတ္ရေတာ့အခါမ်ိဳးမွာ သူတုိ႔ရဲ႔ေျပာစကားထက္ ကုိယ္တုိင္ပဲဆံုးျဖတ္ရမွာပါ။ဘယ္သူမွ အစား၀င္ဆံုးျဖတ္မေပးပါဘူး။တစ္ျခားသူေတြက ဘာလုပ္ပါ၊ညာလုပ္ပါလို႔ေျပာေနရတဲ႔သူမဟုတ္ပဲ ေမးခြန္းအားလံုးအတြက္ ကုိယ့္မွာအေျဖရွိေနျပီးသားလူပဲျဖစ္ဖုိ႔ၾကိဳးစားပါ။ကုိယ္ကုိယ္တုိင္ကလြဲလု႔ိ ယံုၾကည္ရတဲ့သူဆုိတာ ရွာမွရွားပါပဲ။

Rule 3 *ကုိယ့္မသိစိတ္ကုိယံုၾကည္ပါ
မသိစိတ္က ကုိယ့္ရဲ႔အေကာင္းဆံုးသူငယ္ခ်င္းပါပဲ။ဘယ္အရာက ကုိယ့္အတြက္အေကာင္းဆံုးျဖစ္မလဲ၊ဘယ္အရာကေတာ့ျဖင့္မွားယြင္းႏုိင္တယ္ဆုိတာ ကုိယ့္ရဲ႔မသိစိတ္နဲ႔သိစိတ္ေပါင္းျပီးအေျဖထုတ္ရတာပါ။ကုိယ့္စိတ္ကုိနားေထာင္ဖုိ႔ၾကိဳးစားပါ။သင့္အတြက္မွန္ကန္တဲ႔အေျဖကုိ ေပးပါလိမ့္မယ္။

Rule 4 * စိတ္ထဲကမပါဘူးဆုိရင္ေတာင္ ၾကင္နာျပပါ
တစ္ျခားသူေတြကုိ ၾကင္နာဖို႔၊ခ်စ္ခင္ဖုိ႔စိတ္မပါဘူးဆုိရင္ေတာင္ ေနာက္ဆံုးအခ်ိန္ထိ ၾကင္နာပါ။ထက္ျမက္တဲ႔မိန္းမသားတစ္ေယာက္ဟာ စိတ္ဆုိးေဒါသထြက္တာေတြ၊နာက်င္တာေတြကုိ ရင္ထဲမွာပဲထားျပီး တစ္ျခားသူေတြကုိ တည္ျငိမ္စြာနဲ႔တံု႔ျပန္ေျပာဆုိပါတယ္။ကုိယ့္အေပၚတစ္ေယာက္ေယာက္ကေဒါသထြက္ေအာင္ေျပာလို႔ ေဒါသထြက္ျပလိုက္ရင္ ဒါကုိယ့္အရွံဳးပါပဲ။သူတုိ႔က ကုိယ္ေဒါသထြက္တာျမင္ခ်င္္ၾကတာေလ။အဲဒီေတာ့ ဘယ္အရာက သူတုိ႔အေပၚတံု႔ျပန္တာျဖစ္မလဲ ေသခ်ာစဥ္းစားတံု႔ျပန္ပါ။

Rule 5 * အေျခအေနအခ်ိန္အခါေတြထည့္မတြက္ပဲ ကုိယ္ခ်စ္တဲ႔သူေတြအတြက္ ခြန္အားျဖစ္ေပးပါ
တစ္ေယာက္ေယာက္ကုိအားေပးႏွစ္သိမ့္တယ္။တစ္ေယာက္ေယာက္အတြက္ခြန္အားျဖစ္ေပးတယ္ဆုိတာ အေျခအေနအခ်ိန္အခါ မကန္႔သတ္ထားသင့္ပါဘူး။ကုိယ္ခ်စ္တဲ႔လူေတြ၊ကုိယ္ဂရုစုိုက္ရတဲ႔လူေတြအတြက္ ကုိယ္က အျမဲအားျဖစ္ေပးသင့္ပါတယ္။ဒါက ကုိယ္သူတုိ႔ထက္ သန္မာတယ္၊ခြန္အားရွိတယ္ဆုိတာ ျပေနတာပါပဲ။

Rule 6 * ၀မ္းနည္းမႈေတြကုိ ျမိဳသိပ္မထားပါနဲ႔
ငုိခ်လိုက္ဖုိ႔ကုိ မေၾကာက္ပါနဲ႔။ငုိတာဟာ အားနည္းခ်က္တစ္ခုမဟုတ္ပါဘူး။ငိုေၾကြးလုိက္တာက ကုိယ္ျပန္ျပီးရပ္တည္ဖုိ႔အားယူလိုက္တဲ႔သေဘာပါပဲ။လူတုိင္းဘ၀မွာသာယာတဲ႔ေန႔ရက္ၾကီးပဲမရွိပါဘူး။အခက္အခဲေတြ၊အဆင္မေျပမႈေတြဆုိတာ ဒီေန႔မဟုတ္ ေနာက္တစ္ေန႔ၾကံဳရမွာပါ။ဒါေၾကာင့္ ငုိခ်င္ရင္ငုိခ်လိုက္ပါ။ေနာက္တစ္ေန႔ထိမသယ္ပါနဲ႔။

Rule 7* ဘယ္အရာမဆုိ ျပဳလုပ္ခါနီးတုိင္း ငါလုပ္ႏုိင္တယ္ဆုိတဲ႔ယံုၾကည္ခ်က္ထားပါ
အဆင္ေျပပါ့မလား၊ရပါ့မလားေတြးေနတာက က်ရွံဳးသူေတြရဲ႔ အလုပ္ပါ။ကုိယ္ဘာကုိပဲလုပ္လုပ္ လုပ္ေတာ့မယ္ဆုိရင္ ငါဒီအရာကုိလုပ္ႏုိင္တယ္ဆုိတဲ႔စိတ္ေလးနဲ႔ကုိယ့္ကုိယ့္ကုိယ္ယံုၾကည္ခ်က္အျပည့္ထားျပီးလုပ္ပါ။ထက္ျမက္ၾကံ႔ခိုင္တဲ႔မိန္းမသားဆုိတာ အလြယ္တကူအရွံဳးမေပးလုိက္ပါဘူး။တစ္ေယာက္ေယာက္ကရပ္လို႔ေျပာရင္ေတာင္ အဲ႔ဒါက ကုိယ့္ပန္းတုိင္ကုိအျမန္ေရာက္ေစတဲ႔ စကားပဲလုိ႔မွတ္ထားပါ။သင္လုပ္ႏုိင္တာထက္ ပိုျပီးလုပ္ႏုိင္တယ္ဆုိတာ မေမ့ပါနဲ႔။

ဒီေန႔ကစျပီး ဒီလုိယံုၾကည္ခ်က္ေလးထည့္ျပီးလုပ္ေပးမယ္ဆုိရင္ ရလဒ္ေကာင္းေလးေတြပိုင္ဆုိင္လာမွာပါလို႔ အၾကံျပဳတိုက္တြန္းလိုက္ပါတယ္။

Unicode

လူတိုင်းမှာ အားသာတဲ့အချိန် အားနည်းတဲ့အချိန်တွေဆိုတာရှိတာပါပဲ။တစ်ခါတစ်လေ ဘဝကိုလက်လျော့ချင်လောက်တဲ့အချိန်ဆိုတာ ရှိသလို တစ်ခါတစ်လေတော့လည်း စိတ်ဓာတ်တက်ကြွဆုံးဆိုတဲ့အချိန်တွေကြုံဖူးကြမှာပါ။ဒါပေမဲ့ အခုပြောပြမယ့် စည်းမျဉ်းလေးတွေ၊အချက်လေးတွေသာ
သိထားမယ်ဆိုရင် မိန်းမသားဆိုပေမဲ့လည်း ထက်မြက်ကြံ့ခိုင်တဲ့မိန်းမသားအဖြစ် ဘဝကိုခွန်အားအပြည့်ရင်ဆိုင်နိုင်သွားမှာပါ။ဘယ်လိုစည်းမျဉ်းလေးတွေလဲ…?

Rule 1 *ဘယ်လိုအချိန်မျိုး၊ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ့်ကိုယ်ချစ်ပါ
တစ်ခြားသူတွေက ကိုယ့်အရည်အချင်းတွေ၊ကိုယ့်လုပ်နိုင်စွမ်းအပေါ်သံသယဝင်နေရင်တောင် ကိုယ့်ကိုယ့်ကိုတော့ အယုံအကြည်မကင်းမဲ့သင့်ပါဘူးနော်။အမှားတစ်ခုလုပ်မိရုံနဲ့ ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်နေမယ့်အစား အဲ့ဒီအမှားကနေ လေ့လာသင်ယူပြီးနောက်ထပ်မမှားအောင်ဂရုစိုက်ပါ

Rule 2 *တစ်ခြားသူတွေအပေါ် ယုံကြည်ပြီး မမှီခိုပါနဲ့
ကိုယ်နဲ့အရင်းနှီးဆုံးတွေအပေါ်ယုံကြည်ထားတယ်။ဒါပေမဲ့ ဆုံးဖြတ်ချက်တွေချရတဲ့အခါမျိုး၊ဘဝနဲ့ပတ်သက်လို့ရပ်တည်ချက်တွေဆုံးဖြတ်ရတော့အခါမျိုးမှာ သူတို့ရဲ့ပြောစကားထက် ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါ။ဘယ်သူမှ အစားဝင်ဆုံးဖြတ်မပေးပါဘူး။တစ်ခြားသူတွေက ဘာလုပ်ပါ၊ညာလုပ်ပါလို့ပြောနေရတဲ့သူမဟုတ်ပဲ မေးခွန်းအားလုံးအတွက် ကိုယ့်မှာအဖြေရှိနေပြီးသားလူပဲဖြစ်ဖို့ကြိုးစားပါ။ကိုယ်ကိုယ်တိုင်ကလွဲလို့ ယုံကြည်ရတဲ့သူဆိုတာ ရှာမှရှားပါပဲ။

Rule 3 *ကိုယ့်မသိစိတ်ကိုယုံကြည်ပါ
မသိစိတ်က ကိုယ့်ရဲ့အကောင်းဆုံးသူငယ်ချင်းပါပဲ။ဘယ်အရာက ကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲ၊ဘယ်အရာကတော့ဖြင့်မှားယွင်းနိုင်တယ်ဆိုတာ ကိုယ့်ရဲ့မသိစိတ်နဲ့သိစိတ်ပေါင်းပြီးအဖြေထုတ်ရတာပါ။ကိုယ့်စိတ်ကိုနားထောင်ဖို့ကြိုးစားပါ။သင့်အတွက်မှန်ကန်တဲ့အဖြေကို ပေးပါလိမ့်မယ်။

Rule 4 * စိတ်ထဲကမပါဘူးဆိုရင်တောင် ကြင်နာပါ
တစ်ခြားသူတွေကို ကြင်နာဖို့၊ချစ်ခင်ဖို့စိတ်မပါဘူးဆိုရင်တောင် နောက်ဆုံးအချိန်ထိ ကြင်နာပါ။ထက်မြက်တဲ့မိန်းမသားတစ်ယောက်ဟာ စိတ်ဆိုးဒေါသထွက်တာတွေ၊နာကျင်တာတွေကို ရင်ထဲမှာပဲထားပြီး တစ်ခြားသူတွေကို တည်ငြိမ်စွာနဲ့တုံ့ပြန်ပြောဆိုပါတယ်။ကိုယ့်အပေါ်တစ်ယောက်ယောက်ကဒေါသထွက်အောင်ပြောလို့ ဒေါသထွက်ပြလိုက်ရင် ဒါကိုယ့်အရှုံးပါပဲ။သူတို့က ကိုယ်ဒေါသထွက်တာမြင်ချင််ကြတာလေ။အဲဒီတော့ ဘယ်အရာက သူတို့အပေါ်တုံ့ပြန်တာဖြစ်မလဲ သေချာစဉ်းစားတုံ့ပြန်ပါ။

Rule 5 * အခြေအနေအချိန်အခါတွေထည့်မတွက်ပဲ ကိုယ်ချစ်တဲ့သူတွေအတွက် ခွန်အားဖြစ်ပေးပါ
တစ်ယောက်ယောက်ကိုအားပေးနှစ်သိမ့်တယ်။တစ်ယောက်ယောက်အတွက်ခွန်အားဖြစ်ပေးတယ်ဆိုတာ အခြေအနေအချိန်အခါ မကန့်သတ်ထားသင့်ပါဘူး။ကိုယ်ချစ်တဲ့လူတွေ၊ကိုယ်ဂရုစိုုက်ရတဲ့လူတွေအတွက် ကိုယ်က အမြဲအားဖြစ်ပေးသင့်ပါတယ်။ဒါက ကိုယ်သူတို့ထက် သန်မာတယ်၊ခွန်အားရှိတယ်ဆိုတာ ပြနေတာပါပဲ။

Rule 6 * ဝမ်းနည်းမှုတွေကို မြိုသိပ်မထားပါနဲ့
ငိုချလိုက်ဖို့ကို မကြောက်ပါနဲ့။ငိုတာဟာ အားနည်းချက်တစ်ခုမဟုတ်ပါဘူး။ငိုကြွေးလိုက်တာက ကိုယ်ပြန်ပြီးရပ်တည်ဖို့အားယူလိုက်တဲ့သဘောပါပဲ။လူတိုင်းဘဝမှာသာယာတဲ့နေ့ရက်ကြီးပဲမရှိပါဘူး။အခက်အခဲတွေ၊အဆင်မပြေမှုတွေဆိုတာ ဒီနေ့မဟုတ် နောက်တစ်နေ့ကြုံရမှာပါ။ဒါကြောင့် ငိုချင်ရင်ငိုချလိုက်ပါ။နောက်တစ်နေ့ထိမသယ်ပါနဲ့။

Rule 7* ဘယ်အရာမဆို ပြုလုပ်ခါနီးတိုင်း ငါလုပ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ထားပါ
အဆင်ပြေပါ့မလား၊ရပါ့မလားတွေးနေတာက ကျရှုံးသူတွေရဲ့ အလုပ်ပါ။ကိုယ်ဘာကိုပဲလုပ်လုပ် လုပ်တော့မယ်ဆိုရင် ငါဒီအရာကိုလုပ်နိုင်တယ်ဆိုတဲ့စိတ်လေးနဲ့ကိုယ့်ကိုယ့်ကိုယ်ယုံကြည်ချက်အပြည့်ထားပြီးလုပ်ပါ။ထက်မြက်ကြံ့ခိုင်တဲ့မိန်းမသားဆိုတာ အလွယ်တကူအရှုံးမပေးလိုက်ပါဘူး။တစ်ယောက်ယောက်ကရပ်လို့ပြောရင်တောင် အဲ့ဒါက ကိုယ့်ပန်းတိုင်ကိုအမြန်ရောက်စေတဲ့ စကားပဲလို့မှတ်ထားပါ။သင်လုပ်နိုင်တာထက် ပိုပြီးလုပ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

ဒီနေ့ကစပြီး ဒီလိုယုံကြည်ချက်လေးထည့်ပြီးလုပ်ပေးမယ်ဆိုရင် ရလဒ်ကောင်းလေးတွေပိုင်ဆိုင်လာမှာပါလို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

402 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.