လူပေါင်းမှားမိပြီး လျှောက်နေတဲ့လမ်း မပျောက်ဆုံးသွားစေဖို့…

ကိုယ့်အတွက် မမှန်ကန်တဲ့လူ (သို့) မကိုက်ညီတဲ့လူမျိုးကို ဘဝထဲဝင်လာဖို့ တံခါးဖွင့်ပေးမိတဲ့အခါ ပြန်နှင်လွှတ်ရခက်ပါတယ်။ သူငယ်ချင်းတွေ အရမ်းခင်ပါတယ်ဆိုတာ မကောင်းတာလည်း ဆွယ်ရသလို ၊ ကောင်းတာလုပ်ဖို့လည်း ဆွယ်ရမှာပါ။ သူဟာ ပျော်ဖို့ပါးဖို့က လွဲရင် ဘဝမှာ တိုးတက်
ရာ တိုးတက်ကြောင်းလုပ်ဖို့ စိတ်ကူးတောင်မရှိဘူးဆိုရင် မင်းလည်း သူနဲ့အတူ အရည်ချင်းကောင်းတွေ ဆုံးရှုံးရလိမ့်မယ်။ လူဆိုတာ အပေါင်းသင်းမှားသွားရင် သွားနေတဲ့ လမ်းကြောင်းကနေ ပြန်လှည့်လာဖို့ တော်တော်ပြောရဆိုရခက်ပါတယ်။

Image result for toxic friends

မင်းဘဝအတွက် အဆိပ်တောက်ဖြစ်စေတဲ့ လူတွေဟာ ဒရာမာအရမ်းချိုးပါတယ်။ သူတို့ကြည့်လိုက်ရင် မရိုးနိုင်သော ပြဿနာတွေ ၊ မပြီးဆုံးနိုင်သော မယုံနိုင်စရာအဖြစ်ပျက်တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒီတော့.. ဘာဖြစ်လဲ ။ သူတို့မှာ ပြောမကုန်နိုင်တဲ့ အကြောင်းရာတွေရှိတော့ လေအရမ်းပေါလာတယ်။ သူတို့ရဲ့အကျိုးမရှိတဲ့ အဖြစ်ပျက်တွေကို မင်း အချိန်ကုန်ခံနားထောင်ပေးရမယ်။ မင်းရဲ့အကြောင်းကို သူဘယ်လောက်အချိန်ပေးပြီး နားထောင်ပေးဖူးလဲ? စကားပြောတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံတွေ ဝေမျှပြောဆိုမှ အပေးယူတည့်တဲ့ စကားဝိုင်းတစ်ခုဖြစ်တာပါ။ အဲ့လိုမဟုတ်ပဲ မင်းကပဲ နားထောင်သူ သက်သက်ဖြစ်နေတယ်ဆိုမဟုတ်သေးဘူး။

Related image

မင်းဖြစ်ချင်တာ တစ်ခုခုပြောလိုက်ရင် သူတို့ဟာ ဘယ်တော့မှ အားမပေးတတ်ပါဘူး။ ကြုံတွေရမယ့် အခက်ခဲတွေနဲ့ မင်းကြောက်အောင်ဖြဲခြောက်ပြပြီး ခြေလှမ်းတွေ တွန့်ဆုတ်အောင် ဆွဲကုပ်ထားတတ်တယ်။ လုပ်ငန်းတစ်ခုမှာ အဆင်မပြေမှု ၊ အခက်ခဲတွေဆိုတာ ရှိစမြဲပါ။ ဒါတွေကို ကြောက်နေရင် အောင်မြင်တဲ့သူဆိုတာလည်း ပေါ်ထွက်လာမှာမဟုတ်ဘူးလေ။ သူတို့ဟာ မင်းအောင်မြင်မှာကို စိုးရိမ်သလို မသိမသာလည်း လိုက်ယှဉ်နေတတ်ပါတယ်။ အမှန်က သူ့ထက် မင်းသာသွားမှာကို သိပ်ကြောက်တာပါ။ မနာလိုစိတ်ကို ဟန်ဆောင် ဖုံးကွယ်ထားကြတယ်။

Image result for toxic friends

လူ့စိတ် ဆိုတာ ဆန်းကြယ်ပါတယ်။အရှေ့မှာ ကောင်းပေမယ့် စိတ်ထဲအကျင့်ပုတ်နေတာတွေ အများကြီးပါ။ ကိုယ်မသိနိုင်တဲ့ အမှောင်ဘက်ခြမ်းဆိုတာ လူတိုင်းမှာရှိတယ်လေ။ ဒါပေမယ့် တကယ်ပေါင်းသင်းလို့ ကောင်းတဲ့ ရိုးရှင်းသူတွေဆိုတာလည်း ရှိပါတယ်။ သူတိုနဲ့ မင်းရှိနေရင် သက်တောင့်သက်သာရှိတယ်။ လွတ်လပ်သလို ခံစားရမယ်။ ပြောချင်တာပြော ၊ ရင်ဖွင့်ချင်တာ ဖွင့်လို့ရမယ်။ ဒုက္ခရောက်မှ မင်းဆီပြေးလာတာမျိုးမဟုတ်ပဲ အချိန်မရွေး မင်းအတွက်ရှိနေတာမျိုးပေါ့။

421 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.