တင်ပါးကြီးတဲ့အမျိုးသမီးတွေဟာ ဥာဏ်ပိုကောင်းသလို ကျန်းမာရေးလည်းပိုကောင်းသတဲ့ 😮
Oxford တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ တင်ပါးကြီးတဲ့အမျိုးသမီးတွေဟာ နာတာရှည်ရောဂါတွေဖြစ်ပွားတာနည်းသလို သာမန်၊သာမန်ထက်သေးတဲ့တင်ပါးပိုင်ရှင်အမျိုးသမီးတွေထက် ဥာဏ်လည်းပိုကောင်းတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်တဲ့။
Unicode
Oxford တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ တင်ပါးကြီးတဲ့အမျိုးသမီးတွေဟာ နာတာရှည်ရောဂါတွေဖြစ်ပွားတာနည်းသလို သာမန်၊သာမန်ထက်သေးတဲ့တင်ပါးပိုင်ရှင်အမျိုးသမီးတွေထက် ဉာဏ်လည်းပိုကောင်းတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်တဲ့။
တင်ပါးကြီးတဲ့အမျိုးသမီးတွေမှာ သကြားဓာတ်ကို မြန်မြန်ချေဖျက်ပေးနိုင်တဲ့ဟော်မုန်းထုတ်လုပ်မှုများပြီး ကိုလက်စထရောဓာတ်ကိုလျှော့ချပေးနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင် ဦးနှောက်လုပ်ဆောင်မှုတိုးတက်စေတဲ့ Omega 3 fatty acids ရှိနေတဲ့အတွက်ကြောင့်လို့သိရပါတယ်။ပြီးတော့
ဆီးချိုရောဂါ၊နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါဖြစ်ပွားတာတွေ နည်းပါးပါတယ်။
Professor Konstantinos Manolopoulos နဲ့ Dr. Michael Jensen တို့ရဲ့ပြောကြားချက်အရ ပုလဲသီးပုံစံခန္ဓာကိုယ်ရှိတဲ့ လူတွေကိုကြည့်လိုက်ပါ။သူတို့က အမြဲကျန်းမာနေကြပါတယ်။ဘာလို့လဲဆိုတော့ တင်ပါးမှာ ကိုလက်စထရောနဲ့ဂလူးကိုစ့်လျော့နည်းအောင်ချေဖျက်ပေးနိုင်တဲ့အဆီတွေရှိနေတဲ့အတွက်ကြောင့်ပါတဲ့။ဒါက နှလုံးနဲ့ပတ်သက်တာတွေဖြစ်ပွားမှုလျော့နည်းသလိုဆီးချိုလည်းဖြစ်ပွားမှုနည်းပါတယ်။အဆီဆိုတာကျန်းမာရေးအတွက်မကောင်းတဲ့အဆီရှိသလို ကျန်းမာရေးအတွက်လိုအပ်တဲ့အဆီတွေလည်းရှိနေတာပါလို့သိရပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့လေ့လာချက်အရလည်း ခါးသေးပြီးတင်ပါးကြီးတဲ့အမျိုးသမီးတွေဟာ အသက်လည်းပိုရှည်ကြတယ်လို့တွေ့ရှိခဲ့ရပါသေးတယ်။ဒါပေမဲ့ဒါက သဘာဝအတိုင်းတင်ပါးကြီးတဲ့အမျိုးသမီးတွေအတွက်ပါ။ခွဲစိတ်ပြုပြင်ထားတဲ့အမျိုးသမီးတွေအတွက်တော့ ဒီလိုအကျိုးကျေးဇူးတွေမရှိနိုင်ပါဘူး။ကလေးတွေဆိုရင်လည်း တင်ပါးအရွယ်အစားကြီးတဲ့ကလေးတွေက တစ်ခြားကလေးတွေထက် ပိုပြီးဉာဏ်ရည်မြင့်မားတာတွေ့ရှိခဲ့ရပါတယ်။
123 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.