“Morning Alarm”ဆိုတဲ့နာမည်ပြောင်ရခဲ့တာ တော်ရုံအစွမ်းတော့မဟုတ်ဘူး…😂💕
*သူ့ကို ၁၉၉၇ခုနှစ်၊မတ်လ ၃၀ရက်မှာမွေးဖွားခဲ့တာပါ (မောင်လေး 🤭)
Unicode
Trend ပျိုမေတို့အတွက်ဒီတစ်ခါတော့ My ID is Gangnam Beauty ဇာတ်လမ်းတွဲထဲက မင်းသားချောလေး Cha Eun Woo အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။တစ်ချို့ပရိသတ်တွေကတော့ သူ့ကိုဒီဇာတ်လမ်းတွဲမစခင် ယောကျာ်းလေးအဆိုတော်အဖွဲ့ Astro အဖွဲ့ဝင်တစ်ယောက်
အဖြစ်သိပြီးသားပါ။အဆိုတော်တစ်ယောက်လည်းဖြစ်သလိုအခုဆိုရင် သူက သရုပ်ဆောင်လောကထဲကိုပါ တဖြည်းဖြည်းဝင်ရောက်လာပါပြီ။ဇာတ်ကားအနည်းငယ်သာရိုက်ကူးထားပြီး My ID နဲ့တော့ အတော်လေးပေါက်သွားတယ်လို့ဆိုရမှာပါပဲ။ကဲ ပရိသတ်တွေမသိသေးတဲ့သူ့ရဲ့ အကြောင်းအရာလေးတွေက ဘာလေးတွေဖြစ်မလဲ ကြည့်လိုက်ပါဦး
*သူ့ရဲ့ အနုပညာနာမည်က Cha Eun Woo ဆိုပေမဲ့ တကယ့်နာမည်အရင်းက Lee Dong Min ပါ။
*သူ့ကို ၁၉၉ရခုနှစ်၊မတ်လ ၃ဝရက်မှာမွေးဖွားခဲ့တာပါ (မောင်လေး 🤭)
*သွေးအမျိုးအစားက B ပါတဲ့နော် (အိုင်နဲ့တူတူပဲ 👀)
*စန္ဒယား၊ဂစ်တာ၊တယောစတဲ့ဂီတတူရိယာတွေကျွမ်းကျင်စွာတီးခတ်နိုင်တဲ့အပြင် ရေကူးတဲ့နေရာမှာလည်း ဆရာပါပဲ
*အမြဲတမ်းစောစောနိုးတတ်သလို အိပ်နေတဲ့သူ့ရဲ့ အဖွဲ့ဝင်သူငယ်ချင်းတွေကိုလည်း လိုက်နှိုးတတ်လို့ “Morning Alarm” ဆိုတဲ့နာမည်ပြောင်တောင်ရခဲ့ပါတယ်
*အကြိုက်ဆုံးအရောင်က အပြာရောင်ပါတဲ့ (တူတဲ့သူလေးတွေရှိလား )
*အခုလက်ရှိဂီတလောကထဲမှာဆိုပေမဲ့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ တောင်ကိုရီးယားနိုင်ငံရဲ ့A-class ထိပ်တန်းအဆင့်မင်းသားတစ်လက်ဖြစ်ဖို့လို့သိရပါတယ်။
*My ID ထဲက တည်ငြိမ်ပြီးမာနကြီးသူဇာတ်ရုပ်နဲ့ အတော်လေးခြားနားကွဲပြားစွာ အပြင်လောကက Cha Eun woo ဟာ ပျော်ပျော်နေတတ်ပြီးအဖွဲ့ဝင်တွေအပေါ်လည်းကူညီရိုင်းပင်းတတ်၊ကြင်နာတတ်ပြီး တစ်ခြားသူတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့သူတစ်ယောက်ပါ
*အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သလို ASTRO အဖွဲ့ထဲမှာဆို သူက အင်္ဂလိပ်စကားပြောအကောင်းဆုံးပါတဲ့
*အကြိုက်ဆုံးဘောလုံးအသင်းက “Real Madrid” ပါ 😉
*ပရိသတ်တွေက သူ့ကို ManJjitNam လို့ပြောကြပါတယ်။ဘာလို့လဲဆိုတော့ ကာတွန်းဇာတ်ကောင်ထဲကထွက်လာတဲ့ဇာတ်ကောင်လေးနဲ့တူလို့ပါတဲ့ 😅
*Shara Shara Make Up Brand Ambassador အဖြစ်လည်း သူ့ကိုခန့်အပ်ဖို့သတင်းတွေထွက်နေပါတယ်။သူက ဒီ Brand ရဲ ့မော်ဒယ်လ်အဖြစ်လည်းအရင်တုန်းကလုပ်ခဲ့ဖူးပါတယ် 😎
*အဟမ်း သူလေးကြိုက်တဲ့မိန်းကလေးပုံစံကတော့ ချစ်ဖို့လည်းကောင်းပြီး ပျော်ပျော်နေတတ်တယ်။ပြီးတော့ ခန့်မှန်းရမလွယ်ကူတဲ့မိန်းကလေးပုံစံပါတဲ့
ယူတို့သဘောကျတဲ့မင်းသားလေးရဲ့အကြောင်းတွေ အများကြီးပြောပြပေးလိုက်တယ်နော် 😉💕
389 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.