New Year ည ဘယ်မှာသွားဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ရွှေမှုန်ရတီ

1234254_158002541070269_1846154585_n.jpg

ပျိုးခင်းမယ် ၃ယောက်ထဲမှာ အလန်းဆုံး အကဲဆုံး ဇာတ်ကားအရိုက်ရဆုံး  နာမည်အထွက်ဆုံး အငယ်ဆုံး စတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူကတော့ ရွှေမှုန်ရတီပါ။ ဒီလို ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတဲ့ သူမနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီးတော့ ပြောဖြစ်တာလေးတွေကတော့ ‘အကယ်ဒမီကတော့ သွားအားပေးမှာပါ။ အားလုံးကိုရစေချင်ပါတယ်။ ပိုးထည်က ယွန်းရွှေရည်၊ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ အရောင်ကတော့ မသေချာသေးဘူး။ အကယ်ဒမီပေးပွဲက ဒီနှစ်ဆို ၂ နှစ်မြောက်ပေါ့။ အကယ်ဒမီပေးပွဲတက်ရတာ ပျော်လဲပျော်တယ်။ အတွေ့အကြုံကတော့ သိပ်မရှိပါဘူး။ ရတဲ့သူတွေကို ကြည့်ပြီးသူတို့နဲ့ လိုက်ပျော်တယ်’တဲ့။

သူမဖြတ်သန်းမဲ့ Happy New Year  နဲ့ ၂၀၁၄ခုနှစ်အတွက် ခုကတည်းက ချထားတဲ့ အစီအစဉ်တွေကိုလည်း သူမက ‘New Year ကအိမ်မှာပဲရှိမှာပါ။ အပြင်ထွက်ရတာလဲ သိပ်မကြိုက်တော့လေ။ အိမ်မှာပဲမိသားစုနဲ့ဖြတ်သန်းဖြစ်မယ။် ၂၀၁၄ မှာတော့ ၁၀ တန်းစာမေးပွဲဖြေမယ။် ကားတွေရိုက်မယ်။ ၁၀တန်း အောင်စရင်းစောင့်မယ်’လို့ပြောပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.