ပစိဖိတ်သမုဒ္ဒရာရဲ့နယ်ခံဖြစ်ပြီး စိတ်ဆိုးဒေါသထွက်နေတဲ့ ခေါင်းတုံးအဘိုးအိုပုံပေါက်နေတဲ့ ဘလော့ပ် ငါးကို ကမ္ဘာ့ရုပ်အဆိုးဆုံးတိရိစ္ဆာန်အဖြစ် offbeat ပြိုင်ပွဲရဲ့စီစဉ်ကြီးကြပ်သူတွေက ကြေငြာလိုက်ပါတယ်။
ဂေဟစနစ်မှာအရေးကြီးတဲ့အခန်ကဏ္ဍမှာပါဝင်ပေမယ့် အသွင်အပြင်ဆိုးဝါးတဲ့ တိရိစ္ဆာန်မျိုးစိပ်တွေထိမ်းသိမ်းကာကွယ်ဖို့အတွက်ရည်ရွယ်တဲ့ အင်တာနက်ပေါ်ကမဲပေးပွဲမှာ လူပေါင်းသုံးထောင်ကျော် ပါဝင်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။
စိုထိုင်းချွဲကျိပြီး ပန်းရောင်သမ်းတဲ့ဒီသတ္တ၀ါဟာ သမုဒ္ဒရာရေအောက်ဖိအားအောက်မှာ အသက်ရှင်နေနိုင်တဲ့သတ္တ၀ါဖြစ်ပြီး သမုဒ္ဒရာကြမ်းပြင်နက်ငါးဖမ်းတဲ့သူတွေရဲ့သားကောင်ဖြစ်လာပါတယ်။
ဒီသတ္တ၀ါဟာ မဲအရေအတွက်ပေါင်း ၇၉၅ မဲနဲ့နိုင်သွားတာဖြစ်တယ်လို့ ဗြိတိသျှသိပ္ပံအဖွဲ့အစည်းက Coralie Young ကပြောပါတယ်။
ဒုတိယရသူကတော့ ဇီးကွက်နဲ့တူပြီး မပျံသန်းနိုင်တဲ့ ရှားပါး ကာကာပိုကြက်တူရွေးမျိုးဖြစ်ပါတယ်။ နယူးဇီလန်ဇာတိဖြစ်ပါတယ်။ တတိယကတော့ လမ်းလျှောက်ငါးလို့လည်းအမည်ရတဲ့ မက္ကဆီကန် တွားသွားသတ္တ၀ါ axolotl ဖြစ်ပါတယ်။
အခြားပါဝင်ယှဉ်ပြိုင်သူတွေကတော့ အနီရောင်လိင်အင်္ဂါ၊ ကြီးမားတဲ့နှာခေါင်း၊ အိုးသဏ္ဍန်ဝမ်းဗိုက်ရှိတဲ့ proboscis မျောက်နဲ့ တီတီကာကာ ရေဖားတို့ဖြစ်ကြပါတယ်။
ချန်ပီယံ ဘလော့ပ်ငါးကိုတော့ ဆုအဖြစ် ရုပ်ဆိုးတိရိစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ရဲ့ တရားဝင်လဘ်ကောင်အဖြစ်ဂုဏ်ပြုပေးမှာဖြစ်ပါတယ်။
ဒီအဖွဲ့ကတော့ မိခင်သဘာဝတရားရဲ့ ရှုမြင်ခံစားမှုပိုင်းဆိုင်ရာစိန်ခေါ်ခံနေရတဲ့ သတ္တ၀ါတွေရဲ့ပုံရိပ်ကိုမြှင့်တင်နိုင်ဖို့ရည်ရွယ်တယ်လို့သူတို့ရဲ့ website မှာဆိုပါတယ်။
“ပန်ဒါတွေ (လိုတာထက်ပိုပြီး) အလွန်အာရုံစိုက်ခံနေရတယ်” လို့လဲဆိုပါတယ်။
2nd: kakapo
3rd:axolotl
Ref:petmd