ခရီးတူတူထြက္ေလ႔ရွိတဲ႔စံုတြဲေတြက ပိုျပီးျမဲေလ႔ရွိတယ္လုိ႕ဘာလုိ႕ေျပာျကတာလဲ…😉😉🤞

ခ်စ္သူစံုတြဲေတြကိုပဲဆုိလုိတာမ်ိဳးမဟုတ္ဘူးေနာ္…အိမ္ေထာင္က်ျပီးသားစံုတြဲေတြလည္းမျကာခဏခရီးတူတူထြက္ရင္ပိုျပီးခိုင္ျမဲလာတတ္ျကပါတယ္တဲ႔…တစ္ဦးနဲ႕တစ္ဦးခ်စ္လုိ႕ေမတၱာရွိလို႕တြဲခဲ႔ျပီး တစ္ေယာက္နဲ႕တစ္ေယာက္နားလည္မႈေတြအေတာ္အတန္ရွိလာျက၊ ယံုျကည္မႈေတြ ရွိလာျကတဲ႔အခ်ိန္ေလာက္ေရာက္ရင္ေတာ႔ေပ်ာ္စရာေကာင္းတဲ႔ခရီးေလးေတြကို တူနွစ္ကိုယ္အတူထြက္သင္႔႔ပါတယ္။ ခရီးထြက္တယ္ဆိုတာသိတဲ႔အတိုင္း ေနရာအသစ္ ေဒသအသစ္နဲ႕စိတ္၀င္စားစရာေတြမ်ားျကီးေတြ႕ရျပီး အင္မတန္ စိတ္ရႊင္လန္ေစတဲ႔ အစီစဥ္တစ္ခုပဲမလား…ဒီလုိေပ်ာ္စရာေကာင္းတဲ႔
အခိုက္အတန္႕အခ်ိန္ကို ကိုယ္ခ်စ္ရသူနဲ႕သြားခြင္႔ရတယ္ဆိုတာ စဥ္းစားသာျကည္႔ဘယ္ေလာက္ျကည္ႏူးရင္ခုန္ဖို႕ေကာင္းလုိက္လိမ္႔မလဲဆိုတာ…တစ္ေယာက္အေျကာင္းတစ္ေယာက္ေသခ်ာပိုသိခ်င္ရင္ ခရီးတူတူထြက္ျကည္႔ဆုိတဲ႔စကားလုိပဲ ခရီးထြက္မွတစ္ေယာက္ရဲ႕အားနည္းခ်က္တစ္ေယာက္ရဲ႕အားသာခ်က္နဲ႕ခံစားခ်က္အက်င္႔စရိုက္ေပါင္းစံုကို ေသခ်ာသိတတ္ျကတာပါ။

ဒါေျကာင္႔ခရီးတူတူထြက္ဖူးတဲ႔အတြဲေတြကကိုယ္႔ခ်စ္သူရဲ႕အားနည္းခ်က္ေတြ စိတ္ေနစိတ္ထားေတြနဲ႕အေလ႔က်င္႔ေတြကို ပိုျပီးသိကာတစ္ေယာက္ေပၚတစ္ေယာက္ပိုနားလည္ျပီးျမဲေနတတ္ျကတာပါ။ ေနာက္တစ္ခုက ခရီးသြားတယ္ဆိုတာ အႏၱရာယ္လည္းရွိနိုင္တယ္ အခက္ခဲအက်ပ္တည္းလည္းရွိေနနို္င္ပါတယ္။ ဒီလုိခက္ခဲပင္ပန္းတဲ႔အခ်ိန္ေတြကို အတူတူျဖတ္သန္းေက်ာ္လႊာလာခဲ႔ျကတဲ႔အတြဲေတြဟာ ဘယ္အရာကိုမဆုိအတူတူရင္ဆုိင္ဖို႕သတၱိေတြခြန္အားေတြရွိလာတတ္ျကပါျပီ။ ေနာက္တစ္ခုက မ်ွေ၀ခံစားတတ္တဲ႔စိတ္ပါ…အရင္ကကိုယ္႔ခ်စ္သူအေပၚဆိုးရင္ဆိုးမယ္ဘိုက်ရင္က်မယ္ ဒါပင္မဲ႔ သူစိမ္းေတြမ်ားတဲ႔ ေနရာမွာတစ္ေယာက္ကိုတစ္ေယာက္ေဖးမကူညီရင္းကိုယ္႔မွာရွိတာကိုသူ႕ကိုေပးသူ႕မွာရွိတာကိုမ်ွေ၀ျပီးသံုး ဒီလုိခ်စ္စရာေကာင္းတဲ႔စိတ္ဓာတ္ေလးေတြလည္းတစ္ေယာက္ေပၚတစ္ေယာက္ပိုထားတတ္လာျကပါတယ္။ ေနာက္တစ္ခုကေတာ႔ပိုျပီးေႏြးေထြးလာတယ္(ရွင္းရွင္းေျပာရရင္ ရင္ဘတ္ခ်င္းပိုနီးလာတယ္) ခရီးလမ္းတစ္ေလ်ွာက္လံုးတစ္ေယာက္ကိုတစ္ေယာက္ကူညီေဖးမရင္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းလာခဲ႔တာေျကာင္႔ခရီးျပီးဆံုးသြားရင္ေတာင္တစ္ေယာက္ေပၚတစ္ေယာက္ေပးခဲ႔တဲ႔ေမတၱာေတြအျကင္နာေလးေတြက ရင္ထဲေႏြးက်န္ခဲ႔ျပီးစဥ္းစားလို႕ကိုဆံုးမယ္မထင္ပါဘူး။ ဆုိေတာ႔ …ဒီလိုေကာင္းက်ိဳးေလးေတြအမ်ားျကီးရနုိင္တဲ႔ခရီးစဥ္ေလးတစ္ခုကို အခုပဲခ်စ္ခ်စ္နဲ႕အတူတူသြားဖို႕စီစဥ္လိုက္ျကေတာ႔ေနာ္…

Unicode

ချစ်သူစုံတွဲတွေကိုပဲဆိုလိုတာမျိုးမဟုတ်ဘူးနော်…အိမ်ထောင်ကျပြီးသားစုံတွဲတွေလည်းမကြာခဏခရီးတူတူထွက်ရင်ပိုပြီးခိုင်မြဲလာတတ်ကြပါတယ်တဲ့…တစ်ဦးနဲ့တစ်ဦးချစ်လို့မေတ္တာရှိလို့တွဲခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေအတော်အတန်ရှိလာကြ၊ ယုံကြည်မှုတွေ ရှိလာကြတဲ့အချိန်လောက်ရောက်ရင်တော့ပျော်စရာကောင်းတဲ့ခရီးလေးတွေကို တူနှစ်ကိုယ်အတူထွက်သင့့်ပါတယ်။ ခရီးထွက်တယ်ဆိုတာသိတဲ့အတိုင်း နေရာအသစ် ဒေသအသစ်နဲ့စိတ်ဝင်စားစရာတွေများကြီးတွေ့ရပြီး အင်မတန် စိတ်ရွှင်လန်စေတဲ့ အစီစဉ်တစ်ခုပဲမလား…ဒီလိုပျော်စရာကောင်းတဲ့
အခိုက်အတန့်အချိန်ကို ကိုယ်ချစ်ရသူနဲ့သွားခွင့်ရတယ်ဆိုတာ စဉ်းစားသာကြည့်ဘယ်လောက်ကြည်နူးရင်ခုန်ဖို့ကောင်းလိုက်လိမ့်မလဲဆိုတာ…တစ်ယောက်အကြောင်းတစ်ယောက်သေချာပိုသိချင်ရင် ခရီးတူတူထွက်ကြည့်ဆိုတဲ့စကားလိုပဲ ခရီးထွက်မှတစ်ယောက်ရဲ့အားနည်းချက်တစ်ယောက်ရဲ့အားသာချက်နဲ့ခံစားချက်အကျင့်စရိုက်ပေါင်းစုံကို သေချာသိတတ်ကြတာပါ။

ဒါကြောင့်ခရီးတူတူထွက်ဖူးတဲ့အတွဲတွေကကိုယ့်ချစ်သူရဲ့အားနည်းချက်တွေ စိတ်နေစိတ်ထားတွေနဲ့အလေ့ကျင့်တွေကို ပိုပြီးသိကာတစ်ယောက်ပေါ်တစ်ယောက်ပိုနားလည်ပြီးမြဲနေတတ်ကြတာပါ။ နောက်တစ်ခုက ခရီးသွားတယ်ဆိုတာ အန္တရာယ်လည်းရှိနိုင်တယ် အခက်ခဲအကျပ်တည်းလည်းရှိနေနို်င်ပါတယ်။ ဒီလိုခက်ခဲပင်ပန်းတဲ့အချိန်တွေကို အတူတူဖြတ်သန်းကျော်လွှာလာခဲ့ကြတဲ့အတွဲတွေဟာ ဘယ်အရာကိုမဆိုအတူတူရင်ဆိုင်ဖို့သတ္တိတွေခွန်အားတွေရှိလာတတ်ကြပါပြီ။ နောက်တစ်ခုက မျှဝေခံစားတတ်တဲ့စိတ်ပါ…အရင်ကကိုယ့်ချစ်သူအပေါ်ဆိုးရင်ဆိုးမယ်ဘိုကျရင်ကျမယ် ဒါပင်မဲ့ သူစိမ်းတွေများတဲ့ နေရာမှာတစ်ယောက်ကိုတစ်ယောက်ဖေးမကူညီရင်းကိုယ့်မှာရှိတာကိုသူ့ကိုပေးသူ့မှာရှိတာကိုမျှဝေပြီးသုံး ဒီလိုချစ်စရာကောင်းတဲ့စိတ်ဓာတ်လေးတွေလည်းတစ်ယောက်ပေါ်တစ်ယောက်ပိုထားတတ်လာကြပါတယ်။ နောက်တစ်ခုကတော့ပိုပြီးနွေးထွေးလာတယ်(ရှင်းရှင်းပြောရရင် ရင်ဘတ်ချင်းပိုနီးလာတယ်) ခရီးလမ်းတစ်လျှောက်လုံးတစ်ယောက်ကိုတစ်ယောက်ကူညီဖေးမရင်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလာခဲ့တာကြောင့်ခရီးပြီးဆုံးသွားရင်တောင်တစ်ယောက်ပေါ်တစ်ယောက်ပေးခဲ့တဲ့မေတ္တာတွေအကြင်နာလေးတွေက ရင်ထဲနွေးကျန်ခဲ့ပြီးစဉ်းစားလို့ကိုဆုံးမယ်မထင်ပါဘူး။ ဆိုတော့ …ဒီလိုကောင်းကျိုးလေးတွေအများကြီးရနိုင်တဲ့ခရီးစဉ်လေးတစ်ခုကို အခုပဲချစ်ချစ်နဲ့အတူတူသွားဖို့စီစဉ်လိုက်ကြတော့နော်…

177 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.