Taylor က သူမအတြက္အစ္မတစ္ေယာက္လိုပါပဲဆုိတဲ႔ Selena Gomez 💕

Taylor Swift နဲ႔ Selena Gomez တုိ႔ကေတာ့ အေမမတူ အေဖမတူေပမဲ႔ တအူထံု႔ဆင္းညီအစ္မေတြလိုပဲ သံေယာဇဥ္ၾကီးမားၾကတာ သူမတုိ႔ႏွစ္ေယာက္ရဲ ႔ပရိသတ္ေတြဆုိ ေကာင္းေကာင္းသိၾကပါတယ္ေနာ္။

Selena က Taylor ဟာ သူမရဲ ႔ဘ၀တစ္စိတ္တစ္ပုိင္းျဖစ္တဲ႔အေၾကာင္းကို ျပီးခဲ႔တဲ႔ စေနေန႔မနက္ပုိင္းကေျပာျပခဲ႔ပါေသးတယ္။အင္စတာဂရမ္မွာလိုက္ဖ္လႊင့္ခဲ႔တာျဖစ္ျပီး ပရိသတ္တစ္ေယာက္က သူမကုိ Taylor နဲ႔ဆက္ဆံေရးအေၾကာင္းေမးျမန္းခဲ႔တာပါ။Selena ရဲ ႔အေျဖစကားကေတာ့…”Taylor ဟာ ေလးစားဖုိ႔ေကာင္းတဲ႔လူတစ္ေယာက္ပါ။ကြ်န္မ သူ႔ကုိခ်စ္တယ္။ဒီေန႔ ကြ်န္မ သူနဲ႔စကားေျပာျဖစ္ခဲ႔ေသးတယ္။သူမက ကြ်န္မရဲ ႔အစ္မတစ္ေယာက္လုိပါပဲ။ကြ်န္မ သူ႔ကုိအရာအားလံုးေျပာျပလို႔ရတယ္။ကြ်န္မ အံ႔ၾသရေလာက္ေအာင္၊မနာလိုျဖစ္ရေလာက္ေအာင္ သူမက အရမး္ေတာ္လြန္းပါတယ္”ဆုိျပီး ေျပာျပခဲ႔တာပါပဲ 💕

လြန္ခဲ႔တဲ႔ ႏွစ္လကလည္း Selena ဟာ Taylor နဲ႔ႏွစ္ေယာက္တြဲပံုေလးတင္ခဲ႔ျပီး “ကြ်န္မအနားမွာအျမဲရွိေနေပးတဲ႔လူေတြေၾကာင့္ စိတ္ခ်မ္းသာေက်နပ္ရတယ္။ျပီးေတာ့ ဒီအမ်ိဳးသမီးေလးက ကြ်န္မရဲ႔အခ်စ္ဆံုးတစ္ေယာက္ပါ။ခ်စ္တယ္”ဆုိတဲ႔ Caption ေလးေရးျပီး Taylor ကုိခ်စ္တဲ႔အေၾကာင္းေျပာျပခဲ႔ပါေသးတယ္။

Taylor နဲ႔ Selena တုိ႔သူငယ္ခ်င္းစျဖစ္လာပံုကလည္း ဆန္းပါတယ္။၂၀၀၈ ခုႏွစ္တုန္းက Selena က Nick Jonas နဲ႔ဒိတ္ခဲ႔ဖူးျပီး Taylor က Joe Jonas နဲ႔တြဲခဲ႔ဖူးပါတယ္။အဲ႔ဒီကတည္းကစခင္လာၾကျပီး Jonas ညီအစ္ကုိႏွစ္ေယာက္နဲ႔ျပတ္သြားၾကတဲ႔အခ်ိန္မွာေတာင္ ဒီမိန္းကေလးႏွစ္ေယာက္
က အဆက္အသြယ္မျပတ္ခဲ႔ပါဘူး။အခုဆုိရင္ျဖင့္ သူတုိ႔ရဲ ႔သူငယ္ခ်င္းသက္တမ္းက ၁၀ႏွစ္ေက်ာ္ေနပါျပီ 😍တစ္ေယာက္ကုိတစ္ေယာက္ခ်စ္ေၾကာင္းေျပာဖုိ႔လည္း၀န္မေလးၾကတဲ႔ သူငယ္ခ်င္းညီအစ္မႏွစ္ေယာက္ပါ 💕

Unicode

Taylor Swift နဲ့ Selena Gomez တို့ကတော့ အမေမတူ အဖေမတူပေမဲ့ တစ်အူထုံ့ဆင်းညီအစ်မတွေလိုပဲ သံယောဇဉ်ကြီးမားကြတာ သူမတို့နှစ်ယောက်ရဲ ့ပရိသတ်တွေဆို ကောင်းကောင်းသိကြပါတယ်နော်။

Selena က Taylor ဟာ သူမရဲ ့ဘဝတစ်စိတ်တစ်ပိုင်းဖြစ်တဲ့အကြောင်းကို ပြီးခဲ့တဲ့ စနေနေ့မနက်ပိုင်းကပြောပြခဲ့ပါသေးတယ်။အင်စတာဂရမ်မှာလိုက်ဖ်လွှင့်ခဲ့တာဖြစ်ပြီး ပရိသတ်တစ်ယောက်က သူမကို Taylor နဲ့ဆက်ဆံရေးအကြောင်းမေးမြန်းခဲ့တာပါ။Selena ရဲ ့အဖြေစကားကတော့…”Taylor ဟာ လေးစားဖို့ကောင်းတဲ့လူတစ်ယောက်ပါ။ကျွန်မ သူ့ကိုချစ်တယ်။ဒီနေ့ ကျွန်မ သူနဲ့စကားပြောဖြစ်ခဲ့သေးတယ်။သူမက ကျွန်မရဲ ့အစ်မတစ်ယောက်လိုပါပဲ။ကျွန်မ သူ့ကိုအရာအားလုံးပြောပြလို့ရတယ်။ကျွန်မ အံ့သြရလောက်အောင်၊မနာလိုဖြစ်ရလောက်အောင် သူမက အရမး်တော်လွန်းပါတယ်”ဆိုပြီး ပြောပြခဲ့တာပါပဲ 💕

လွန်ခဲ့တဲ့ နှစ်လကလည်း Selena ဟာ Taylor နဲ့နှစ်ယောက်တွဲပုံလေးတင်ခဲ့ပြီး “ကျွန်မအနားမှာအမြဲရှိနေပေးတဲ့လူတွေကြောင့် စိတ်ချမ်းသာကျေနပ်ရတယ်။ပြီးတော့ ဒီအမျိုးသမီးလေးက ကျွန်မရဲ့အချစ်ဆုံးတစ်ယောက်ပါ။ချစ်တယ်”ဆိုတဲ့ Caption လေးရေးပြီး Taylor ကိုချစ်တဲ့အကြောင်းပြောပြခဲ့ပါသေးတယ်။

Taylor နဲ့ Selena တို့သူငယ်ချင်းစဖြစ်လာပုံကလည်း ဆန်းပါတယ်။၂၀၀၈ ခုနှစ်တုန်းက Selena က Nick Jonas နဲ့ဒိတ်ခဲ့ဖူးပြီး Taylor က Joe Jonas နဲ့တွဲခဲ့ဖူးပါတယ်။အဲ့ဒီကတည်းကစခင်လာကြပြီး Jonas ညီအစ်ကိုနှစ်ယောက်နဲ့ပြတ်သွားကြတဲ့အချိန်မှာတောင် ဒီမိန်းကလေးနှစ်ယောက်
က အဆက်အသွယ်မပြတ်ခဲ့ပါဘူး။အခုဆိုရင်ဖြင့် သူတို့ရဲ ့သူငယ်ချင်းသက်တမ်းက ၁ဝနှစ်ကျော်နေပါပြီ 😍တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်းပြောဖို့လည်းဝန်မလေးကြတဲ့ သူငယ်ချင်းညီအစ်မနှစ်ယောက်ပါ 💕

373 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.