သေချာတာတစ်ခုကတော့ Kardashian-Jenner အဖွဲ့ဟာတစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ကာကာကြီးကို သစ္စာရှိကြပြီး အားပေးကူညီတတ်ကြပါတယ်။ မကြာသေးခင်ကာလအတွင်းမှာ ဒီမိသားစုရဲ့အချစ်ဟာ instagram ပေါ်တက်ပြီး တစ်ယောက်ကိုတစ်ယောက်ချီးကျုးပြောဆိုတာထက်ပိုလာပြီး မိသားစုဝင်အချို့ဆိုရင် သူတို့ရဲ့မောင်နှမတွေကို ထောက်ခံအားပေးတဲ့ shirt အင်္ကျီ တွေဝတ်ဆင်တာကိုတွေ့ရတယ်လို့ဆိုပါတယ်။ တကယ်ကို ချစ်စရာကောင်းပါတယ်။
Rob က Dancing With The Stars မှာကနေတုန်း Kim က “Rob နဲ့ Cheryl တို့ကိုမဲပေးကြပါ” လို့ရေးထားတဲ့ T-shirt ကို ၀တ်ဆင်ပြီးသူ့မောင်ကိုဂုဏ်ပြုခဲ့ပါတယ်။ အခုတော့ ဒီမိသားစုဝင်အချို့က အောင်မြင်ကျော်ကြားနေပြီး လေးစားဂုဏ်ယူစရာကောင်းတဲ့ Kim နဲ့ Kim နဲ့စေ့စပ်ထားသူ Kenye West တို့ကိုအားပေးပြီး သူတို့ရဲ့ချစ်ခြင်းကိုပြသခဲ့ပါတယ်. Kendall, Kylie နဲ့ အမေဖြစ်သူ Kris တို့ကဒီဆောင်းရာသီအတွင်း Yeezy ပစ္စည်းတွေနဲ့ လန်းနေတာဖြစ်ပါတယ်။ အငယ်ဆုံးလေး Jenners ကတော့ Kenye ရဲ့ show ပွဲ T-shirt တွေနဲ့မိုက်နေတာဖြစ်ပြီး Kris ကတော့ Ye ရဲ့မျက်နှာအနီးကပ်ပုံရိုက်နှိပ်ထားတဲ့
T-shirt အင်္ကျီမိုက်မိုက်လေးကိုဝတ်ဆင်ထားတာတွေ့ရမှာဖြစ်ပါတယ်။
အရှက်မရှိကိုယ့်ကိုကိုယ် မြှင့်တင်နေတယ်လို့ထင်စရာရှိပေမယ့် ဒီမိသားစု တစ်ယောက်ရဲ့အိပ်မက်ကိုတစ်ယောက်က ၁၀၀ ရာခိုင်နှုန်းထောက်ခံအားပေးတာဟာ နှစ်သက်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။
Kendall, Kylie, Kris နဲ့ Kim တို့မိသားစုရဲ့ မိသားစုရေးရာကြောင့်စိတ်ကူးရလာတဲ့ fashion အပေါ်ကိုသင်ဘယ်လိုမြင်ပါသလဲ။ သင်သာဆိုရင် သင့်အချစ်ဆုံးသူငယ်ချင်းရဲ့မျက်နှာဒါမှမဟုတ် သင့်ညီမငယ်လေးရဲ့ပုံကို t-shirt ပေါ်မှာရိုက်နှိပ်ပြီးဝတ်ဆင်မှာလား။ comment ပေးနိုင်ပါတယ်။
Ref:seventeen