သွားချေးကျောက်တွေကို သဘာဝနည်းတိုင်း ဒီလိုဖယ်ရှားကြမယ် 👌

သွားချေးကျောက်တွေကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဖြစ်နေလား ? သွားတွေဝါနေလို့ ရယ်လိုက်တိုင်း ပါးစပ်တောင် သိပ်မဟရဲတော့ဘူးလား ။ သွားချေးကျောက်တွေကို အချိန်ကြာတဲ့အထိထားပြီး မဖယ်ရှားပေးဘူးဆိုရင် ပါးစပ်အနံ့သက်ဆိုးတွေဖြစ်စေပြီး သွားကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အသက်ကြီးမှ သွားတွေ အကုန်ကျိုးပြီး စားချင်တာ မစားရတဲ့ဘဝ မရောက်ရလေအောင် အခုတည်းက သွားကျန်းမာရေးကို ဂရုစိုက်ကြပါ။😉

ဒါကြောင့် သွားကျန်းမာရေးအတွက် လိုအပ်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်

သွားပုံမှန်တိုက်


ထမင်းစားပြီးတိုင်း သွားပုံမှန်မတိုက်ပေးနိုင်ရင်တောင် တစ်နေ့ကို မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် အချိန်ပေးပြီး သေချာသွားတိုက်ပေးဖို့ လိုပါတယ်။ သင့်ရဲ့သွားတိုက်တံက နူးညံ့ပြီး သွားထောင့်တွေထိ သေချာပွတ်တိုက်ပေးနိုင်ဖို့ လိုပါတယ်။ သွားဖုံးနားတွေဆို ၄၅ဒီဂရီစောင်းပြီး သွားတိုက်ပါ။

တစ်ချို့ အစာလေးတွေက သွားကြားထဲမှာ ညှပ်နေတဲ့အခါ သွားတိုက်တံနဲ့ ထုတ်ရခက်ပါတယ်။ သွားကြားပွတ်ကြိုးလေးတွေ ဆောင်ထားပါ။ ခဏခဏတော့ သူ့ကိုမသုံးပါနဲ့။ သွားကျဲသွားမှာ စိုးရပါတယ်။ အစာတွေညှပ်နေသလို ခံစားရမှ သုံးပေးပါ။

ဖလူအိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေး


ဒီလို သွားတိုက်ဆေးတွေဟာ သွားကျန်းမာရေးအတွက် အထောက်ကူဖြစ်စေပါတယ်။ သွားတွေကို
သန်မာကြံခိုင်စေပြီး အစာစားတွေ ၊ ဖျော်ရည်တွေသောက်ပြီးတဲ့အခါမှာလည်း သွားမှာ ပေကပ်မကျန်ခဲ့အောင် သေချာဖယ်ရှားပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါနဲ့ သွားတိုက်ပေးရင်လည်း သွားရဲ့အပေါ်ယံမျက်နှာပြင်ကို ဖြုဖွေးစေပါတယ်။ ဆော်ဒါမှုန့်နဲ့ ဆားကို အနည်းငယ်ရောပြီး သွားတိုက်ပေးပါ။ သွားချေးတွေကိုလည်း ပျောက်ကင်းစေပါတယ်။

ရှားစောင်းနဲ့ အလှဆီ

မုန့်ဖုတ်ဆော်ဒါ ၊ ရှားစောင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း ၊ lemon essential oil ၁ဝစက်နဲ့ အလှဆီ ၄ဇွန်းတို့ကိုရောစပ်ပြီး သင့်ရဲ့မျက်နှာအသားရေ ပေါင်းတင်သလို ၊ သွားတွေကိုလည်း ပေါင်းတင်ပေးပါ။ ဒီနည်းအတိုင်း နေ့တိုင်း သွားတိုက်ပေးမယ်ဆို သွားချေးတွေ အကုန်ရှင်းလင်းသွားပါလိမ့်မယ်။

အသီး အရွက်များများစား


အသီးထဲမှာ ပန်းသီး ၊ သခွားမွှေးသီး ၊ မုန်လာဥနီတို့ကို များများစားပေးပါ။ ဒီအသီးတွေက သွားကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ထမင်းစားပြီး တစ်နာရီကြာရင် ဒီလိုအသီးတွေစားပေးခြင်းက သင့်သွားတွေကို သဘာဝတိုင်းသန့်ရှင်းစေပါတယ်။ ခံတွင်းရှင်းစေရုံသာမက သွားချေးကျောက်တွေကိုလည်းသန့်ရှင်းစေပါတယ်။

4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.