မုန္႔စားရမယ္ဆုိေပမဲ႔ မိမိေရြးလုိက္ေသာဘူးမွာ ဒူးရင္းသီးဘူးျဖစ္ေနေသာအခါ…😂🤭

ေတာင္ကုိရီးယားႏုိင္ငံရဲ ႔မင္းသားေခ်ာ Song Joong ki နဲ႔ သူငယ္ခ်င္းျဖစ္သူ Running Man အဖြဲ႔၀င္ အာရွမင္းသား Lee Kwang Soo တုိ႔ဒူးရင္းသီးစားၾကတဲ႔ဗီဒီယုိေလး ယူတုိ႔ၾကည့္ျပီးသြားျပီလား?ဒူးရင္းသီးစားတာ ရုပ္ကေလးေတြက ဘယ္လိုေတြေတာင္ျဖစ္ပ်က္သြားၾကလဲဆုိတာ 😂

၂၀၁၆ခုႏွစ္တုန္းက ေဟာင္ေကာင္ပရိသတ္ေတြ႔ဆံုပြဲက အမွတ္တရအျဖစ္အပ်က္ေလးကုိ ျပန္ျပီးမွ်ေ၀ေပးတာျဖစ္လို႔ ၾကည့္ဖူးျပီးတဲ႔ပရိသတ္ေတြလည္းရွိသလို မၾကည့္ရေသးတဲ႔သူေတြလည္းရွိပါတယ္။ကုိယ္လည္း ဟုိရက္ကမွေတြ႔မိလို႔ ပရိသတ္ေတြအတြက္ဒီသတင္းေလးျပန္ျပီးမ်ွေ၀ေပးဖုိ႔စဥ္းစားမိလိုက္တာပါ။ပရိသတ္ေတြ႔ဆံုပြဲမွာ ၾကံဳခဲ႔ရတဲ႔ သူတုိ႔ရဲ ႔Eating Challenge ေလး 😅

၂၀၁၆ ဇြန္လ ၁၂ရက္ေန႔တုန္းက ေဟာင္ေကာင္မွာသူတုိ႔သူငယ္ခ်င္းႏွစ္ေယာက္ ပရိသတ္ေတြ႔ဆံုပြဲလုပ္ခဲ႔ၾကတာပါ။အဲ႔ဒီမွာ သူတုိ႔ႏွစ္ေယာက္က အစားအေသာက္ေတြထည့္ထားတဲ႔ဘူးတစ္ဘူးကုိေရြးျပီး စားျပရမွာျဖစ္ပါတယ္။ျဖစ္ခ်င္ေတာ့ Song Joong Ki တစ္ေယာက္ ဒူးရင္းသီးဘူးကုိေရြးမိ
ပါေလေရာ။

ဒူးရင္းသီးကုိ အေမရိကန္မင္းသမီးေခ်ာ Jessica Chastain နဲ႔ စကၤာပူႏုိင္ငံသားအေတာ္မ်ားမ်ားက ၾကိဳက္ၾကပါတယ္။ဒါေပမဲ႔လည္းSong Joong Ki တုိ႔ႏွစ္ေယာက္က မၾကိဳက္ပံုပါ။ဗီဒီယုိထဲမွာျမင္ေတြ႔ရတဲ႔ပံုအရ Joong Ki က ဒူးရင္းသီးကုိနမ္းၾကည့္ျပီး ေအာ့အန္ခ်င္သလိုျဖစ္ေနပါတယ္။ဒူးရင္းသီးမၾကိဳက္တဲ႔သူအတြက္ေတာ့ ကံဆုိးတာပါပဲ။ဒူးရင္းသီးကုိမၾကိဳက္ဘူးဆုိေပမဲ႔လည္း Joong Ki က ပရိသတ္ေတြစိတ္မပ်က္သြားေအာင္ အေကာင္းဆံုးေတာ ့စားျပခဲ႔ပါေသးတယ္။ေရတစ္ဘူးနဲ႔ ဒူးရင္းသီးနည္းနည္းစားျပီးတဲ႔ေနာက္ Joong Ki က ဒီအေတြ႔အၾကံဳေတြကုိ Kwang Soo လည္းသိေအာင္ ေကြ်းခဲ႔ပါေသးတယ္😂 Kwang Soo ျဖစ္ေနပံုကုိလည္းၾကည့္ပါဦး 🤭

Joong Ki က “ပထမဆံုးအၾကိမ္ ကြ်န္ေတာ္ ေအာ့အန္မိခဲ႔ပါတယ္။ဒုတိယတစ္ၾကိမ္မွ ကြ်န္ေတာ္ဒူးရင္းသီးကို မ်ိဳခ်ႏုိင္ခဲ႔တာပါ။တကယ့္ကုိ မေမ့ႏုိင္စရာအမွတ္တရပါပဲ”ဆုိျပီး သူ႔ရဲ ႔အျဖစ္အပ်က္ကုိျပန္လည္ေျပာျပခဲ႔ပါတယ္။ဒူးရင္းသီးမၾကိဳက္တဲ႔ Joong Ki နဲ႔ Kwang Soo တုိ႔ရဲ ႔အမူအရာကလည္း
ခ်စ္စရာေကာင္းတယ္ဆုိျပီး ပရိသတ္ေတြသေဘာတက် ခ်စ္ခင္မႈကိုေတာင္ ထပ္ျပီးရရွိခဲ႔ပါေသးတယ္။ဗီဒီယုိေလးၾကည့္လိုက္ပါဦး 💕

Unicode

တောင်ကိုရီးယားနိုင်ငံရဲ ့မင်းသားချော Song Joong ki နဲ့ သူငယ်ချင်းဖြစ်သူ Running Man အဖွဲ့ဝင် အာရှမင်းသား Lee Kwang Soo တို့ဒူးရင်းသီးစားကြတဲ့ဗီဒီယိုလေး ယူတို့ကြည့်ပြီးသွားပြီလား?ဒူးရင်းသီးစားတာ ရုပ်ကလေးတွေက ဘယ်လိုတွေတောင်ဖြစ်ပျက်သွားကြလဲဆိုတာ 😂

၂၀၁၆ခုနှစ်တုန်းက ဟောင်ကောင်ပရိသတ်တွေ့ဆုံပွဲက အမှတ်တရအဖြစ်အပျက်လေးကို ပြန်ပြီးမျှဝေပေးတာဖြစ်လို့ ကြည့်ဖူးပြီးတဲ့ပရိသတ်တွေလည်းရှိသလို မကြည့်ရသေးတဲ့သူတွေလည်းရှိပါတယ်။ကိုယ်လည်း ဟိုရက်ကမှတွေ့မိလို့ ပရိသတ်တွေအတွက်ဒီသတင်းလေးပြန်ပြီးမျှဝေပေးဖို့စဉ်းစားမိလိုက်တာပါ။ပရိသတ်တွေ့ဆုံပွဲမှာ ကြုံခဲ့ရတဲ့ သူတို့ရဲ ့Eating Challenge လေး 😅

၂၀၁၆ ဇွန်လ ၁၂ရက်နေ့တုန်းက ဟောင်ကောင်မှာသူတို့သူငယ်ချင်းနှစ်ယောက် ပရိသတ်တွေ့ဆုံပွဲလုပ်ခဲ့ကြတာပါ။အဲ့ဒီမှာ သူတို့နှစ်ယောက်က အစားအသောက်တွေထည့်ထားတဲ့ဘူးတစ်ဘူးကိုရွေးပြီး စားပြရမှာဖြစ်ပါတယ်။ဖြစ်ချင်တော့ Song Joong Ki တစ်ယောက် ဒူးရင်းသီးဘူးကိုရွေးမိ
ပါလေရော။

ဒူးရင်းသီးကို အမေရိကန်မင်းသမီးချော Jessica Chastain နဲ့ စင်္ကာပူနိုင်ငံသားအတော်များများက ကြိုက်ကြပါတယ်။ဒါပေမဲ့လည်းSong Joong Ki တို့နှစ်ယောက်က မကြိုက်ပုံပါ။ဗီဒီယိုထဲမှာမြင်တွေ့ရတဲ့ပုံအရ Joong Ki က ဒူးရင်းသီးကိုနမ်းကြည့်ပြီး အော့အန်ချင်သလိုဖြစ်နေပါတယ်။ဒူးရင်းသီးမကြိုက်တဲ့သူအတွက်တော့ ကံဆိုးတာပါပဲ။ဒူးရင်းသီးကိုမကြိုက်ဘူးဆိုပေမဲ့လည်း Joong Ki က ပရိသတ်တွေစိတ်မပျက်သွားအောင် အကောင်းဆုံးတော ့စားပြခဲ့ပါသေးတယ်။ရေတစ်ဘူးနဲ့ ဒူးရင်းသီးနည်းနည်းစားပြီးတဲ့နောက် Joong Ki က ဒီအတွေ့အကြုံတွေကို Kwang Soo လည်းသိအောင် ကျွေးခဲ့ပါသေးတယ်😂 Kwang Soo ဖြစ်နေပုံကိုလည်းကြည့်ပါဦး 🤭

Joong Ki က “ပထမဆုံးအကြိမ် ကျွန်တော် အော့အန်မိခဲ့ပါတယ်။ဒုတိယတစ်ကြိမ်မှ ကျွန်တော်ဒူးရင်းသီးကို မျိုချနိုင်ခဲ့တာပါ။တကယ့်ကို မမေ့နိုင်စရာအမှတ်တရပါပဲ”ဆိုပြီး သူ့ရဲ ့အဖြစ်အပျက်ကိုပြန်လည်ပြောပြခဲ့ပါတယ်။ဒူးရင်းသီးမကြိုက်တဲ့ Joong Ki နဲ့ Kwang Soo တို့ရဲ ့အမူအရာကလည်း
ချစ်စရာကောင်းတယ်ဆိုပြီး ပရိသတ်တွေသဘောတကျချစ်ခင်မှုကိုတောင် ထပ်ပြီးရရှိခဲ့ပါသေးတယ်။ဗီဒီယိုလေးကြည့်လိုက်ပါဦး 💕

905 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.