ဖေ့စ်ဘွတ် ဖခင်ကြီး Mark Zuckerberg ဆီက ဒီလိုအကျင့်တွေ အတုယူကြမယ်

ကိုယ်တွေ နေ့စဉ်ဘဝမှာ ဒီ fb မကြည့်ရ မနေနိုင်အောင် လုပ်နိုင်ခဲ့တဲ့ ဖေ့စ်ဘွတ် တည်ထောင်သူ
Mark Zuckerberg ရဲ့lifestyle ဟာ ဘယ်လိုမျိုးလဲလို့ စာဖတ်သူများလည်း သိချင်လိမ့်မယ်လို့ ထင်ပါတယ်။ Zuckerberg ဟာ သူ့ရဲ့အချိန်တွေကို ဘယ်လိုကုန်ဆုံးလဲ..၊ မိသားစုနဲ့ အလုပ်ကို ဘယ်လိုဟန်ချက်ညီအောင်ထိန်းထားလဲဆိုတာ

မိုးလင်းတိုင်း သူ့ရဲ့facebook ကို အမြဲကြည့်တယ်..

Mark-Zuckerberg-checking-his-phone
Zuckerberg ဟာ မနက်၈နာရီထပြီဆိုတာနဲ့ သူ့ရဲ့ဖေ့စ်ဘွတ်ကို အမြဲတမ်းစစ်ပါတယ်။ သူ့ရဲ့အလုပ်နဲ့ပတ်သတ်ပြီး ဘာတွေထူးခြားလဲ။ ဘာတွေဖြစ်ပျက်သွားသေးလဲ။ ဘာတွေလိုအပ်ချက်ရှိလဲ အမြဲတမ်း ဝင်ပြီးစစ်ဆေးလေ့ရှိပါတယ်။

အိမ်မွေးခွေးလေးနဲ့ အချိန်ကုန်ဆုံးလေ့ရှိ
တစ်ပတ်ကို သုံးရက်လောက် လေ့ကျင့်ခန်းလုပ်ဖြစ်ပါတယ်။ မနက်ခင်းပိုင်း အလုပ်နဲ့ပတ်သတ်တာတွေ စစ်ဆေးပြီးပြီဆိုရင် မိသားစုနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မနက်ခင်းလေးကို ကုန်ဆုံးပါတယ်။ ပြီးရင်တော့ သူသိပ်ချစ်တတ်တဲ့ ခွေးလေးနဲ့အတူ ပြေးရတာကို သဘောကျသတဲ့။ အလုပ်လည်းလုပ် ၊ ချစ်တဲ့လူတွေ ၊သဘောကျရတဲ့အရာတွေပေါ်မှာလည်း မျှတအောင် အချိန်ပေးနိုင်ပြီဆို မင်းဟာ ဘဝကို ကောင်းကောင်းစီမံထားနိုင်တဲ့ လူသားတစ်ယောက်ဖြစ်နေပါပြီ။ စိတ်ဖိစီးမှုလျော့နည်းလေ ၊ အလုပ်လုပ်လို့ ကောင်းလေပါပဲ။

နေ့တိုင်း ဒီအကျီ င်္အရောင်ကိုပဲ ထပ်တလဲလဲဝတ်တယ်

Mark-Zuckerberg
လူတစ်ယောက်အတွက် အကျီ င်္အဝတ်စားက အရေးကြီးပါတယ်။ Zuckerberg ကိုကြည့်လိုက်ရင် မရိုးနိုင်သော တီရှပ်အကျီ င်္တစ်ထည်၊ အောက်က ဂျင်းဘောင်းဘီနဲ့ sneaker တစ်ရံဝတ်ထားတာကို အမြဲတွေ့ရပါတယ်။ ဒါပေမယ့် သူ့ပုံစံဟာ မှေးမှိန်မနေပဲ သပ်ရပ်ပြီးကြည့်ကောင်းနေတယ်။ အဝတ်ဗီရိုရှေ့ရပ်ပြီး ဘာဝတ်ရမှန်းမသိ စဉ်းစားနေတဲ့အချိန်တွေကို အလကားမဖြုန်းတီးချင်ဘူးဆိုရင် ကိုယ်နဲ့လိုက်ဖက်မယ့် ၊ ကိုယ်လည်း ကြိုက်မယ့် အကျီ င်္မျိုးကို အရောင်ကွဲတွေ အများကြီးဝယ်ထားလိုက်ရင်တော့ ဘာဝတ်ရမှန်းမသိတဲ့ ဗီရိုရှေ့ခေါင်းကုတ်နေရတဲ့ ပြဿနာကိုဖြေရှင်းနိုင်ပြီး အချိန်ပိုလည်းထွက်လာမှာပါ။ ဒါမျိုးကို မိန်းကလေးတွေ လိုက်လုပ်ဖို့တော့အဆင်ပြေမှာမဟုတ်ဘူး။ အဓိကကတော့ လူတစ်ယောက်ဟာ အရည်ချင်းရှိပြီး သပ်ရပ်အောင် ဝတ်စားဆင်ယင်တတ်တယ်ဆိုရင် ကြည့်ကောင်းပါတယ်။ အရောင်ထွက်ပါတယ်။

အဆက်မပြတ်လေ့လာတယ်
အောင်မြင်သူတွေဟာ ” ငါအောင်မြင်သွားပြီဟေ့ ” ဆိုပြီး သူတို့ရဲ့လေ့လာသင်ယူမှုတွေကို ဘယ်တော့မှမရပ်တန့်လိုက်ပါဘူး။ အလုပ်ကိုလည်း ဆက်လုပ်နေသလို လေ့လာသင်ယူမှု အရှိန်ဟုန်ကလည်း မပျက်သွားဘူး။ စိတ်ဆိုတာကတော့ အရာတစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲလုပ်နေရင် ငြီးငွေ့တတ်တာ သဘာဝပါ။ အလုပ်တွေ၊ လေ့လာသင်ယူမှုတွေကို ငြီးငွေ့လာပြီဆိုရင်တော့ စိတ်အပန်းပြေမယ့်အရာတစ်ခုကို ပြောင်းပြီးလုပ်ပေးပါ။ Zuckerberg က နှစ်ပတ်ကို စာအုပ်တစ်အုပ်ပြီးအောင်တော့ သူကြိုးစားပြီး ဖတ်ပါတယ်။ တစ်လကို စာအုပ်နှစ်အုပ်ဖတ်နိုင်တယ်ဆိုရင်ပဲ သူ့ စာအုပ်ကပေးတဲ့ အသိဥာဏ်တွေ ၊ ဗဟုသုတတွေနဲ့အတွေးမြင်တွေ ပေါက်ရောက်နေပါပြီ။

မိသားစုကို အချိန်ပေး


အလုပ်တွေက စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေကို အကောင်းဆုံးဖြေဖျောက်နိုင်တဲ့ နေရာလေးကတော့ နွေးထွေးတဲ့ မိသားစုအိမ်လေးပါပဲ။ Zuckerberg နဲ့ Priscilla Chan အိမ်ထောင်သက်တမ်းဟာ ၆နှစ်ရှိပြီး သမီးလေးနှစ်ယောက် Max နဲ့ August တို့မွေးဖွားခဲ့ပါတယ်။ အလုပ်တွေ ၊ စိန်ခေါ်မှုတွေနဲ့ အမြဲတမ်းရင်ဆိုင်နေရတဲ့ Zuckerberg ဟာ တစ်ဖက်မှာလည်း သမီးလေးနှစ်ယောက်အချိန်ပေးနိုင်အောင် အမြဲတမ်းကြိုးစားခဲ့တယ်။ အတူတူ ခရီးသွားကြတယ်။ ညအိပ်ရာဝင်တိုင်း သူ့ရဲ့သမီးလေးတွေကို ပုံပြင်တွေဖတ်ပြတယ်။ ဒီလိုအချိန်ပေးခြင်းဟာ သူနဲ့ကလေးတွေကြား မဝေးကွာသွားသလို နွေးထွေးတဲ့ မိသားစုသံယောဇဉ်ကိုလည်း တည်ဆောက်ထားပြီးသားဖြစ်သွားတာပေါ့။

ဒါကြောင့် ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ .. ကိုယ့်ရဲ့မိသားစုနဲ့ အလုပ်ကို သေချာခွဲခြားသတ်မှတ်ပြီး နှစ်ဖက်မျှအောင် အချိန်ပေးနိုင်ဖို့လိုအပ်ပါတယ်။ Zuckerberg ရဲ့နေ့စဉ် နေထိုင်မှုပုံစံ အားလုံးမဟုတ်ရင်တောင် တစ်ချက်လောက်ပဲဖြစ်ဖြစ် ပြင်နိုင်ရင် စာဖတ်သူတို့အတွက် အများကြီး အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။

527 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.