BLACKPINK အဖွဲ့ဝင် Jennie ကို crush နေတဲ့ အိုင်ဒေါကိုကိုတွေဟာ ဘယ်သူများလဲ ?

ချစ်ဖို့လည်းကောင်းသလို တစ်ချိန်တည်းမှာလည်း ဆွဲဆောင်မှုရှိတဲ့ Jennie လေးကို မကြွေတဲ့သူ ဘယ်ရှိမလဲ။ အိုင်ဒေါတွေထဲမှာမှ ဘယ် ကိုကိုတွေက Jennie ကို သဘောကျနေတဲ့သူတွေဖြစ်မလဲ ?

Jonghyun (CNBLUE) နဲ့  Zico (BLOCK B)


“Playing with Fire” , “Whistle” သီချင်းတွေနဲ့ BLACKPINK ဖျော်ဖြေနေစဉ် Zico နဲ့ Jonghyun ကကြည့်နေရင်း Jennie ကို ချစ်ဖို့ကောင်းတယ်လို့ လှမ်းပြောလိုက်တာကို အတိုင်းသား မြင်ခဲ့ရပါတယ်။

သီချင်းတွေနဲ့အတူ လိုက်လံလှုပ်ခါရင်း Jennie ရဲ့အလှကို ကြည့်ရှုခံစားနေကြပါတယ်။

HaHa

HaHa ကလည်း Jennie ရဲ့အမာခံပရိတ်သတ်ပါပဲ။ Infinite Challenge မှာတုန်းက Jennie က သူ့ကောင်မလေးလို့ အခြားဧည့်သည်တွေကို လိုက်စနောက်နေတာ တွေ့ရပါတယ်။

Suzy နဲ့ယှဉ်ရင် Jennie ကိုပိုပြီးသဘောကျတယ်လို့ HaHa က ၀န်ခံလိုက်ပါတယ်။

Heechul (Super Junior)


Knowing Brothers အစီစဉ်မှာတုန်းက Jennie ကို ဧည့်သည်အဖြစ်ဖိတ်ကြားခဲ့တုန်းကဆိုရင် Heechulက အရမ်းကို တားမရဆီးမရပျော်ရွှင်နေတာပါတဲ့။ Jennie က ဟာသတွေ သိပ်ပြောတတ်တယ်။ သူမရဲ့အပြုမူတိုင်းက ချစ်ဖို့ကောင်းလို့ Heechul သဘောကျတာလည်း မပြောပါနဲ့။

နှစ်ယောက်လုံး ထိုအစီစဉ်မှာတုန်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့ကစားခဲ့ကြပါသေးတယ်။ Knowing Brothers အစီစဉ်မှာ အခြား cast တွေရန်မှလည်း Jennie ကို Heechul က ကာကွယ်ခဲ့ပါသေးတယ်။

Riley (SpeXial)


BLACKPINK ထဲက အကြိုက်ဆုံးမိန်းကလေးကို ရွေးပါဆိုရင် သူ့ရဲ့အကြိုက်က Jennie ပါပဲလို့ ထိုင်ဝမ် အဆိုတော် Riley ကပြောခဲ့ပါတယ်။ Jennie ရဲ့rapping တွေကို သူအရမ်းခိုက်တယ် ၊ သူမက သူ့နှလုံးသားထဲမှာနေရာယူနေလို့ တွစ်တာမှာပြောထားတာတွေ့ရပါတယ်။ ဘယ်လိုတောင် ro တာလဲ Riley ရယ်…

ပရိတ်သတ်တွေရော Jennie ရဲ့ဘယ်အချက်လေးတွေကို သဘောကျလဲ ပြောခဲ့ပါဦး…

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.