မိန်းကလေးတွေရဲ့ အာရုံစိုက်မှု၊ နှစ်သက်မှုကို ရယူချင်ကြတာ ယောက်ျားလေးတွေတိုင်းရဲ့ သဘာဝပါပဲ။ ကံမကောင်းစွာနဲ့ပဲ၊ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကို ယောက်ျားလေးတော်တော် များများက ပြိုပျက်အောင် ဖြိုဖျက်လိုက်မိကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့ အချစ်ပေါ်မှာထားရှိတဲ့ စိတ်နေသဘာဝကို နားမလည်လို့ပဲ။ ဒါ့ကြောင့် အာရုံစိုက်မှု၊ နှစ်သက်မှုကို အပိုင်ရယူနိုင်ရမယ့် နေရာမှာ၊ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း ဆိုသလို အမှားအယွင်းတွေ ဖြစ်ကုန်တော့တာပေါ့။
မိန်းကလေးတွေဟာ…………………
၅၁။ သူတို့ကို ဦးဆုံး စကားလာပြောတဲ့ ယောကျာ်းလေးတွေကို ကြိုက်တယ်။
၅၂။ ယောကျာ်းလေး တစ်ယောက်က ကြိုက်နေပြီဆိုရင် သိတယ်။ ဒါပေမဲ့ သင့်ဘက်က ချစ်ရေးမဆိုမချင်းတော့ သူတို့အတွက် မသေမချာဖြစ်နေလိမ့်မယ်။
၅၃။ တခါတလေမှာ ယောကျာ်းလေးတစ်ယောက်က မိန်းမဆန်ဆန် ပြုမူပြတာကို ကြိုက်တယ်။ သူတို့ကို ရှက်မနေဘူးဆိုတာကို ပြသရာရောက်တဲ့အတွက်ပါ။
၅၄။ ပေါ်ကြော့ ယောကျာ်းလေးတွေကို ဂရုမစိုက်ဘူး။
၅၅။ ယောကျာ်းလေးတစ်ယောက်က အပျော်လာတွဲနေတာလားဆိုတာကို အာရုံခံနိုင်တယ်။
၅၆။ မိန်းကလေးတစ်ယောက်အတွက်တော့ ကိုယ်အလေးချိန်က ပြဿနာ မဟုတ်ဘူး။ အရပ်အမြင့်က ကိစ္စရှိတာ။
၅၇။ ချစ်သူက ရယ်စရာမကောင်းတဲ့ ဟာသ ပြောရင်တောင် ရယ်တတ်တယ်။
၅၈။ သူတို့ချစ်သူကို သူတို့ အမြဲ ကာကွယ်ပေးတယ်။
၅၉။ သူငယ်ချင်း ယောကျာ်းလေးတွေနဲ့ ချစ်သူဖြစ်ခြင်းကနေ ရှောင်ကြဉ်ကြပါတယ်။
၆၀။ သူတို့ချစ်တဲ့ ကြိုက်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းကို စုံစမ်းတတ်တယ်။
၆၁။ မိန်းကလေးတစ်ယောက် မျက်ရည်ကျလောက်တဲ့ ယောကျာ်းဆိုတာ မရှိဘူး။ မှတ်သာထားပါ။
၆၂။ ယောကျာ်းလေးတစ်ယောက်ရဲ့ ရည်ရွယ်ရင်းကို သိဖို့ စမ်းသပ်တတ်ကြတယ်။
၆၃။ ချုပ်ကိုင်စိုးမိုးတဲ့ ယောကျာ်းလေးတွေကို မုန်းတယ်။
၆၄။ အာဇာနည် စစ်စစ်တွေလဲ ဖြစ်နေနိုင်တယ်။
၆၅။ သူတို့ရဲ့ ခံစားချက်အစစ်အမှန်ကို ၀န်ခံပြဖို့ သတ္တိမရှိကြဘူး။
၆၆။ အာကာသ အပြင်ဘက်က ဂြိုဟ်သားတွေလို သိပ်ထူးခြားတဲ့ ယောကျာ်းတွေကို ရှာဖွေတတ်ကြတယ်။
၆၇။ သင့်ရဲ့ရည်စားဟောင်း အကြောင်း သိပ်အများကြီး မပြောပြပါနဲ့။ 😛
၆၈။ ခန္ဓာကိုယ်၊ မျက်နှာပေါက် မတူပေမဲ့ နှလုံးသားချင်း တူနိုင်သေးတဲ့ တခြားယောကျာ်းလေး တစ်ယောက်ယောက် ရှိနေနိုင်သေးတယ်လို့ ယုံကြည်တယ်။
၆၉။ အစ်ကိုတစ်ယောက်လို မင်ရတဲ့ ချစ်သူဆီကနေ အကြံဉာဏ်တောင်းလေ့ရှိတယ်။
၇၀။ ချစ်ဝတ္ထုတွေကို အပျော်သက်သက်သာ ဖတ်ကြတယ်။
၇၁။ သိက္ခာရှိပြီး၊ လူလယ်ကောင် ချပြနိုင်တဲ့ ယောကျာ်းလေးကို ပိုနှစ်သက်တယ်။
၇၂။ သင့်ရဲ့ချီးမွမ်းစကားတွေ အားလုံးကို မသိကျိုးကျွံပြုကောင်းပြုလိမ့်မယ်။ ဒါပေမဲ့ သင်က ကိုယ့်ကို ဂရုမစိုက်သလိုမို့ စိတ်ငြိုငြင်သွားရင်တော့ ပြုံးပျော်နေလိမ့်မယ်။
၇၃။ မိန်းကလေးတစ်ယောက် ဖြစ်ရတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခက်ခဲလှပါတယ်။
၇၄။ မိန်းကလေးတွေမှာ ယောကျာ်းလေးတွေ မသိနိုင်၊ မမြင်နိုင်တဲ့ ပြဿနာတွေရှိတယ်။
၇၅။ သူတို့လုံးဝ မမျှော်လင့်ထားတဲ့သူနဲ့ ချစ်ကြိုက်သွားတတ်ကြတယ်။
Ref:techversion