မေတ္တာတရားရဲ့အနှစ်သာရကို သစ္စာမဲ့တဲ့သူနဲ့တွေ့မှယူတို့တန်ဖိုးထားတတ်လိမ့်မယ်…😒😒


 


Unicode

လူတိုင်းကိုတော့မဆိုလိုချင်ပင်မဲ့ တစ်ချို့မိုက်မဲတဲ့သူတွေကမေတ္တာစစ်တွေကို ကန်းနေတတ်ကြပါတယ်။ ကိုယ့်အပေါ်ကောင်းပြီးအစစရာရာ တတ်နိုင်သလောက်မေတ္တာတွေဒလဟောပေးတတ်တဲ့သူကို တန်ဖိုးထားရကောင်းမှန်းမသိ သိတတ်ရကောင်းမှန်းမသိရောင့်တက်တတ်ကြပါတယ်။ အင်းပေါ့လေ ဒါကလည်း ရမှန်းသိရင် အလေးမထားတတ်တဲ့လူတွေရဲ့သဘောသဘာဝကို ဒါကြောင့် ဒီစာလေးဖတ်ပြီးချိန်မှာတော့ သင့်အပေါ် ဘယ်လိုရှုထောင့်ကပဲဖြစ်ဖြစ် မေတ္တာစစ်ပေးထားတဲ့သူတိုင်းရဲ့တန်ဖိုးကိုနားလည်နိုင်ပါစေ…

သင့်နေမကောင်းရင် နေကောင်းအောင်နေလို့ပြောတဲ့သူများကြီးရှိရင်ရှိမယ် ၊ ဒါပင်မဲ့သင့်ကို စိတ်ပူပြီးဆေးခန်းပြ ဆေးတိုက်ပေးမဲ့သူကတော့ရှားတယ်၊ဒီလိုပဲသင့်ကိုယ်ပေါ်ကအဝတ်စားတွေကိုကြည့်ပြီးသင့်ကို သဘောကျတဲ့သူလှလိုက်တာလို့ပြောတဲ့သူများရင်များမယ် ဒါပင်မဲ့သင့်ကိုလှတပတအဝတ်တစ်စုံကိုဝယ်ပေးမဲ့သူကရှားပါတယ်။ ပြောချင်တာကမေတ္တာဆိုတာ အပြောလေးနဲ့တင်ပြီးသွားတဲ့အရာမျိုးတွေထက်ပိုပြီးလေးနက်ပါတယ်။ မေတ္တာထားပြီးပြောတဲ့အရာတွေဆက်ဆံတဲ့အရာတွေက စေတနာဇော်ကြောင့်တစ်ခါတစ်လေချိုချင်မှချိုမယ် ဒါပင်မဲ့သင့်အတွက်အနှစ်တွေကြီးပါပဲ။ အပြောလေးကောင်းပြီးသင့်အပေါ်သစ္စာမရှိဖောက်ပြားတဲ့သူတွေနဲ့သင်ပတ်သတ်မိပြီးစိတ်တွေလေးလံကာပင်ပန်းလာပြီဆိုရင်မေတ္တာတရားရဲ့တန်ဖိုးကိုသင်နားလည်လာပါလိမ့်မယ်။ ဒီအချိန်ကျမှသင့်အပေါ်မေတ္တာထားခဲ့သူရဲ့တန်ဖိုးကိုသင်နားလည်လာပါလိမ့်မယ်…သစ္စာမရှိတဲ့သူတွေနဲ့ဝေးကွာပြီးမေတ္တာစစ်ရဲ့တန်ဖိုးကိုနားလည်နိုင်ကြပါစေလို့ဆုတောင်းရင်း…

23 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.