သူဌေးဖြစ်မဲ့သူတစ်ယောက်ရဲ့အပြုမူဆိုတာ သူများနဲ့ဘယ်လိုတွေကွဲထွက်နေတတ်လဲ…✋
Unicode
လူတစ်ယောက်ရဲ့အပြုမူ၊ အပြောအဆိုနဲ့သူ့ရဲ့နေထိုင်ပုံတွေကိုကြည့်ရင် အောင်မြင်ချမ်းသာလာနိုင်တဲ့လူတစ်ယာက်ဟုတ်မဟုတ် ခန့်မှန်းလို့ရနိုင်တဲ့အပိုင်းတွေရှိပါတယ်။ ဒီလိုအချက်တွေနဲ့ကိုက်ညီတိုင်းလူချမ်းသာလူတော်တစ်ယောက်ဖြစ်နိုင်တယ်လို့မဆိုလိုပင်မဲ့ လူချမ်းသာလူတော်တိုင်းကတော့ ဒီအချက်လေးတွေနဲ့ကိုက်ညီကြတယ်ဆိုတာမယုံမရှိနဲ့နော်😉😉
(၁) နည်းနည်းပြောပြီးများများနားထောင်တယ်
လူတော်လူခ ျမ်းသာတွေရဲ့စိတ်ဓာတ်ကို ကအများကြီးဝေဖန်ပြောကြားတာမျိုးမလုပ်ပဲသူများပြောတာကိုများများနားထောင်သင်ခန်းစာယူ မှတ်သာူးသင့်တာမှတ်သားကာ လိုရင်းတိုရှင်းသာပြောဆိုတတ်ကြပါတယ်။
(၂) အလုပ်ခွင်ပျော်ရွှင်နေတတ်သူဖြစ်တယ်
အလုပ်ခွင်နဲ့ပတ်သတ်လို့ငြီးငြူအလိုမကျမှုပေါင်းသောင်းခြောက်ထောင်ဖြစ်နေတတ်တဲ့သူမျိုးမဟုတ်ပဲ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင်လုပ်ဆောင်ရင်းတိုးတတ်မှုတွေကို သာ ကြိုးစားလုပ်ဆောင်ဖို့အားခဲနေသူမျိုးဖြစ်တယ်။
(၃) သူ့အချိန်နဲ့သူထားတယ်
အလုပ်လုပ်တဲ့အချိန်မှာထိရောက်လေးနုက်စွာလုပ်ဆောင်သလို အနားယူရမဲ့အချိိန်မှာစိတ်ရောကိုယ်ပါအကောင်းဆုံးအနားပေးတတ်ကြသူမျိုးဖြစ်တယ်။ အရာရာတိုင်းကို သူ့အချိန်နဲ့သူဖိဖိစီးစီးလုပ်တတ်သူမျိုးပါ။
(၄) သင်ယူမှုပြတ်တောက်သွားတယ်ဆိုတာမရှိဘူး
ကျောင်းပြီးလို့အလုပ်ရသွားပြီဆိုတာနဲ့သင်ယူတာတွေရပ်တန့်လိုက်တာမျိုးရှိပါတယ်။ တကယ်တော့သင်ယူမှုတွေက အသက်ရွယ်တွေ ဘွဲ့ရတာတွေနဲ့မဆိုင်ပဲ အမြဲလိုအပ်ရင်လိုအပ်သလို လေ့လာထိတွေ့နေရမှာပါ။ အောင်မြင်ချင်တဲ့သူမှာလေ့လာသင်ယူဖို့အတွက်ဆင်ခြင်တွေမရှိပါဘူး။
419 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.