ကိုယ့်ချက်ကလေးကျန်းမာသန့်ရှင်းဖို့ဘယ်လိုအရာလေးတွေလုပ်ပေးသင့်သလဲ….😉👇
(၄) ဆားနဲ့ဆေးပါ
Unicode
တစ်ချို့လူတွေကအူတွေနဲ့ဆက်ထားတယ်လို့ပြောတဲ့ချက်ကိုထိရတို့ရမှာကြောက်တဲ့ စိတ်နဲ့ချေးပိတ်ခံပြီးသန့်ရှင်းဖို့လစ်ဟာနေတတ်ကြပါတယ်။
တကယ်တော့ဒါကသိပ်ကိုအတွေးလွန်တာပါပဲ။ အပေါ်ယံချက်အသားကိုထိတာလောက်နဲကတော့ ဘာမှမဖြစ်ပါဘူး။ အတွင်းထဲထိအရမ်းကိုကလော်တာတွေ
အချွန်အမာတွေနဲ့ထိုးမိတာမျိုးတွေမဖြစ်ဖို့့ပဲလိုတာပါ။ ခန္ဓာကိုယ်ရဲ့တစ်ခြားအစိတ်ပိုင်းတွေသန့်ရှင်းစင်ကြယ်ဖို့လိုသလိုပဲ ချက်ကလေးက သန့်သန့်ရှင်းရှင်းနဲ့ ဂျီးမတက်နေဖို့တော့လိုပါတယ်။
ဆိုတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်ကတစ်ခုတည်းသောချက်ကလေးသန့်ရှင်းလှပစေဖို့ ဘယ်လိုနည်းလမ်းကောင်းလေးတွေကိုသိထားသင့်သလဲဆိုတာ…
(၁) ရှားစောင်းလက်ပတ်အနှစ်နဲ့ပွတ်တိုက်ပေးပါ
အားလုံးသိထားပြီးသားအတိုင်းဖြစ်တဲ့ ရှားစောင်းလက်ပတ်ကတော့ အညစ်ကြေးတွေသန့်စင်ဖို့ဆိုတဲ့နေရာမှာအသုံးဝင်တဲ့ဆေးစွမ်းတစ်ခုပဲမဟုတ်လေဘူးလား။
ရှားစောင်းလက်ပတ်အနှစ်လေးတွေကိုရေချိုးတိုင်းချက်ကလေးကိုပွက်ပွက်ပေးခြင်းဖြင့်ညစ်မဲနေတာမျိုးတွေမဖြစ်စေပဲ
ဖြူဖြူစင်စင်သန့်သန့်ရှင်းရှင်းနဲ့ချက်လေးတစ်ခုကိုပိုင်ဆိုင်ရမှာပါ။
(၂) သံလွင်ဆီကို နားကလော်တံဂွမ်းလေးတွေနဲ့စွတ်ပေးပါ
သံလွင်ဆီလေးကို နားကလော်တဲ့ဂွမ်းလေးနဲ့တို့ပေးပြီးချက်လေးထဲအညင်အသာပွတ်တို့ပေးပါ။ ချက်ထဲကချေးတွေကိုသန့်စင်ပေးနိုင်တဲ့အပြင် အနံ့အသက်
လည်းကောင်းစေပါတယ်။
(၃) သံပုရာသီးအစိတ်လေးနဲ့ပွတ်တိုက်ပေးပါ
သံပုရာသီးအစိတ်လေးကို ရေချိုးခါနီးတိုင်းချက်အတွင်းဘက်သို့ပွတ်တိုက်ပေးပါ။ ချက်အနံ့ဆိုးတွေကိုဖယ်ရှားပေးတဲ့အပြင် ညစ်မဲနေတဲ့ချက်တွေကိုပါဖြူစင်လာစေပါတယ်။
(၄) ဆားနဲ့ဆေးပါ
ဆားဆိုတဲ့အရာက အညစ်ကြေးတွေကို ကင်းစင်စေတဲ့နေရာမှာဆရာကြီးပါပဲ။ ချက်ထဲကိုအတင်းထိုးထည့်ပြီးပွက်တာမျိုးမဟုတ်ပဲဆားလေးတွေကိုချက်ပေါ်တင်ပြီးညင်သာစွာပွက်တိုက်ပေးခြင်းကလည်း
သင့်ချက်လေးကို ပိုမိုဖြူစင်ပြီးသန့်စင်လာစေပါတယ်။
172 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.