ပျိုမေတို့ရဲ့အလှတရားတောက်ပလာအောင် စွမ်းဆောင်ပေးမယ့် ကိုရီးယားထုတ် eyecream များ

ပျိုမေတို့ မျက်နှာကို ဂရုစိုက်တဲ့အခါ ကိုယ့်ရဲ့မျက်လုံးအသားရည်ကိုလည်း အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ မျက်လုံးနားတစ်ဝှိက် အသားရည်တွေ မွဲခြောက်၊ အားဖျော့ပြီး အာဟာရပြည့်ဝမှုမရှိတဲ့အခါ ဘယ်လောက်ပဲအလှပြင်ထားပါစေ … တစ်ခုခုတော့လိုအပ်နေမှာ အမှန်ပါပဲ။ မျက်နှာကို ဂရုစိုက်တဲ့အခါ ကိုယ်နဲ့ကိုက်ညီမယ့် eye cream လေးကိုလည်း ရွေးချယ်ထားဖို့လိုပါတယ်။ ဒါကြောင့် တောင်ကိုရီးယားမှ အကောင်းဆုံး eye cream လေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Mizon Snail Repair Eye Cream


Snail ထုတ်ကုန်တွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီ Eye Cream လေးဟာ သင်နဲ့ကိုက်ညီမယ်လို့ ထင်ပါတယ်။ အသားရည်ကို ချောမွတ်စေပြီး မျက်ကွင်းညိုတာတွေ၊ ဖောင်းအစ်နေတာတွေ လျော့ချပေးနိုင်ပါတယ်။ မျက်လုံးနားတစ်ဝှိက် အရောင်လျော့နေတာတွေကို ပြန်လည်ကြည်လင်တောက်ပလာစေတာတွေ့ရမှာပါ။

Innisfree Perfect 9 repair Eye Cream


အသက်ရွယ် ၅ဝကျော် အမျိုးသမီးတွေအတွက် သင့်လျော်ပါတယ်။ အသက်ရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရေးကြောင်းတွေကို လျော့ချပေးနိုင်ပြီး အသားရည်တင်းရင်းကာ ပြန်လည်စိုပြေ ဝင်းပလာမှာဖြစ်ပါတယ်။ သူ့မှာ အစိုဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်တာကြောင့် လူကြိုက်အများဆုံး eye cream တစ်ခုဖြစ်နေပါတယ်။

Mamonde Age Control Power Eye Cream


ပထမဆုံးအနေနဲ့ သဘောကျမိတာကတော့ သူ့ရဲ့ဘူးပုံစံလေးဖြစ်ပါတယ်။ ရှည်ရှည် သွယ်သွယ်လေးနဲ့ ဘူးအရောင်လေးကလည်း မိန်းကလေးဆန်တယ်။ ဒီပစ္စည်းကို တောင်ကိုရီးယား စူပါစတားတွေ တော်တော်များများ သုံးကြတယ်လို့သိရပါတယ်။ အသက်ရွယ်အရဖြစ်ပေါ်လာတဲ့ အရေးကြောင်းနဲ့ အသားရည်ခြောက်သွေ့မှုကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ပါတယ်။ မျက်ကွင်းညိုနေတာတွေကိုလည်း တာတာ့လို့အပြီးနှုတ်ဆက်လိုက်ပါ။

Laneige Perfect Renew Eye Cream


သဘာဝပစ္စည်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Laneige Perfect Renew Eye Cream ဟာ စင်ကာပူမှ အလှပရေးရာ ပညာရှင်များကတောင် A အဆင့်ပေးထားရတဲ့အကြောင်းရင်းကတော့ သူ့ရဲ့ရလဒ်ဟာ မယုံနိုင်စရာပါပဲ။ အရေပြား ခြောက်သွေ့တာတွေ ၊ မျက်ကွင်းညိုခြင်းနဲ့ မျက်လုံးဖောင်းအစ်တာတွေ သက်သာစေပါတယ်။ လိမ်းပြီးပြီးချင်း ရက်အနည်းငယ်အတွင်းမှာပဲ သိသာစေသာမို့ သုံးစွဲသူတွေ အများဆုံးသဘောကျနေရတဲ့ cream လေးဖြစ်ပါတယ်။

64 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.