ခင္ဗ်ားတို႕အခ်စ္ေရးေျဖာင္႔ျဖဴးခ်င္ရင္ ဒါမ်ိဳးေတြကိုအမ်ားျကီးထည္႔မစဥ္းစားမိပါေစနဲ႕…❌❌

ပင္ပန္းတဲ႔ RS Life တစ္ခုကိုဘယ္သူမွမလိုခ်င္ျကတာအေသခ်ာပါပဲ။ တစ္ေယာက္နဲ႕တစ္ေယာက္အခ်စ္စမ္းရင္းစကားမ်ားျကတာစိတ္ေကာက္ျကတာကတစ္ပိုင္းေပါ႔ေနာ္…ဒါပင္မဲ႔ အျမဲလိုလုိရန္ျဖစ္ျပႆနာတတ္ျပီးမေျဖာင္႔ျဖဴးတဲ႔အခ်စ္မ်ိဳးေတြကိုေတာ႔လုိလားျကမွာမဟုတ္ပါဘူး။ ဒီလိုအခ်ိန္မွာစဥ္းစားသင္႔တာကသေဘာထားခ်င္းလည္းကိုက္ညီတယ္ တကယ္လည္းခ်စ္ျကရဲ႕သားနဲ႕ဘာေတြေျကာင္႔မေျဖာင္႔မျဖဴးျဖစ္ေနရလဲေပါ႔…ဆိုေတာ႔ ကိုယ္တကယ္လုိခ်င္တဲ႔တည္ျမဲတဲ႔ RSတစ္ခု
ျဖစ္လာဖို႕ တစ္ခ်ိဳ႕အရာေလးေတြကို အမ်ားျကီးထည္႔မစဥ္းစားပဲခဏေခါက္ထားဖို႕လိုပါလိမ္႔မယ္…


(၁) သူကငါခ်စ္သေလာက္မခ်စ္ဘူးလားမသိဆိုတဲ႔ ႏိႈင္းယွဥ္သိမ္ငယ္တဲ႔အေတြးမ်ိဳး
ဒီလိုမ်ိဳးေမတၱာတရားကိုလိုက္ျပီးနႈိင္းယွဥ္ေနတာမ်ိဳးဟာသိပ္ကို ပင္ပန္းလြန္းပါတယ္။ ေမတၱာတရားဆုိတာဒီလိုလုိက္လံခိုင္းနႈိင္းစရာမလုိပါဘူး။ ဘယ္သူကဘယ္သူ႕ကိုပိုခ်စ္တယ္ဆိုတာထက္ ဒီအခ်စ္ေရးကေအးခ်မ္းျပီးျမဲေနဖို႕ပဲလုိပါတယ္။ဒါေျကာင္႔ ငါေလာက္သူကမခ်စ္ဘူးဆုိတာမ်ိဳးေတြ ငါလုပ္ေပးသေလာက္ငါျပန္မရဘူးဆိုတာမ်ိဳးေတြကိုမေတြးပါနဲ႕၊လိုက္မခံစားပါနဲ႕။
(၂) ငါအမွန္တိုင္းေျပာရင္ျငိဳျငင္သြားမလားဆုိတဲ႔လ်ိဳ႕၀ွက္တတ္တဲ႔အေတြးမ်ိဳး
တစ္ေယာက္နဲ႕တစ္ေယာက္လ်ိဳ႕၀ွက္ခ်က္မထားပဲပြင္႔လင္းဖို႕ကသိပ္ကိုလိုအပ္တဲ႔အရာပါ။ ကိုယ္႔မွာရွိတဲ႔အမွန္တရားကို ကုိယ္နဲ႕လက္တြဲမဲ႔သူကအျပည္႔အ၀နားလည္နုိင္ဖို႕လိုအပ္ပါတယ္။ ဒါေျကာင္႔ကိုယ္နဲ႕ပတ္သတ္တဲ႔အမွန္တရားတစ္စံုတစ္ရာကိုသူသိသြားမွာဆုိးလို႕ဆိုျပီးဖံုးကြယ္ထားတာမ်ိဳးေတြမလုပ္ပါနဲ႕။ဒီလုိစိုးရိမ္စိတ္ေျကာင္႔ဖုံုးကြယ္ရင္းကေနတစ္ေယာက္နဲ႕တစ္ေယာက္အယံုျကည္မဲ႔သံသယမ်ားသြားတတ္ပါတယ္။
(၃) ဆံုးရံႈးရမွာ ကိုအင္မတန္တုန္လႈပ္ေျကာက္လန္႕ေနတာမ်ိဳး
ကိုယ္ခ်စ္တဲ႔သူကို ဆံုးရံႈးရမွာေတာ႔လူတုိင္းေျကာက္တတ္ျကပါတယ္။ ဒါပင္မဲ႔ကံဆုိတာလည္းရွိပါေသးတယ္။ အရမ္းကို ဆံုးရံႈးရမွာေျကာက္တဲ႔စိတ္ကကိုယ္႔အေပၚလႊမ္းမိုးလာတဲ႔အခါ ကိုယ္တုိင္ေတာင္မသိလုိက္တဲ႔အမွားမ်ိဳးေတြ၊ လြန္ကဲတဲ႔သ၀န္တိုမႈေတြ၊ ဘာမွမဟုတ္တာေလးေတာင္သံသယ၀င္တတ္တာမ်ိဳးေတြျဖစ္လာေစပါတယ္။ ဒါေျကာင္႔ကိုယ္႔စိတ္ကို အရမ္းျကီးဖိစီးထားျပီးျပတ္သြားမွာေျကာက္တဲ႔စိတ္လႊမ္းမိုးတာကိုမခံပါနဲ႕။


(၄) ေတာင္းပန္ရမွာ ၀န္ေလးတာမ်ိဳး
ကိုယ္႔ဘက္ကစေခၚရမွာ၊ ကိုယ္႔ဘက္ကစျပီးေျပလည္ေအာင္ေျဖရွင္းရမွာကိုေအာက္က်တယ္မထင္ပါနဲ။ သင္႔ခ်စ္သူဆုိတာသင္နဲ႕ရင္ဘတ္ခ်င္းအနီဆံုးမွာရိွတဲ႔သူတစ္ေယာက္ပါဒီလိုလူမ်ိဳးအတြက္ကိုယ္႔ဘက္ကစျပီး ေခၚေျပာေတာင္းပန္တာ၊ အရံႈးေပးတာကို ၀န္မေလးပါနဲ႕။ တကယ္ေတာ႔ အရံႈးေပးတဲ႔သူေတြကေမတၱာမွာ အနုိင္ရစျမဲပါပဲ။
(၅) ခ်စ္ေျကာင္းထုတ္ျပရမွာ ေအာက္က်တယ္ခံစားရတာမ်ိဳး
ကိုယ္ဘယ္ေလာက္ခ်စ္ေျကာင္းထုတ္ျပလုိက္ရင္ ေအာက္က်သလိုျဖစ္သြားမလားဆုိတာမ်ိဳးေတြစိတ္ထဲမထားပါနဲ႕။ ဒါဟာဒိတ္ေအာက္ေနတဲ႔အေတြးေတြပါ။ ကိုယ္ကကိုယ္႔စိတ္ထဲမွာရွိတဲ႔အတိုင္းကိုိယ္႔အခ်စ္ေတြကို ထုတ္ျပဖို႕၀န္ေလးေနရင္ အခ်စ္ေတြထုတ္ျပတဲ႔သူေနာက္ပါသြားမွ ေနာင္တရေနပါလိမ္႔မယ္။ တကယ္ေတာ႔ခ်စ္တာကိုခ်စ္တယ္လို႕ထုတ္ျပ သက္ေသျပရတာကရွက္စရာမဟုတ္ပါဘူး။ ပိုလုိ႕ေတာင္သင္တုိ႕ရဲ႕အခ်စ္ေရးကိုခိုင္ျမဲေအးခ်မ္းေစပါေသးတယ္။
အိုေကကြာ…ဒီလုိအေတြးေတြနဲ႕သင္ခပ္ကင္းကင္းေနထုိင္နုိင္ျပီဆိုရင္ေတာ႔ယူတုိ႕ RS ခရီးကအပူပင္ကင္းကင္းနဲ႕ခ်စ္ဖို႕ေကာင္းတဲ႔ RS Life တစ္ခုျဖစ္ေကာင္း
ျဖစ္လာနုိင္မွာပါ…

Unicode

ပင်ပန်းတဲ့ RS Life တစ်ခုကိုဘယ်သူမှမလိုချင်ကြတာအသေချာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်အချစ်စမ်းရင်းစကားများကြတာစိတ်ကောက်ကြတာ
ကတစ်ပိုင်းပေါ့နော်…ဒါပင်မဲ့ အမြဲလိုလိုရန်ဖြစ်ပြဿနာတတ်ပြီးမဖြောင့်ဖြူးတဲ့အချစ်မျိုးတွေကိုတော့လိုလားကြမှာမဟုတ်ပါဘူး။ ဒီလိုအချိန်မှာစဉ်းစားသင့်တာက
သဘောထားချင်းလည်းကိုက်ညီတယ် တကယ်လည်းချစ်ကြရဲ့သားနဲ့ဘာတွေကြောင့်မဖြောင့်မဖြူးဖြစ်နေရလဲပေါ့…ဆိုတော့ ကိုယ်တကယ်လိုချင်တဲ့တည်မြဲတဲ့ RSတစ်ခု
ဖြစ်လာဖို့ တစ်ချို့အရာလေးတွေကို အများကြီးထည့်မစဉ်းစားပဲခဏခေါက်ထားဖို့လိုပါလိမ့်မယ်…
(၁) သူကငါချစ်သလောက်မချစ်ဘူးလားမသိဆိုတဲ့ နှိုင်းယှဉ်သိမ်ငယ်တဲ့အတွေးမျိုး
ဒီလိုမျိုးမေတ္တာတရားကိုလိုက်ပြီးနှိုင်းယှဉ်နေတာမျိုးဟာသိပ်ကို ပင်ပန်းလွန်းပါတယ်။ မေတ္တာတရားဆိုတာဒီလိုလိုက်လံခိုင်းနှိုင်းစရာမလိုပါဘူး။ ဘယ်သူကဘယ်သူ့ကိုပိုချစ်တယ်ဆိုတာထက် ဒီအချစ်ရေးကအေးချမ်းပြီးမြဲနေဖို့ပဲလိုပါတယ်။
ဒါကြောင့် ငါလောက်သူကမချစ်ဘူးဆိုတာမျိုးတွေ ငါလုပ်ပေးသလောက်ငါပြန်မရဘူးဆိုတာမျိုးတွေကိုမတွေးပါနဲ့၊လိုက်မခံစားပါနဲ့။
(၂) ငါအမှန်တိုင်းပြောရင်ငြိုငြင်သွားမလားဆိုတဲ့လျို့ဝှက်တတ်တဲ့အတွေးမျိုး
တစ်ယောက်နဲ့တစ်ယောက်လျို့ဝှက်ချက်မထားပဲပွင့်လင်းဖို့ကသိပ်ကိုလိုအပ်တဲ့အရာပါ။ ကိုယ့်မှာရှိတဲ့အမှန်တရားကို ကိုယ်နဲ့လက်တွဲမဲ့သူက
အပြည့်အဝနားလည်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်ကိုယ်နဲ့ပတ်သတ်တဲ့အမှန်တရားတစ်စုံတစ်ရာကိုသူသိသွားမှာဆိုးလို့ဆိုပြီးဖုံးကွယ်ထားတာမျိုးတွေမလုပ်ပါနဲ့။
ဒီလိုစိုးရိမ်စိတ်ကြောင့်ဖုုံးကွယ်ရင်းကနေတစ်ယောက်နဲ့တစ်ယောက်အယုံကြည်မဲ့သံသယများသွားတတ်ပါတယ်။
(၃) ဆုံးရှုံးရမှာ ကိုအင်မတန်တုန်လှုပ်ကြောက်လန့်နေတာမျိုး
ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရမှာတော့လူတိုင်းကြောက်တတ်ကြပါတယ်။ ဒါပင်မဲ့ကံဆိုတာလည်းရှိပါသေးတယ်။ အရမ်းကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်က
ကိုယ့်အပေါ်လွှမ်းမိုးလာတဲ့အခါ ကိုယ်တိုင်တောင်မသိလိုက်တဲ့အမှားမျိုးတွေ၊ လွန်ကဲတဲ့သဝန်တိုမှုတွေ၊ ဘာမှမဟုတ်တာလေးတောင်သံသယဝင်တတ်တာ
မျိုးတွေဖြစ်လာစေပါတယ်။ ဒါကြောင့်ကိုယ့်စိတ်ကို အရမ်းကြီးဖိစီးထားပြီးပြတ်သွားမှာကြောက်တဲ့စိတ်လွှမ်းမိုးတာကိုမခံပါနဲ့။
(၄) တောင်းပန်ရမှာ ဝန်လေးတာမျိုး
ကိုယ့်ဘက်ကစခေါ်ရမှာ၊ ကိုယ့်ဘက်ကစပြီးပြေလည်အောင်ဖြေရှင်းရမှာကိုအောက်ကျတယ်မထင်ပါနဲ။ သင့်ချစ်သူဆိုတာသင်နဲ့ရင်ဘတ်ချင်းအနီဆုံးမှာရှိတဲ့သူတစ်ယောက်ပါ
ဒီလိုလူမျိုးအတွက်ကိုယ့်ဘက်ကစပြီး ခေါ်ပြောတောင်းပန်တာ၊ အရှုံးပေးတာကို ဝန်မလေးပါနဲ့။ တကယ်တော့ အရှုံးပေးတဲ့သူတွေကမေတ္တာမှာ အနိုင်ရစမြဲပါပဲ။
(၅) ချစ်ကြောင်းထုတ်ပြရမှာ အောက်ကျတယ်ခံစားရတာမျိုး
ကိုယ်ဘယ်လောက်ချစ်ကြောင်းထုတ်ပြလိုက်ရင် အောက်ကျသလိုဖြစ်သွားမလားဆိုတာမျိုးတွေစိတ်ထဲမထားပါနဲ့။ ဒါဟာဒိတ်အောက်နေတဲ့အတွေးတွေပါ။ ကိုယ်ကကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်းကိိုယ့်အချစ်တွေကို ထုတ်ပြဖို့ဝန်လေးနေရင် အချစ်တွေထုတ်ပြတဲ့သူ
နောက်ပါသွားမှ နောင်တရနေပါလိမ့်မယ်။ တကယ်တော့ချစ်တာကိုချစ်တယ်လို့ထုတ်ပြ သက်သေပြရတာကရှက်စရာမဟုတ်ပါဘူး။ ပိုလို့တောင်သင်တို့ရဲ့အချစ်ရေးကိုခိုင်မြဲအေးချမ်းစေပါသေးတယ်

အိုကေကွာ…ဒီလိုအတွေးတွေနဲ့သင်ခပ်ကင်းကင်းနေထိုင်နိုင်ပြီဆိုရင်တော့ယူတို့ RS ခရီးကအပူပင်ကင်းကင်းနဲ့ချစ်ဖို့ကောင်းတဲ့ RS Life တစ်ခုဖြစ်ကောင်း
ဖြစ်လာနိုင်မှာပါ…

144 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.