ဇနီးချောလေးကြောင့် ကျွန်တော်အများကြီးပြောင်းလဲခဲ့တယ်ဆိုတဲ့ Ji Sung 💕






Unicode

ကိုရီးယားနိုင်ငံရဲ့အချစ်တတ်ဆုံးဇနီးမောင်နှံလို့တင်စားရမလားပဲ။တောင်ကိုရီးယားမင်းသားချော Ji Sung က သူ့ရဲ ့ချစ်ဇနီးချောလေး Lee Bo Young ကို အမွှန်းတင်လိုက်ပြန်ပါပြီ 😍

သူ့ရဲ့အမျိုးသမီးလေးက သူ့ကိုဘယ်လိုပြောင်းလဲပေးခဲ့တယ်ဆိုတဲ့အကြောင်း၊ဘယ်လို
အားပေးခဲ့တယ်ဆိုတဲ့အကြောင်းစသဖြင့် သူတို့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးအင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

“Familiar Wife” ဆိုတဲ့ဇာတ်ကားနဲ့ပတ်သက်လို့အင်တာဗျူးဖြေစဉ်မှာ Lee Bo Young နဲ့ပတ်သက်ပြီး “ကျွန်တော် ဇနီးဖြစ်သူနဲ့ ချစ်သူတွေစဖြစ်ကတည်းက သူမဟာ ကျွန်တော့်အပေါ်အများကြီးလွှမ်းမိုးနိုင်ခဲ့ပါတယ်။ကျွန်တော်သူမဆီက အများကြီးသင်ယူခဲ့ရတာပါ။ကျွန်တော့်ကိုယ်ကျွန်တော်စိတ်ချယုံကြည်မှုအပြည့်ရှိတဲ့သူတစ်ယောက်ဖြစ်အောင် သူမလုပ်ပေးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ဘဝမှာနေထိုင်လာရင်းနဲ့ မိသားစုပြဿနာအရေးအခင်းတွေ၊ဖြတ်သန်းကျော်ဖြတ်ဖို့ခက်ခဲတဲပအချိန်တွေရှိလာပါတယ်။ဒီအခက်အခဲအတားအဆီးတွေကို ကြိုးစားဖြတ်ကျော်ရင်းနဲ့ပဲ နောက်ထပ်အခက်အခဲတွေဆိုတာလည်းရှိတတ်ပါတယ်။ကျွန်တော့်ရဲ့ဇနီးဖြစ်သူကတော့ အဲ့ဒီအခက်အခဲအတားအဆီးတွေကိုဖယ်ရှားပေးခဲ့တဲ့သူတစ်ယောက်ပါ။သူမက ကျွန်တော့်ကိုယ်ကျွန်တော် ပိုပြီးနားလည်အောင်သင်ပေးခဲ့ပါတယ်။သူမကို ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။သူမရဲ ့ဒီလိုကူညီပေးမှုတွေကြောင့် ကျွန်တော်အများကြီးပြောင်းလဲခဲ့တာပါ”

“ကျွန်တော့်အလုပ်နဲ့ပတ်သက်ပြီးခက်ခဲရတဲ့အချိန်တိုင်းမှာလည်း သူမက ကျွန်တော့်အတွက်အားအင်တစ်ခုဖြစ်ခဲ့ပါတယ်။သူမက ကျွန်တော့်ကို ခွန်အားတွေအများကြီးပေးခဲ့ပါတယ်။ကျွန်တော်လက်လျှော့ဖို့စဉ်းစားမိခဲ့တဲ့အချိန်တိုင်း သူမက ရှိနေပေးခဲ့တယ်”ဆိုပြီး ဇနီးဖြစ်သူက သူ့အတွက်အားဖြစ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။Perfect Relationship ဆိုတာ ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ် အနားမှာအမြဲရှိနေပေးတာမျိုး 💕

အခုဆိုရင် Lee Bo Young မှာ ဒုတိယရင်သွေးလေးလွယ်ထားရပါပြီ။Ji Sung ကတော့ “Familiar Wife”ဇာတ်ကားနဲ့ပရိသတ်တွေရှေ့တစ်ဖန်ပြန်လည်ရောက်ရှိလာမှာပဲဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံရဲ့ လိုက်ဖက်လှတဲ့ပုံရိပ်လေးတွေကိုကြည့်လိုက်ပါဦး

4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.