”Where Stars Land” ဇာတ်ကားမှာ လေဆိပ်ဝန်ထမ်းတွေအဖြစ်မြင်တွေ့ရမယ့် Lee Je Hoonနဲ့ Chae Soo Bin

SBS TV ရုပ်သံလိုင်းမှာ အောက်တိုဘာ ၁ရက်နေ့ဆို ထွက်ရှိတော့မယ့် ”Where Stars Land” ဇာတ်ကားမှာ Lee Je Hoon , Chae Soo Bin နဲ့ Lee Dong Gum တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Image result for Lee Je Hoon And Chae Soo Bin Transform Into Airport Employees For “Where Stars Land”

ရိုမန်တစ် ဒရာမာဇာတ်လမ်းဖြစ်ပြီး ‘Gu Family Book’ ဒါရိုက်တာ Shinn Woo Cheol ၊ ဇာတ်ညွန်း Kang Eun Kyung တို့ဖြစ်ပါတယ်။

Related image

ထွက်ရှိလာတဲ့ဓာတ်ပုံအရ Lee Je Hoonနဲ့ Chae Soo Bin ဟာ Incheon International airport မှာခရီးသည်များ service team အတွက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဖြစ်ပါတယ်။ လေဆိပ်မှာ ကြုံတွေ့ရလေ့ရှိတဲ့ အခက်ခဲတွေ၊ ခရီးသည်များရဲ့အလိုမကျမှုတွေ၊ ဝန်ထမ်းတွေဘက်ကကြည့်ရင်လည်း မပြောပြနိုင်တဲ့ အမှန်တရားတစ်ချို့ ကို ကွင်းကွင်းကွက်ကွက်မြင်အောင် ရိုက်ကူး ပုံဖော်ထားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားအတွက် Hyun Bin နဲ့ Park Shinn Hye ကို ကမ်းလှမ်းခဲ့ပါတယ်။ နောက်တော့ Park Bo-Gumနဲ့ Bae Suzy တို့ဆီ ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် သူတို့အကုန်လုံး ငြင်းဆိုခဲ့ပါတယ်။ အနောက်အပတ်ဆို ထွက်ရှိလာတော့မှာဖြစ်လို့ စောင့်မျှော်နေတဲ့ပရိတ်သတ်များ ”Where Stars Land” ကိုကြည့်ရှုခံစားဖို့ အဆင်သင့်ပဲလား.. ?

114 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.